News

“သင့်အောင်မြင်မှုလမ်းမှာ တွေ့ကြုံရမယ့် လူ ၂၈ မျိုး”

“သင့်အောင်မြင်မှုလမ်းမှာ တွေ့ကြုံရမယ့် လူ ၂၈ မျိုး”

➖➖➖➖➖➖➖➖➖➖➖➖➖➖➖

အောင်မြင်မှုလမ်းဆိုတာ ပန်းခင်းလမ်း မဟုတ်ပါဘူး။ လူတွေ ပြသနာတွေပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ဖြေရှင်းရမှာပါ။ သင်က သင့်ရဲ့ ဘဝကို ခုမှ စလျှောက်မှာ ဖြစ်လို့ အရှေ့မှာလာမယ့်ခရီးကြမ်းအတွက် ကြိုတင်ပြင်ဆင်ရမယ့် အချိန်ပါပဲ။ ဒီမှာက အဲဒီလမ်းမှာ သင်တွေ့ရမယ့်လူ ၂၈ ယောက်ပါ။ တချို့က လူဆိုး၊ တချို့က လူကောင်း၊ ဒါပေမယ့် အားလုံးက သင့်ကို ဘဝ သင်ခန်းစာတွေ သင်ကြားပေးသွားမှာပါ။

၁. သင့် ရွေးချယ်ချက်တွေကြောင့် စိတ်ပျက်ရမယ့်လူမျိုး။ ဒါပေမယ့် သင့်အိပ်မက်နောက် လိုက်တာကို အတင်းအကျပ် မရပ်ခိုင်းပါဘူး။ နားလည်ပေးပါတယ်။

၂. သင့်ကို အမှိုက်လို ဆက်ဆံမယ့်သူ။ ဘယ်တော့မှ အဲလိုလူတွေအတွက် စိတ်အားမငယ်ပါနဲ့။

၃. ရုန်းကန်နေရတုန် ဂရုမစိုက်ပဲ အောင်မြင်လာမှ လာကပ်သူ။ အဲလို လူမျိုးကို ကြပ်ကြပ် သတိထားပါ။ သင် နိမ့်ကျသွားတာနဲ့ စွန့်ခွာသွားမယ့် သူတွေပါ။

၄. သူတို့မလုပ်နိုင်လို့ သင့်ကို မဖြစ်နိုင်ဘူးပြောသူ။ သူတို့ကို နားမထောင်ပါနဲ့။ ကိုယ့်ဘာသာ ကြိုးစားပါ။

၅. သင် သူတို့ကို မဖြတ်ကျော်ခင်လေးပဲ သင့်ကို အားပေးမယ့်သူ။ အရူးလုပ်မခံပါနဲ့။

၆. သင့်ကို အမြဲ အားပေးနေသူ။ သင့်အကျိုးလိုလားသူ။ ကျေးဇူးတင်ပါ။ သူတို့က သင်တွေ့ဖူးသမျှထဲမှာ အဖိုးတန်ဆုံးသူပါ။

၇. သင့်ကို အသေ မြှောက်ပေးမယ့်သူ။ မြောက်မသွားပါနဲ့။ ကိုယ့်ဘာသာ ကိုယ် သိပါ။

၈. သူတို့ပါမှ သင့်ပန်းတိုင်ရောက်မယ်လို့ ဖြားယောင်းနေသူ။ မယုံပါနဲ့။ သူတို့က တစ်ဝက်လောက်တောင် အသုံးမဝင်ပါဘူး။

၉. အကျိုး အကြောင်း ရှင်းပြမယ့်သူ။ သင့်လမ်းသင်ထွင်ဖို့ အားမလျော့ပါနဲ့။

၁၀. တော်သူတွေပဲ ရှေ့ရောက်တဲ့ သဘောကို လက်မခံသူတွေ။ သင် အဲဒါကို မြန်မြန် နားလည်လေလေ သင်ပျော်လေလေပါပဲ။ ကိုယ့်အကောင်းဆုံးကိုပဲ လုပ်ဆောင်နေလိုက်ပါ။

၁၁. သင့်ကို ဆုံးမပေးမယ့် သူ။ ခဏလေးတွေ့လိုက်ရပေမယ့် သူ့ပို့ချချက်တွေဟာ တစ်သက်လုံး သင့်ကို လမ်းညွှန်ပေးနိုင်သူ။ သူ့ကို တန်ဖိုးထားပါ။ နောက်တစ်ခေါက် တွေ့ရဖို့ မသေချာပါဘူး။ သင့် ခရီးလမ်းမှအရေးကြီးဆုံးလူပါ။

