News

မကွယ်လွန်သင့်ပဲကွယ်လွန်သွားရရှာတဲ့ထိုင်းရောက်ဇနီးမောင်နှံနှစ်ဦး

ထိုင်းနိုင်ငံဆူလပ်မြို့နယ်ဒူးရမ်းသီးခြံလုပ်သားဇနီးမောင်နှံတို့နှစ်ဦးဈေးသွားဝယ်ပြီးဆိုင်ကယ်နှင့်ပြန်လာရာတွင်ကားတိုက်ခံထိ၍အမှုဖြစ်သောနေရာတွင်နှစ်ယောက်စလုံးသေဆုံးသွားကြောင်းသူဌေးမထံဖုနျးကျမးမွနျးခကျြအရသိရပါသည်

ဖြစ်စဉ်မှာကားမောင်းလာသူထိုင်းအမျိုးသမီးသည်ခင်ပွန်းဖြစ်သူနှင့်ရန်ဖြစ်ပြီးဒေါသကြီးစွာဖြင့်ကားအရှိန်ပြင်းစွာညာဖက်ခြမ်းလမ်းကျော်မှားမောင်းခြင်းကြောင့်ယာဉ်တိုက်မှုဖြစ်ကြောင်းလည်းပြောပြပါသည်။

သေဆုံးသူဇနီးမောင်နှံတို့နှစ်ဦးသည်အလွန်ပင်စိတ်သဘောထားကောင်းကြောင်းနောက်ထပ်ဒီလိုစိတ်ထားကောင်းတဲ့သူမျိုးရှာမတွေ့နိုင်တော့ကြောင်းသူဌေးမမှဝမ်းနည်းစွာငိုကြွေးပြီးပြောပြပါသည်။

သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့သည်ကျနော်တို့အလုပ်သမားအရေးစည်းရုံးရေးသွားဖူးစဉ်ကဒူးရမ်းသီးခြံအတွင်းနေအိမ်တွင်ထမင်းဟင်းကျွေးမွေးဖူးပါသည်ဒူးရမ်းသီးလက်ဆောင်ပေးဖူးကြပါသည်နှစ်ယောက်စလုံးစိတ်ထားကောင်းပြီးအလုပ်သမားအရေးကိုကူညီဆောင်ရွက်တတ်သူလည်းဖြစ်ပါသည်။

အစစအရာရာစိတ်ထားကောင်းလွန်းသောညီငယ်တို့ဇနီးမောင်နှံဖြစ်လေရာဘဝတိုင်းမှာဒီလိုအဖြစ်ဆိုးနှင့်မကြုံတွေ့ရပါစေနှင့်လို့ဆုတောင်းပေးရင်းကောင်းရာဘုံဘဝသို့ရောက်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးပါတယ်။

Credit

Zawgyi Version

ထိုင်းနိုင်ငံဆူလပ်မြို့နယ်ဒူးရမ်းသီးခြံလုပ်သားဇနီးမောင်နှံတို့နှစ်ဦးဈေးသွားဝယ်ပြီးဆိုင်ကယ်နှင့်ပြန်လာရာတွင်ကားတိုက်ခံထိ၍အမှုဖြစ်သောနေရာတွင်နှစ်ယောက်စလုံးသေဆုံးသွားကြောင်းသူဌေးမထံဖုန်းက်မးမြန်းချက်အရသိရပါသည်