ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရွာငံဒေသကို ခရီးသွားမြို့အဖြစ်ဖော်ဆောင်ကာ မြန်မာ သာမက ကမ္ဘာ့အလယ်တွင်ထင်ရှားပေါ် လွင်လာစေရန်လုပ်ဆောင်နေကြောင်း ရွာငံဒေသတိုးတက်ဖွံဖြိုးရေးလုပ်ကိုင်နေသူ ကိုထွန်းထွန်းဝင်းက ပြည်မြန်မာသတင်း ဂျာနယ်သို့ ပြောသည်။
လက်ရှိတွင် ရွာငံဒေသကို ခရီးသွား လုပ်ငန်းဖွံဖြိုးတိုးတက်ရေးနှင့်ဒေသထွက် ကုန်များ တန်ဖိုးမြင့်ဈေးကွက်ဖြစ်ပေါ်လာ ရေး၊ ဒေသ၏ရိုးရာယဉ်ကျေးမှုဓလေ့များထိန်းသိမ်းစောင့်ရှောက်ရေးနှင့်အတူ ရေရှည်တည်တံခိုင်မြဲသည့်
သဘာဝအ ခြေခံစီးပွားရေးလုပ်ငန်းများကို ခရီးသွား လုပ်ငန်းများအဖြစ် ဝင်ငွေပိုမိုရရှိလာစေ ရန်အတွက် ခရီးသွားမြို့အဖြစ် မြန်မာသာ မက ကမ္ဘာ့အလယ်တွင်ထင်ရှားပေါ်လွင် လာစေရေး သက်ဆိုင်ရာတာဝန်ရှိသူများ က ရည်ရွယ်လုပ်ဆောင်နေလျက်ရှိ ကြောင်း ကိုထွန်းထွန်းဝင်းကဆိုသည်။
“ခုဆိုရင်ရှမ်းပြည်နယ်အစိုးရခရီး သွားရန်ပုံငွေကချမှတ်ပေးထားတဲ့ အစီအ စဉ်မှာ ရွာငံမြို့ခရီးသွားဖွံဖြိုးတိုးတက်ရေး အဖွဲ့နဲ့အတူ လွှတ်တော်၊ဌာနဆိုင်ရာအ ဖွဲ့အစည်းများနဲ့ ဒေသခံလူထုတွေပူး ပေါင်းပြီး
ရွာငံမြို့နယ် မြစေတီကျေးရွာ အနီးမှာရှိတဲ့ ရှေ့မြင်နောက်မြင်တောင် ထိပ်ခရီးစဉ်ကို တောင်ထိပ်မှာသန့်စင်ခန်း တည်ဆောက်ခြင်းနဲ့တောင်ခြေမှာယာဉ် ရပ်နားရာနေရာနဲ့သန့်စင်ခန်း၊ ဈေးဆိုင် ခန်းတွေတည်ဆောက်ခြင်းအပြင် တောင် ခြေနဲ့ မြစေတီရွာ
ကိုနှစ်မိုင်ခန့်ကို ကျောက် ချောလမ်းအဖြစ် အဆင့်မြင့်လမ်းခင်းခြင်း တွေလုပ်နေပါတယ်” ဟု ရွာငံမြို့နယ်ခရီး သွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ YTO မှ အတွင်းရေးမှူးဦးကျော်သန်းကပြောသည်။
ရွာငံမြို့နယ်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့် ရွာငံမြို့ မြောက်ပိုင်းတွင်ရှိသည့် ပေပေါင်း ၃၀၀ မြင့်သည့် ခလုတ်ချရေတံခွန်စခန်း၊ အ ရှေ့မြောက်ဘက်ထောင့်ရှိ ဆင်နှာဖျား ဆင်လည်ရေဝင်ဂူ၊ ကျောက်မျက်ဝင်းနင်း ဂူ၊ လင်းဝေဂူ၊
နာမည်ကျော်အထင်ကရပြ ဒါးလင်းဂူ၊ ရွာငံအရှေ့ရှိအမြင့်ပေ ၇၇၅၂ ပေရှိအရှေ့မြင်၊ အနောက်မြင်တောင်ထိပ် ခရီးစဉ်၊ တောင်ပိုင်းရှိ ရေဖြူစမ်းရေပြာ အိုင်၊ တောကျဲရေတံခွန်၊ အလယ်ချောင်၈ ထပ်ရေတံခွန်၊မိန်းမြဲတောင်၊ ယူကလစ် တန်း၊ အလွမ်းတောင် view point ၊
မြင်းမူ view point များအပြင် အခြား လည်ပတ်စရာနှင့် ကမ္ဘာ့အဆင့်မီရွာငံဒေ သထွက်ကော်ဖီများကိုလည်း လေ့လာ ခြင်းဖြင့် အလည်အပတ်ခရီးစဉ်များလာ ရောက်နိုင်ရန် ကိုဗစ်အလွန်ခရီးသွားဧည့် သည်များအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
Zawgyi
