ဒီလိုငွေပေးတာလက်ခံပြီး ခုတ်ပေးရမယ့် လောကကနေ2015 လောက်ထဲက နားခဲ့လိုက်တယ်….
ဒီလိုအရှုပ် အရှင်းတွေကြား တချိန်မိသားစုကို ထိခိုက်လာမှာဆိုးလို့ဒီအလုပ်ကို စွန့်လွှတ်ခဲ့တယ်…..
ဘဝကို ရိုးရိုးအေးအေးပဲ ဖြတ်သန်းဖို့ စိတ်ကူးခဲ့မိတယ်….
ဒီကြားထဲ ဘယ်လိုအလုပ်မျိုးပဲလာအပ်အပ် အကုန်လက်မခံပဲ မောင်းထုတ်ခဲ့လိုက်တယ်….
အခုအလုပ် …
ကိုယ့် အိမ်ရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်…..
အင်းစိန်ဘက်မှာ ခုတ်ပေးရမယ်တဲ့ကျနော် ဒါမျိုးတွေ မလုပ်တော့ဘူးလို့ ပြောတာတောင်မရဘူး အတင်းတောင်းတောင်းပန်ပန်နဲ့….
‘ ကျနော်တို့ နည်းပေါင်းစုံနဲ့ ဖြေရှင်းခဲ့ပါတယ်…နောက်ဆုံး အစ်ကိုပဲ ရှင်းပေးနိုင်တယ်ဆိုပီး ..လမ်းညွှန်ခဲ့ကျလို့လာခဲ့ရတာပါ….’
တမျိုးတော့ မထင်ပါနဲ့ ဒါအလုပ်သဘောအရစာရံသဘောပါ ပညာကြေးသက်သက်ပေးမှာပါကျနော်ပြသာနာလေးကို ရှင်းပေးပါနော်တဲ့…
ကျနော်တို့ အနေနဲ့ ဘယ်လိုမှ ရှင်းမရသလို အာ့ဘက် အပိုင်းက ရှုပ်ထွေးမှူလေးတွေ ရှိလို့ပါတဲ့….
ဆိုးတာက ကိုယ်ကလဲ လက်ရည် မသွေးဖြစ်တာကြာပီ …
သွေးပူလေ့ကျင့်ခန်းလေး ပြန်လုပ်မလားဆိုပီး ဒီအလုပ်ကို လပ်ခံလိုက်တယ်…
အသက်ရွယ်က ရလာတော့ အရင်လို လုပ်ချင်တိုင်းလုပ်မရတော့လို့ ပိုင်ရာဆိုင်ရာလေးတွေဆီ သတင်းပို့လိုက်တယ်…
ကိုယ်ကအလုပ် လက်ခံလိုက်ပီဆိုမှတော့ သူ့တွက် ဆူးခလုတ်ကို ကိုယ်က ရှင်းပေးရတော့မှာပေါ့….
မြို့ပြင် ဘက်က ခြံကြီးလေ …
ကိုင်းတောတွေ ရှင်းမလို့တဲ့ အားနေ လာကူ ရှင်းပေးကျအူး ကျုပ်တော့ ခုစရှင်းပီ
Credit to original writer