News

ကိုယ်ချစ်သလောက် ပြန်မချစ်လို ထူးဆန်းစွာ လက်စားချေလိုက်တဲ့ မိန်းကလေး ဖြစ်ရပ်

ခေါစာကျွေးခြင်း၊ ဗလိနတ်စာကျွေးခြင်း ဓလေ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့၊ အာဖရိကနိုင်ငံတွေမှာ ယခုထက်တိုင် ထွန်းကားနေတဲ့ ယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးတမ်းတစ်ခုဖြစ်ပါတယ်။ ခေါစာကျွေးတယ်ဆိုတာကတော့ သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာတွေ သောင်းကျန်းတဲ့အခါ ကျေနပ်စေဖို့ အသားငါး၊ ထမင်းစသည်တို့ စီမံပြီး ကျွေးတဲ့ဓလေ့ပါ။

ဗလိနတ်စာကျွေးတယ်ဆိုတာကတော့ နတ်တွေကို အရက်၊ ကြက်ကြော်စတာတွေနဲ့ ပူဇော်ပသရင် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမယ်လို့ ယုံကြည်တဲ့ ဓလေ့ဖြစ်ပါတယ်။ ဒါ့အပြင် ယစ်ပူဇော်ခြင်းဆိုတာလည်း အခုအချိန်ထိ ရှိနေသေးပြီး၊ ကျွဲအရှင်၊ နွှားအရှင်တွေကို မိစ္ဆာနတ်ဆိုးတွေ စိတ်ကျေနပ်စေဖို့ ပူဇော်ကြတဲ့ သဘောလို့ဆိုပါတယ်။

အခုလည်း ချစ်သူချင်းပြတ်ဆဲတဲ့အပြင် လူမှုကွန်ယက် မှာပါ ဘလော့ခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူဟောင်းကို စိတ်နာနာနဲ့ သေတဲ့သူတွေကို နောက်ဆုံးနှုတ်ဆက်တဲ့သဘောမျိုးနဲ့ ကျွေးမွေးတင်သပြီး၊ အပြီးအတိုင် ပြန်လည်စွန့်လွှတ်ခဲ့ပါတယ်။ သူမရဲ့ လုပ်ပုံကိုင်ပုံကလည်း လူမှုကွန်ယက်မှာ အတော်လေး ရေပန်းစားခဲ့တယ်လို့ Viral က ဆိုပါတယ်။

အမျိုးသမီးရဲ့နာမည်ကို Vicki လို့သာ (လူမှုကွန်ယက် နာမည်ပြောင်ဖြစ်နိုင်) သိရပြီး၊ သူမဟာ ချစ်သူက အဆက်အသွယ် သွားတာကို ခံရသူပါ။ ချစ်သူဟောင်း အမျိုးသားဟာ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ ပထမတော့ Vicki ဟာ ချစ်သူကို စိတ်မပျက်သေးပါဘူး။ ဒီနောက် လူမှုကွန်ယက်အကောင့်မှာ ဘလော့ခံလိုက်ရပါတယ်။

ဒါလည်း Vicki က လက်မလျှော့ပါဘူး။ နောက်ထပ် အကောင့်တွေနဲ့ သူမရဲ့ချစ်သူဟောင်းကို ပြန်အပ်ပြီး၊ ဆက်လက် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအမျိုးသားက Vicki မှန်းသိတဲ့နောက် ထပ်ပြီး ဘလော့ပါတယ်။ ဒီလိုနဲ့ ချစ်သူအမျိုးသားကို ပြန်ကပ်လို့မရတော့ အဲဒီအမျိုးသားရဲ့ သူငယ်ချင်းတွေ မိတ်ရင်းဆွေရင်းတွေကို လိုက်ကပ်ပြီး၊ စုံစမ်းခဲ့ပါတယ်။

အမျိုးသားရဲ့ သူငယ်ချင်းတွေက လိုက်ပြီးစုံစမ်းနေလည်း အပိုပဲ၊ လူပင်ပန်းရုံပဲရှိမယ်၊ ရပ်တန်းကရပ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒီလိုနဲ့ Vicki လည်း နောက်ဆုံး လက်လျှော့လိုက်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ စိတ်အညှိုးက အမျိုးသားတွေထက် ကြီးလေ့ရှိပါတယ်။ ဒါကြောင့် ချစ်သူကို အသက်ရှင်ရက်နဲ့ စွန့်လွှတ်တဲ့သဘောမျိုးမဟုတ်ဘဲ သေလူတစ်ယောက်လို သဘောထားပြီး၊ ခေါစာကျွေးကာ စွန့်လွှတ်ခဲ့တာပါ။

သူမက ” ရှင်က ကျမအတွက်တော့ သေလူဖြစ်သွားပါပြီ … ကျမထင်တာက ရှင် ပင်လယ်ရပ်ခြားမှာ ဘေးအန္တရာယ်ဆိုးကြီးကြုံရပြီး အသေဆိုးနဲ့ သေသွားခဲ့ပြီလို့ ယူဆပါတယ် … ပြီးခဲ့တဲ့ရက်က အိမ်နီးနားချင်းတစ်ဦးက ရိုးရာလုပ်ပြီး သေဆုံးသွားသူတွေကို နှုတ်ဆက်နေတာကို ကျမ မြင်ခဲ့ရတယ် …

ကျမကလည်း ရှင့်ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တဲ့သူမို့ ဒီလိုနှုတ်ဆက်မှ တော်ကာကျမယ်လို့ အောင့်မေ့မိတယ် .. ဒါဟာ ရှင့်အတွက် ကျမ နောက်ဆုံးလုပ်နိုင်တာပဲ … လွတ်ရာကျွတ်ရာ သွားပေတော့ “ဆိုပြီး ရေးသားခဲ့ပါတယ်။

