ဗေဒင်

“အင်္ဂါသားသမီးများအတွက် ၂၀၂၁-ခုနှစ် (၁)နှစ်စာ ကံကြမ္မာဟောစာတမ်းနှင့် ဆောင်ရန်/ရှောင်ရန်များ”

အင်္ဂါသားသမီးများယခုနှစ်အပိုင်းအခြားမှာ အလုပ်ကိုင်များ အလွဲလွဲမှားမှားဖြစ်တတ်ပါတယ်။ အလုပ်ကိုင်စီးပွားရေမှာလည်း မိမိ၏ဆန္ဒအတိုင်း ပြုလုပ်မှသာလျှင်အောင်မြင်မှု ရရှိနိုင်ပြီး အပြိုင်အဆိုင်ပေါများသည့် အချိန်ကာလ ဖြစ်ပါတယ်။

ဝန်းထမ်းများ အထက်လူကြီး၏ ဆူပူကြိမ်းမောင်းခြင်းခံရပြီး လက်အောက်ငယ်သားအချင်းချင်း နားလည်မှုများကွဲလွဲတတ်ပါတယ်။ အပေါင်းအသင်း ၊ ဆွေမျိုး ၊ မိသားစုများနဲ့နားလည်မှု နွေးထွေးမှုများရရှိလာပြီး အသင်းအဖွဲ့နဲ့ လုပ်ကိုင်သောအလုပ်များ အောင်မြင်မှုရရှိပါမယ်။

လူမူပတ်ဝန်းကျင်တွင်ထိန်းချုပ်မှုတစ်ချို့ကြောင့် မိမိသဘော မိမိ၏ ဆန္ဒအတိုင်းလုပ်ဆောင်ခွင့်မရဘဲ စိတ်အလိုမကျမှုများ ဖြစ်ပေါ်တတ်ပါတယ်။

ကျန်းမာရေး-မကြာခဏဖျားနာပြီး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိတတ်ပါတယ်။

ပညာရေးမှာ- မိမိ၏မျှော်လင့်ချက်များကို သေသေချာချာစနစ်တကျ ကြိုးစားမှသာ အောင်မြင်ရရှိပါလိမ့်မယ်။

အချစ်ရေးမှာ- လိမ်လည်လှည်စား မုသားများသုံး၍ မကြာခဏစကားများပြီး ချစ်သူ၏လှည့်စားချင်းကိုခံရတတ်ပါတယ်။

အိမ်ထောင်ရေးမှာ တစ်လင်ကွာ/တစ်ခုလပ်/မုဆိုးဖို/မုဆိုးမများ၏ နှောက်ယှက်ခြင်းခံရတတ်ပြီး အိမ်ထောင်ပျက်စီးကိန်းရှိတတ်ပါတယ်။

ယတြာ-မိမိမွေးနေ့တိုင်း ဗာဒံရွက်(၇)ရွက်ပေါ်မှာ မိမိနာမည်ရေးပြီး မြတ်စွာဘုရားအားလှူပါ။

အလုပ်အကိုင်များ အစဉ်မပြေပါက အုန်သီးနှင့်သကြားရောပြီးမြတ်စွာဘုရားအားလှုပါ။

အိမ်ထောင်ရေးမပြေလည်ပါက မိမိ၏အိပ်ယာအောက်မှာ နှင်းစီပန်း(၃)ပွင့်ထားအိပ်ပါ။

ငွေရေးကြေးရေး အခက်အခဲကြုံတွေ့ပါက (၂၀၀)တန်တစ်ရွက်တွင် `အရဟံ’ရေး၍ ပိုက်ဆံအိတ်တွင်ထည့်ဆောင်ထားပါ။

ရာထူးတိုးလိုပါက မိမိ၏ ဂြိုလ်တိုင်တွင် သတင်းစာခင်းပြီး ထန်းလျက်(၅)လုံးကပ်လှူပေးပါ။

ကံကောင်းစေသောအရောင်-မှိုင်းသောအရောင်များ/အဝါရောင်

ကံကောင်းစေသာဂဏန်း-(၃|၄|၇)

ကံကောင်းစေသာရက်-အင်္ဂါနေ့ကြာသပတေးနေ့

ကံကောင်းစေသောအချိန်-မနက်(၉)နာရီမှနေ့လည်(၂)နာရီအတွင်း။

ပန်းမြတ်မာလာ-နှင်းဆီပန်း|ပိတောက်ပန်း

အင်္ဂါသားသမီးအပေါင်း တစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများ ပြည့်စုံကြပါစေ….

တစ်ခါမေးပြီးတစ်သက်တာ မိတ်ဆွေဖြစ်ရမည် ။ သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဂါရဝပြုပါသည်။

မန္တလေးမြို့ရောက်လျှင် ဆရာ့ဟောခန်းမှာ ဗေဒင်အသေးစိတ် မေးနိုင်ပါသည်။

ဆရာကျော်ဇောဟိန်း ၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့ Ph09256029906 ။ Ph09766470530