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဓႏုကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသရွိ ႐ြာငံေဒသကို ခရီးသြားၿမိဳ႕အျဖစ္ေဖာ္ေဆာင္ကာ ျမန္မာ သာမက ကမာၻ႔အလယ္တြင္ထင္ရွားေပၚ လြင္လာေစရန္လုပ္ေဆာင္ေနေၾကာင္း ႐ြာငံေဒသတိုးတက္ဖြံၿဖိဳးေရးလုပ္ကိုင္ေနသူ ကိုထြန္းထြန္းဝင္းက ျပည္ျမန္မာသတင္း ဂ်ာနယ္သို႔ ေျပာသည္။
လက္ရွိတြင္ ႐ြာငံေဒသကို ခရီးသြား လုပ္ငန္းဖြံၿဖိဳးတိုးတက္ေရးႏွင့္ေဒသထြက္ ကုန္မ်ား တန္ဖိုးျမင့္ေဈးကြက္ျဖစ္ေပၚလာ ေရး၊ ေဒသ၏႐ိုးရာယဥ္ေက်းမႈဓေလ့မ်ားထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္အတူ ေရရွည္တည္တံခိုင္ၿမဲသည့္
သဘာဝအ ေျခခံစီးပြားေရးလုပ္ငန္းမ်ားကို ခရီးသြား လုပ္ငန္းမ်ားအျဖစ္ ဝင္ေငြပိုမိုရရွိလာေစ ရန္အတြက္ ခရီးသြားၿမိဳ႕အျဖစ္ ျမန္မာသာ မက ကမာၻ႔အလယ္တြင္ထင္ရွားေပၚလြင္ လာေစေရး သက္ဆိုင္ရာတာဝန္ရွိသူမ်ား က ရည္႐ြယ္လုပ္ေဆာင္ေနလ်က္ရွိ ေၾကာင္း ကိုထြန္းထြန္းဝင္းကဆိုသည္။
“ခုဆိုရင္ရွမ္းျပည္နယ္အစိုးရခရီး သြားရန္ပုံေငြကခ်မွတ္ေပးထားတဲ့ အစီအ စဥ္မွာ ႐ြာငံၿမိဳ႕ခရီးသြားဖြံၿဖိဳးတိုးတက္ေရး အဖြဲ႕နဲ႔အတူ လႊတ္ေတာ္၊ဌာနဆိုင္ရာအ ဖြဲ႕အစည္းမ်ားနဲ႔ ေဒသခံလူထုေတြပူး ေပါင္းၿပီး
႐ြာငံၿမိဳ႕နယ္ ျမေစတီေက်း႐ြာ အနီးမွာရွိတဲ့ ေရွ႕ျမင္ေနာက္ျမင္ေတာင္ ထိပ္ခရီးစဥ္ကို ေတာင္ထိပ္မွာသန႔္စင္ခန္း တည္ေဆာက္ျခင္းနဲ႔ေတာင္ေျခမွာယာဥ္ ရပ္နားရာေနရာနဲ႔သန႔္စင္ခန္း၊ ေဈးဆိုင္ ခန္းေတြတည္ေဆာက္ျခင္းအျပင္ ေတာင္ ေျခနဲ႔ ျမေစတီ႐ြာ
ကိုႏွစ္မိုင္ခန႔္ကို ေက်ာက္ ေခ်ာလမ္းအျဖစ္ အဆင့္ျမင့္လမ္းခင္းျခင္း ေတြလုပ္ေနပါတယ္” ဟု ႐ြာငံၿမိဳ႕နယ္ခရီး သြားလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕ YTO မွ အတြင္းေရးမႉးဦးေက်ာ္သန္းကေျပာသည္။
႐ြာငံၿမိဳ႕နယ္ခရီးသြားလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕အေနျဖင့္ ႐ြာငံၿမိဳ႕ ေျမာက္ပိုင္းတြင္ရွိသည့္ ေပေပါင္း ၃၀၀ ျမင့္သည့္ ခလုတ္ခ်ေရတံခြန္စခန္း၊ အ ေရွ႕ေျမာက္ဘက္ေထာင့္ရွိ ဆင္ႏွာဖ်ား ဆင္လည္ေရဝင္ဂူ၊ ေက်ာက္မ်က္ဝင္းနင္း ဂူ၊ လင္းေဝဂူ၊
နာမည္ေက်ာ္အထင္ကရျပ ဒါးလင္းဂူ၊ ႐ြာငံအေရွ႕ရွိအျမင့္ေပ ၇၇၅၂ ေပရွိအေရွ႕ျမင္၊ အေနာက္ျမင္ေတာင္ထိပ္ ခရီးစဥ္၊ ေတာင္ပိုင္းရွိ ေရျဖဴစမ္းေရျပာ အိုင္၊ ေတာက်ဲေရတံခြန္၊ အလယ္ေခ်ာင္၈ ထပ္ေရတံခြန္၊
မိန္းၿမဲေတာင္၊ ယူကလစ္ တန္း၊ အလြမ္းေတာင္ view point ၊ ျမင္းမူ view point မ်ားအျပင္ အျခား လည္ပတ္စရာႏွင့္ ကမာၻ႔အဆင့္မီ႐ြာငံေဒ သထြက္ေကာ္ဖီမ်ားကိုလည္း ေလ့လာ ျခင္းျဖင့္ အလည္အပတ္ခရီးစဥ္မ်ားလာ ေရာက္ႏိုင္ရန္ ကိုဗစ္အလြန္ခရီးသြားဧည့္ သည္မ်ားအတြက္ လိုအပ္သည္မ်ားကို စီစဥ္ေဆာင္႐ြက္ထားေၾကာင္းသိရသည္။