News

တောင်ငူမြို့နယ်အတွင်းမှ ရဲတပ်ဖွဲဝင်များအားဂျင်းပြုတ်ရေတိုက်

တောင်ငူ ဒီဇင်ဘာ ၂၇ ။

ဖြူးမြို့မ ရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်နှင့်အချုပ်သားတစ်ချို့တွင်ပိုးကူးစက်ခံထားရသည်ကိုတွေ့ရှိပြီးနောက် ကိုဗစ်ကာကွယ်ရန်အတွက်ဟုဆိုကာ တောင်ငူမြို့နယ်အတွင်းရှိရဲတပ်ဖွဲဝင်များကို ယမန်နေ့မှစတင်ပြီး ဂျင်းပြုတ်ရေများစတင်တိုက်ကျွေးနေသည်။

တောင်ငူမြို့နယ်အတွင်း ရဲစခန်းများတွင်လည်း ပိုးသတ်ဆေးဖြန်းခြင်း ၊ ရဲတပ်ဖွဲ့ဝင်များ ၊ တပ်ဖွဲ့ဝင်မိသားစုများ အား ဂျင်းပြုတ်ရေ တိုက်ကျွေးခြင်းများကိုယမန်နေ့ကစတင်တယ်ဟု တောင်ငူမြို့နယ်ရဲတပ်ဖွဲရုံးမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့ က ဖြူး မြို့မရဲစခန်း မှ ကျားအချုပ်ခန်းမှ အချုပ်သား ၆၉ ဦးအား RDT ဖြစ်စစ်ဆေးရာ ၁၂ ဦးတွင်ပိုးကူးစက်ခံထားရသည်ကိုစစ်ဆေးတွေ့ရှိခဲ့ပြီးဒီဇင်ဘာ ၂၆ ရက်နေတွင် အချုပ်သား ၁၇ ဦး ရဲဝန်ထမ်း ၄ ဦး တွင်ပိုးကူးစက်ခံထားရသည်ကိုထပ်မံတွေ့ရှိသည်။

ပိုးကူးစက်ခံထားရသည့် ကျားအချုပ်ခန်းမှအချုပ်သားများကို မ အချုပ်ခန်းသို့ပြောင်းရွေ့၍ကျန်းမာ‌ရေး‌ စောင့် ရှောက် မှုပေးသွားမည်ဖြစ်ပြီး မ အချုပ်ခန်းမှအချုပ်သားများအား ဇေယျဝတီအချုပ်သို့ယာယီပြောင်းရွေ့ထားမည်ဟု Bagoweekly သတင်းအရင်းအမြစ်ထံမှသိရသည်။

အချုပ်တရားခံများ၏ ကျန်းမာရေးအတွက် ကျန်းမာရေးဌာနနှင့်ပူးပေါင်းပြီး အချုပ်ခန်းအားတစ်ပတ်လျှင် ၂ ကြိမ် ပိုးသတ်ဆေးဖြန်းခြင်း ဂျင်းပြုတ်ရေးတိုက်‌ကျွေးခြင်းများ Mask များလဲပေးခြင်း ရုံးထုတ်သွားစဉ် PPE ဝတ်စုံများဝတ်ဆင်စေပြီး ရုံးထုတ်ပြန်လာတိုင်း ဆပ်ပြာဖြင့်လက်ဆေးပြီးမှ အချုပ်ခန်းအတွင်းသို့ဝင်ရောက် စေခြင်းများဆက်လက်ဆောင်ရွက်သွားရန်စီစဉ်ထားသည်ဟုသိရှိရသည်။

နေလင်းအောင်(တောင်ငူ) #ဂျင်းပြုတ်ရည်ကာကွယ်ကိုဗစ်

Bagoweeklyjournal

တောင်ငူမြို့ ၊ အမှတ် ( ၂ ) နယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်များ ၊ မိသားစုဝင်များအား Covid – 19 ကူးစက်ရောဂါ ကာကွယ်နိုင်ရန် ဂျင်းပြုတ်ရေ တိုက်ကျွေးနေစဉ်