Uncategorized

“အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ ဦးလှဆွေ အဖမ်းမခံခင် ရိုက်ကူးထားတဲ့ အင်တာဗျူးဗီဒီယိုဖိုင် “

ဦးလှဆွေ လာရောက်အဖမ်းခံပြီး အချိန်သိပ်မကြာခင်မှာပဲ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်ဆီကို သူ့ရဲ့အင်တာဗျူးဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့ရောက်ရှိလာခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ကို အဖမ်းမခံခင်မှာ ရိုက်ကူးထားတာဖြစ်ပြီး သူ ဘာကြောင့် အဖမ်းခံဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာကအစ ထည့်သွင်းပြောဆိုထားတာကို တွေ့ရှိရပါတယ်။

ရုပ်သံကြည့်ရန်

ဒီဇင်ဘာ ၂၈ ရက်မနက် ၉ နာရီ ၃၀ မိနစ်တွင် ဒဂုံမြို့နယ်၊ ပဒုမ္မာလမ်းရှိ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့တရားခံပြေးကြေညာထားသော ဘူးလက်လှဆွေသည် လာရောက်အဖမ်းခံကြောင်း သိရသည်။

ဘူးလက်လှဆွေကို အနောက်ပိုင်းခရိုင်တရားရုံးသို့ ပို့ဆောင်ရမန်ယူနေကြောင်း သိရသည်။

ဦးလှဆွေဟာ ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့ လူထုဟောပြောပွဲမှာ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ချက်တွေအပေါ် သွယ်ဝိုက်ပြစ်တင်ရှုတ်ချ ပြောဆိုမှုတွေအတွက် ဦးလှဆွေ ဘူးလက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အစိုးရက တရားစွဲဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ် ။

ကျောက်တံတားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ ဦးလှဆွေ ဘူးလက် ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး သြဂုတ်လ ၇ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဘူးလက် ဦးလှဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က နဲ့ ဖမ်းဝရမ်းထုတ် လိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေခဲ့တာဖြစ်ပါတယ်

ရန်ကုန်မြို့လယ် လူထုဟောပြောပွဲမှာပဲ အစ္စလာမ် ဘာသာအပေါ် ပုတ်ခတ်ဟောပြောဆိုခဲ့တယ် ဆိုပြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေကို သာသနာညိုးနွမ်းစေမှု ပုဒ်မ ၂၉၅(က)နဲ့ အရေးယူပေးဖို့ တရားလို အစ္စလာမ် ဘာသာရေးဆရာ ဦးစန်းအောင်က လည်းသြဂုတ်လ ၇ ရက်နေ့က ကျောက်တံတား တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

Video Credit – myanmar hardtalk