News

မိဘများနှင့်အဆက်အသွယ်ပြတ်နေ၍ ကူညီShareပေးပါဗျာ

မြင်းခြံမြို့အမှတ်(၁၈)ရပ်ကွက်မှဖြစ်ပြီး မိဘများနှင့်အဆက်အသွယ်ပြတ်နေ၍ ကူညီShareပေးပါရန်

မြင်းခြံ ဒီဇင်ဘာ ၂၈

အောက်ဖော်ပြပါ အမျိုးသမီးသည် မြင်းခြံမြို့ အမှတ်(၁၈)ရပ်ကွက် နယ်မြေ(၈) အပိုင်း(၄)နေ (ဘ)ဦးကျော်စိန်သန်း(ခ)ဦးကျော်ကျော်(မိ)ဒေါ်ခင်ဝင်းတို့၏သမီး မမြိုင်မြိုင်ဦးဖြစ်ကာ မြင်းခြံမြို့မှ ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် လွန်ခဲ့သော(၈)နှစ်ခန့်မှ ထွက်ခွာသွားခဲ့ကာ ထိုင်းနိုင်ငံသို့ရောက်ရှိပြီး (၃)နှစ်ခန့်အထိ အဆက်အသွယ်ရပြီးနောက်

ယနေ့အချိန်အထိ မိဘများနှင့် အဆက်အသွယ် မရရှိတော့ကြောင်းသိရှိရကာ မိဘများမှာလည်း စိုးရိမ်ပူပန်နေသောကြောင့် ဤPostလေးအား ကျေးဇူးပြု၍ ဝိုင်းဝန်းShareပေးပါရန်နှင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မိတ်ဆွေများအနေဖြင့် သိရှိတွေ့ မြင်ပါက ( 09 5073196) သို့ ဆက်သွယ် အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအကူအညီတောင်းအပ်ပါသည်။

(ကာယကံရှင်၏ အကူအညီတောင်းခံချက်အရ တင်ပေးရခြင်းဖြစ်ပါသည်။)

ဇော်မင်းအောင်(မြင်းခြံ)