မဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို ၂၀၁၅ ခုနှစ်မှစ၍ မဇ္ဇိမမနောသုခဖောင်ဒေးရှင်းသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်မြရှင် မှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ခဲ့ရာ ယခုတွင် ၉၀% ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။
ရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော်မှာ(၁၀၈)ပေရှိပြီးပလ္လင်တော်မှာ(၁၅)ပေအမြင့်ရှိပါတယ်။
ရုပ်ပွားတော်မြတ်ကြီးသည်ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၊ပလနကျေးရွာအုပ်စု ပလန-(၂) ကံ့ကော်မြိုင်ကျေးရွာ မဇ္ဇျိမမနောသုခဖောင်ဒေးရှင်းကျောင်း၀င်းအတွင်းတည်ရှိပါတယ်။
ကုန်ကျမှုတန်ဖိုးကျပ်သိန်း(၄၀၀၀၀)ခန့်ဖြင့်တည်ထားကိုးကွယ်ခဲ့သည့် တစ်ဦးတည်းအလှူရှင်ဒကာမကြီး၏ ကုသိုလ်အတွက်လည်းအံ့ဩ၀မ်းသာမဆုံး ပီတိဖြစ်ရလို့လည်းသာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။
ကချင်ပြည်နယ်သူဖြစ်ပေမယ့်မိမိသည်ပင်လျှင် မဖူးမျှော်ရသေးပါ။ဒါ့ကြောင့်…,ဘုရားဖူးဧည့်သည်များဖြင့် ကြက်ပျံမကျ စည်ကားနေပြီဖြစ်သောမဇ္ဇျိမလာဘဗောဓိထိုင်တော်မူရုပ်ပွားတော်ကြီးကိုဓမ္မမိတ်ဆွေများမှလည်းကပ်ရောဂါကာလကြီး လွန်မြောက်သွားခဲ့လျှင်ကချင်ပြည်နယ်သို့ လာရောက်၍ဖူးမျှော်ကြည်ညိုကြပါဦးလို့ဖိတ်ခေါ်လိုက်ပါရစေ။
မသုနန္ဒာထေရီ(ဗန်းမော်)
23.12.2020
Photo credit to original uploader
Credit…