ခုတစ်လော လူမှုကွန်ယက်မှာ လူကြိုက်များနေတဲ့ အသံတုပိုင်ရှင် ညီငယ်လေး ညီလွင် အကြောင်း တင်ဆက်ပေးချင်ပါတယ်
ဒီလူငယ်လေးဟာ Myanmar idol အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်ရဲ့ အသံနှင့် မြန်မာပြည် ဦးသိန်းတန်ရဲ့ အသံတို့ကို ပိုင်ပိုင်နိုင်နိုင်လုပ်ပြနိုင်တာကြောင့် လူတွေ ပိုသိလာတာဖြစ်ပါတယ်
သူဟာ သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး အသံတုနဲ့ စ နောက်တတ်သူလည်းဖြစ်ပါတယ်
သူရဲ့ အသံတုနဲ့ သူငယ်ချင်းတွေကို လိုက်စထားတဲ့ ရုပ်သံလေးတွေကို ကြည့်ရတာဟာ အရမ်းရယ်ရသလို ပျော်စရာလည်းကောင်းပါတယ်
ပရိတ်သတ်ကြီးလည်း သူ့ရဲ့ အသံတုသရုပ်ဆောင်ချက်လေးတွေကို ကြည့်ပြီး ပျော်ရအောင် တင်ပြပေးလိုက်ပါတယ်
ရုပ်သံတွေ တစ်ခုပြီး တစ်ခုကြည့်ပြီးရင် သင် သဘောကျသွားမှာပါ
ရုပ်သံကြည့်ရန် (၁)(ဒါက သူ့အမေကို အသံတုနဲ့ ဂျင်းထည့်တာတဲ့)
ရုပ်သံကြည့်ရန် (၂)(ဒါက သူငယ်ချင်းကို အသံတုနဲ့ ဂျင်းထည့်တာတဲ့)
ရုပ်သံကြည့်ရန် (၃) ဒါက ကျော်ထက်အောင် နဲ့ ဦးသိန်းတန်
ရုပ်သံကြည့်ရန် (၄) ဒါက လူသိများလာပြီး ပတ္တများ FM က သူ့ကို အင်တာဗျူးထားတာလေးပါ
ပရတ်သတ်ကြီးအနေနဲ့ Nyi Lwin ရဲ့ အသံတုသရုပ်ဆောင်ချက်လေးတွေကို သဘောကျတယ်ဆိုရင် သူ့ရဲ့ အကောင့်မှာ သွားပြီး အားပေးလိုက်ကြပါဦးနော်
Source : Nyi Lwin FB, Padamyarfm Broadcasting
စွယ်စုံသုတ