28.12.2020
ဝေးကွာနေတဲ့ဇနီးသည် ပြန်မလာလို့ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သေတမ်းစာမှာ ရေးခဲ့တဲ့ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်လေးတစ်ခု
နွားထိုးကြီးမြို့နယ် ကဒေါင်းအုပ်စု ငှက်ပျောအိုင်ကျေးရွာ လူတစ်ယောက် ကြိုးဆွဲချ သေဆုံးနေကြောင်း သတင်းရသဖြင့် မြို့မရဲစခန်းမှ မေတ္တာမွန်အသင်းသို့ အကူညီတောင်းခံလာရာ မေတ္တာမွန် အဖွဲ့ဝင်များက ငှက်ပျောအိုင်ကျေးရွာသို့သွားရောက်သယ်ဆောင်ပြီး နွားထိုးကြီးဆေးရုံ (ရင်ခွဲရုံ)သို့ပို့ဆောင်ထားပါတယ်။
သေဆုံးသူမှာ ကိုအောင်ကျော်ကျော် (၂၂)နှစ် ဖြစ်ပြီး ဧရာဝတီတိုင်းမှာရောက်နေတဲ့ သူ၏ဇနီးသည်နဲ့ (၁)နှစ်သားအရွယ် သားငယ်လေးဆီသို့ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုရာ မကိုင်သဖြင့် ယခုလို ပြုလုပ်ရခြင်းဖြစ်ကြောင်းသူမသေခင် သေတမ်းစာရေးသွားတယ်လို့သူ့ဖခင် ဦးသိန်းရွှေက ပြောပြခဲ့ပါတယ်။
သေဆုံးနေတာကတော့ ဒီနေ့မနက် ၅နာရီ အချိန် သူ့အစ်မဖြစ်သူက နှိုးဖို့ကြည့်လိုက်တဲ့အခါ ကြိုးဆွဲချသေဆုံးနေကြောင်း သိရှိခဲ့ရပါတယ်။
ရင်ခွဲရုံမှ စစ်ဆေးပြီးရင်တော့ သူနေထိုင်ရာ ငှက်ပျောအိုင်ကျေးရွာလေးဆီသို့ မေတ္တာမွန်အဖွဲ့သားများက သွားရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။
ကိုအောင်ကျော်ကျော် ကောင်းရာသုဂတိရောက်ပါစေ။
#ဦးစိုးမြင့်(မိတ်ဆွေစစ်)
#မေတ္တာမွန်လူမှု့ကူညီရေးအသင်း