ခိုင်နှင်းဝေတစ်ယောက် ဒီထက်မက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်နိုင်ပြီး အများအကျိုးကိုလည်း သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ လူတကာမလုပ်နိုင်တဲ့ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
ခိုင်နှင်းဝေက သူမကိုယ်တိုင်လည်း ပရဟိအလှူတွေကို လိုက်လံပြုလုပ်နေသလို အလှူရှင်တွေတစ်ယောက်ချင်းစီတိုင်းကိုလည်း လေးလေးစားစား ကျေးဇူးတင်စကားပြောလေ့ရှိတာပဲ ဖြစ်ပါတယ်။
လူမျိုးဘာသာ အသက်အရွယ်မရွေး ရိုသေလေးစားပြီး ပျူပျူငှာငှာဆက်ဆံတတ်တဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း သူမရဲ့ ဂေဟာကို လာသမျှ အလှူရှင်တွေထဲက ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးအကြောင်း ပြောလာပါတယ်။
ခိုင်နှင်းဝေက “ပင်စင်ထုတ်ပြီးတာနဲ့ တန်းလာလှူပေးတဲ့ အသက်(၈၂) နှစ် အဘိုးရဲ့ အလှုလေးပါရှင်။ ကလေးတွေ အပေါ် ချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သာဓု သာဓု သာဓု ပါရှင်🙏🙏🙏” ဆိုပြီး ပင်စင်လစာလေး ထုတ်ထုတ်ချင်း ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းပေးတဲ့ အဖိုးကို သူမကိုယ်တိုင် သေချာလေး ထိုင်ကန်တော့ပြီး အလှူငွေ လက်ခံခဲ့တာကို ပရိသတ်ကြီး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် ခိုင်နှင်းဝေကတော့ ကြီးသူကိုရိုသေသလို ငယ်သူအပေါ်မှာလည်း လေးစားတဲ့ အဆင်းရော အချင်းပါ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။
ခိုင်နှင်းဝေတစ်ယောက် ဒီထက်မက ပရိသတ်တွေရဲ့ အချစ်ကို ပိုင််ဆိုင်နိုင်ပြီး အများအကျိုးကိုလည်း သယ်ပိုးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။
Source: Khine Hnin Wai’s fb
Credit – Cele Connections