၁၂. သင့် ဘဝ ခံယူချက်ကို စကားတစ်ခွန်းနဲ့ ပြောင်းလဲ ပေးမယ့်သူ။ သင် ထင်မထားတဲ့ လမ်းတွေ လျှောက်လှမ်းနိုင်အောင် ကူညီပေးပါတယ်။

၁၃. တစ်သက် မမေ့နိုင်မဲ့ အောင်မြင်မှုရဲ့ တန်ဖိုးကို သင်ကြားပေးမယ့်သူ။

၁၄. သင် အရှုံးပေးသည့်တိုင်အောင် မကောင်းပြောနေမယ့်သူ။ သူ့ကို ဂရုမစိုက်ပါနဲ့။

၁၅. သင့် စိတ်အားထက်သန်မှုကို နားမလည်တဲ့သူ။ ရှင်းပြရင်း အချိန်ကုန်မခံပါနဲ့။ သင်ကိုယ်တိုင် နားလည်ဖို့ ပိုအရေးကြီးပါတယ်။

၁၆. သင့်ကို အမြဲယှဉ်ပြိုင်နေသူ။ မမုန်းပါနဲ့။ သူတို့က သင့်ကို အလုပ်ပိုလုပ်အောင် တွန်းအားပေးနေတာပါ။

၁၇. သင့်အိပ်မက်တွေကို လက်မခံသူ။ သင့်အိပ်မက်တွေကို ဖော်ဆောင်တာ တဈကိုယျကောငျးမနျပေါဘူး။ လုပ်ပါ။

၁၈. သင့်လောက် မတော်လို့ သင့်ကို ဆွဲထားသလို ဖြစ်နေမယ့်သူ။ သူတို့ကသင့်ကို တခြားသူတွေနဲ့ အလုပ်တွဲလုပ်တတ်အောင် သင်ပေးမှာပါ။

၁၉. သင့်ထက်တော်တဲ့သူ။ အများကြီးတွေ့ရမှာပါ။ ကြိုးစားရင် သင်က သူတို့ရှေ့ ရောက်မှာပါ။

၂၀. သင်လုပ်သမျှ ဘေးထိုင်ဘုပြောနေမယ့်သူ။ စိုးရိမ်စရာ မလိုပါဘူး။

၂၁. သင့်အရည်အချင်းကို သူတို့အတွက် အသုံးချချင်သူ။ ကာလတို အခွင့်အရေးလေးတွေကို သွားရည်ကျပြီး သင့်အိပ်မက်နဲ့ မလဲလိုက်ပါနဲ့။

၂၂. သင့်ကို ပုံမှန်ပဲ နေစေချင်သူ။ ကြီးကြီး မျှော်မှန်းထားရင် ကြီးကြီး နေရမှာပါ။

၂၃. သင့်ကို တွန်းအားပေးသူ။ သူတို့နဲ့ ကပ်နေပါ။

၂၄. စိတ်ညစ်စရာကောင်းတဲ့ Boss တွေ။ သူတို့က သင့်ကို အများဆုံး သင်ကြားပေးမှာပါ။ ဘာမှ မသင်နိုင်ရင်တောင် ဘယ်လိုကောင်မျိုး မဖြစ်ရဘူးဆိုတာ သင်ပေးမှာပါ။

၂၅. အရေးကြီးချိန်မှာ သင့်ဘေးက မခွာမယ့်သူ။

၂၆. ဘာဖြစ်နေနေ သင့်အတွက် နေပေးမယ့် သူငယ်ချင်းကောင်းတစ်ဦး။ သင့်အတွက် အလုပ်မှာ မကူညီနိုင်ပေမယ့် ဘဝမှာတော့ အကောင်းဆုံး ကူညီပေးနိုင်သူပါ။ တန်ဖိုးထားပါ။ အဲလိုလူမျိုး သင့်မှာ အများကြီး မရှိပါဘူး။

၂၇. သင့်ထက် ခက်ခက်ခဲခဲ ကြိုးစားပြီးမှ သင့်နေရာကို ရောက်လာနိုင်သူတွေ။ သူတို့လုပ်နိုင်ရင် သင်လဲ လုပ်နိုင်ရမှာပါ။

၂၈.အဲဒိခရီးစဉ် တစ်နေရာရာမှာ သင်ရှာဖွေနေတဲ့ အရေးကြီးဆုံးလူကို ရှာတွေ့ပါလိမ့်မယ်။ သင့်ကိုယ်သင်ပါ။ သင့်ကိုယ်သင် သိတဲ့နေ့ဟာ သင် အောင်မြင်တဲ့ နေ့ပါပဲ။

ခင်ဗျားတို့ရော ဘယ်လို လူတွေနဲ့ တွေ့ဖူးပြီးသွားပြီလဲ….

#Credit >>>လောကနီတိသုတစာပေ