ဗဟုသုတ

ဘုန်းကြီးကျောင်းခွေး

ဘုန်းကြီးကျောင်းက ခွေးတွေက တခြားနေရာက ခွေးတွေထက် ပိုပြီးကံထူးကြတယ်

၁။ အစားစာအတွက်မပူရဘူး ရှာစရာ မလိုဘူး အချိန်တန်ရင် ကျောင်းရှိတဲ့ ကိုရင် ဦးဇင်းတွေက သေသေချာချာ သန့်သန့်ရှင်းရှင်း ကျွေးကြတယ်

ခွေးတွေကနိုင်ငံခြား မျိုးတော့ မဟုတ်ဘူး ဒေသ မျိုးတွေပဲ အများအားဖြင့် ဒေသ မျိုး ခွေးတွေက သေသေချာချာ ကျွေးတာ မခံကြရဘူး

၂။ တရားသံကို နာယူခြင်း

ခွေးတွေက စာပေ ရုပ်နာမ် တော့ သူတို့ မသိရှာပါ ဘူးသို့သော် သံဃာတွေ စာကျက်ဖို့ အချက်ပေး ခေါက်ရင် သူတို့ပါ လာတယ်ကျောင်းထဲ သံဃာတွေ စာသံကို နားထောင် လား မထောင်လားတော့ မသိဘူးစာကျက်တဲ့ ကျောင်းဆောင် လှေခါး ခုံ မှာ လာအိပ်ကြတယ်တရက်မဟုတ် တရက်တော့ စာသံကို နားစွန့်မိမှာပဲဘုရားပွင့်မှ သာကြားရတဲ့ ဓမ္မ အသံကို သူတို့ကြားခွင့်ရပြီး သဘောကျ တယ်

နှစ်သက်တယ်ဆိုရင် အသိညဏ်မရှိပေမဲ့ ကောင်းရာသုဂတိရောက်နိုင်တယ်ဘုရားရှင် အသံကို ကြားပြီး နတ်သားဖြစ်တဲ့ မဏ္ဍုကဂတိက နတ်သားလေးလို နတ်သားဖြစ်နိုင်တယ်

၃။ ရဟန်းသံဃာတွေကို ချစ်ခင်ခြင်း

ခွေးလေးတွေဟာ သူတို့ကို အစာကျွေးတဲ့ ရဟန်းကိုရင် တွေကို သူတို့ သခင်လို့ မှတ်ယူပြီး ချသ်ခင်ကြပါတယ်ရဟန်းကိုရင်တွေကို ချစ်တဲ့ စိတ်ကြောင့် ကောင်းရာသုဂတိ ရောက်နိုင်တယ်

ရဟန်းကိုရင် မြင်ရင် အပြစ်တင်ဖို့ စောနေတဲ့ လူတွေထက် ခွေးလေးတွေက သာလွန်တယ်ပြောရမယ်ပစ္စေက ဗုဒ္ဓတပါးကို ချင်ပြီး ဆွမ်းခံ လမ်းပြပေး ဟောင်ပေးလို့နတ်သားဖြစ်ရတဲ့ဃောသက နတ်သားလိုကျောင်းခွေးတွေက လည်း နတ်ပြည်ရောက်နိုင်တယ်

၄။သင်္ကန်းရောင်ကို မြတ်နိုးခြင်း

ကျောင်းမှာ ကိုရင် ဦးဇင်းများတော့ သူတို့သခင်ကို အတိကျ မှတ်ဖို့ ခဲယဉ်းပါတယ်ခွေးလေးတွေဟာ သင်္ကန်းရောင်ပဲ မှတိထားကြတယ် သင်္ကန်းဝတ်ထားရင် မဟောင်တော့ဘူး သင်္ကန်းရောင်ကို သခင်အဖြစ်မှတ်ယူ ပြီး မကိုက်ကြဘူး မဟောင်ကြဘူးမြတ်နိုး ချစ်ခင်ကြတယ်

ဒါလည်း ကောင်းတဲ့ ဘဝ ရောက်နိုင်တယ်ခွေး လေးတွေ အစာကျွေးတာ မြင်ပြီး တွေးမိသမျှ ဒဿန လေးပါ 😍😍😍😍

#CREDIT, ဆရာတော် ဦးသီဟဗလာလင်္ကာရ 🙏🙏🙏..