ယနေ့ လူပြောများနေတဲ့ KTV မှာဖမ်းဆီးခံလိုက်ရတဲ့ အရည်ကြို ကိုယ်တိုင်ရေးတဲ့စာ
ကျွန်တော်ဖြစ်သွားတဲ့ မနေ့ညက ကိစ္စ အားလုံးသိကြမယ် ထင်ပါတယ်။
ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ မွေးနေ့ပွဲဖိတ်ကြားလို့ ကျွန်တော် သွားခဲ့ပါတယ်။
ဒီအမှားအယွင်းအတွက် အရေးယူခံရတာကိုလည်း ကျေနပ်စွာ ခံယူပါ့မယ်။
အာမခံရတယ်ဆိုတာကလည်း ပုဒ်မ ၃၀ (က) ဟာ အာမခံရတဲ့ပုဒ်မဖြစ်တဲ့အတွက် အာမခံရခဲ့ခြင်း ဖြစ်ပါတယ်။
မည်သည့် မလျော်ဩဇာကိုမှ သုံးစွဲခဲ့ခြင်း မရှိပါ။
အာမခံရတယ်ဆိုပေမယ့် ဥပဒေအရ တရားစွဲဆိုခံရပြီး ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တရားစီရင်ခံရင်လည်း ကြည်ဖြူစွာ လက်ခံမှာ ဖြစ်ပါတယ်။
အာမခံရရှိခဲ့ခြင်းဟာ အရည်ကြိုမို့ ထူးထွေ အာမခံရရှိခဲ့ခြင်းမဟုတ်ပါ။
ရှေ့က အဖြစ်အပျက်တွေမှာလည်း တရားစွဲဆိုခံရပေမယ့် အာမခံရရှိခဲ့ကြပါတယ်။ဒီကိစ္စဟာ အရည်ကြို တာဝန်ယူမှုရှိစွာ ဖြေရှင်းရမည့် တစ်ကိုယ်ရည်စာ အမှားအယွင်းသာဖြစ်ပြီး တရားသောနည်းလမ်းအားဖြင့်သာ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ပါတယ်။
အခြား မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ဩဇာသက်ရောက်မှုများမှ မပါဝင်ကြောင်း ကျွန်တော် အသိပေးလိုပါတယ်။
အများပြည်သူအထောက်အပံ့ဖြင့် စည်းစနစ်တကျ ဖွဲ့စည်းဆောင်ရွက်နေသော အသင်းအဖွဲ့များအား ကျွန်တော့်ကို ဗဟိုပြုပြီး မဟုတ်မမှန်ပြောဆိုခြင်းများ မပြုကြပါရန် အနူးအညွှန့်မေတ္တာရပ်ခံအပ်ပါသည်။
ကပ်ရောဂါကာလအတွင်း အတတ်နိုင်ဆုံး ကျွန်တော်လမ်းညွှန်မှုတွေအတိုင်း ကြိုးစားနေထိုင်ခဲ့ပါတယ်။
စိတ်ပူပန်စေခဲ့တဲ့ အတွက် ကျွန်တော်အနူးအညွှတ်တောင်းပန်လိုပါတယ် ။
WeloveYangon လူထုအခြေပြုပရဟိတအသင်းမှလဲ ကျွန်တော့်အား ထုတ်ပယ်လိုက်ပီ ဖြစ်ပါတယ်
ဆက်လက်ပြီး တာဝန်ခံမှုရှိစွာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးလိုပါတယ်။
လေးစားစွာဖြင့်
အရည်ကြို