Unicode

ကိုယ်ချစ်သလောက် ပြန်မချစ်သူကို ထူးထူးဆန်းဆန်းလက်စားချေခဲ့တဲ့ ကောင်မလေး

ခေါစာကျွေးခြင်း၊ ဗလိနတ်စာကျွေးခြင်း ဓလေ့ဟာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့၊ အာဖရိကနိုင်ငံတွေမှာ ယခုထက်တိုင် ထွန်းကားနေတဲ့ ယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးတမ်းတစ်ခုဖြစ်ပါတယ်။ ခေါစာကျွေးတယ်ဆိုတာကတော့ သရဲ၊ တစ္ဆေ၊ ဖုတ်၊ ပြိတ္တာတွေ သောင်းကျန်းတဲ့အခါ ကျေနပ်စေဖို့ အသားငါး၊ ထမင်းစသည်တို့ စီမံပြီး ကျွေးတဲ့ဓလေ့ပါ။

ဗလိနတ်စာကျွေးတယ်ဆိုတာကတော့ နတ်တွေကို အရက်၊ ကြက်ကြော်စတာတွေနဲ့ ပူဇော်ပသရင် စီးပွားရေး အောင်မြင်ဖြစ်ထွန်းမယ်လို့ ယုံကြည်တဲ့ ဓလေ့ဖြစ်ပါတယ်။ ဒါ့အပြင် ယစ်ပူဇော်ခြင်းဆိုတာလည်း အခုအချိန်ထိ ရှိနေသေးပြီး၊ ကျွဲအရှင်၊ နွှားအရှင်တွေကို မိစ္ဆာနတ်ဆိုးတွေ စိတ်ကျေနပ်စေဖို့ ပူဇော်ကြတဲ့ သဘောလို့ဆိုပါတယ်။

အခုလည်း ချစ်သူချင်းပြတ်ဆဲတဲ့အပြင် လူမှုကွန်ယက် မှာပါ ဘလော့ခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ချစ်သူဟောင်းကို စိတ်နာနာနဲ့ သေတဲ့သူတွေကို နောက်ဆုံးနှုတ်ဆက်တဲ့သဘောမျိုးနဲ့ ကျွေးမွေးတင်သပြီး၊ အပြီးအတိုင် ပြန်လည်စွန့်လွှတ်ခဲ့ပါတယ်။ သူမရဲ့ လုပ်ပုံကိုင်ပုံကလည်း လူမှုကွန်ယက်မှာ အတော်လေး ရေပန်းစားခဲ့တယ်လို့ Viral က ဆိုပါတယ်။

အမျိုးသမီးရဲ့နာမည်ကို Vicki လို့သာ (လူမှုကွန်ယက် နာမည်ပြောင်ဖြစ်နိုင်) သိရပြီး၊ သူမဟာ ချစ်သူက အဆက်အသွယ် သွားတာကို ခံရသူပါ။ ချစ်သူဟောင်း အမျိုးသားဟာ နိုင်ငံခြားမှာ သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ ပထမတော့ Vicki ဟာ ချစ်သူကို စိတ်မပျက်သေးပါဘူး။ ဒီနောက် လူမှုကွန်ယက်အကောင့်မှာ ဘလော့ခံလိုက်ရပါတယ်။

ဒါလည်း Vicki က လက်မလျှော့ပါဘူး။ နောက်ထပ် အကောင့်တွေနဲ့ သူမရဲ့ချစ်သူဟောင်းကို ပြန်အပ်ပြီး၊ ဆက်လက် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအမျိုးသားက Vicki မှန်းသိတဲ့နောက် ထပ်ပြီး ဘလော့ပါတယ်။ ဒီလိုနဲ့ ချစ်သူအမျိုးသားကို ပြန်ကပ်လို့မရတော့ အဲဒီအမျိုးသားရဲ့ သူငယ်ချင်းတွေ မိတ်ရင်းဆွေရင်းတွေကို လိုက်ကပ်ပြီး၊ စုံစမ်းခဲ့ပါတယ်။

အမျိုးသားရဲ့ သူငယ်ချင်းတွေက လိုက်ပြီးစုံစမ်းနေလည်း အပိုပဲ၊ လူပင်ပန်းရုံပဲရှိမယ်၊ ရပ်တန်းကရပ်ဖို့ အကြံပေးခဲ့ပါတယ်။ ဒီလိုနဲ့ Vicki လည်း နောက်ဆုံး လက်လျှော့လိုက်ပါတယ်။

ဒါပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ စိတ်အညှိုးက အမျိုးသားတွေထက် ကြီးလေ့ရှိပါတယ်။ ဒါကြောင့် ချစ်သူကို အသက်ရှင်ရက်နဲ့ စွန့်လွှတ်တဲ့သဘောမျိုးမဟုတ်ဘဲ သေလူတစ်ယောက်လို သဘောထားပြီး၊ ခေါစာကျွေးကာ စွန့်လွှတ်ခဲ့တာပါ။

သူမက ” ရှင်က ကျမအတွက်တော့ သေလူဖြစ်သွားပါပြီ … ကျမထင်တာက ရှင် ပင်လယ်ရပ်ခြားမှာ ဘေးအန္တရာယ်ဆိုးကြီးကြုံရပြီး အသေဆိုးနဲ့ သေသွားခဲ့ပြီလို့ ယူဆပါတယ် … ပြီးခဲ့တဲ့ရက်က အိမ်နီးနားချင်းတစ်ဦးက ရိုးရာလုပ်ပြီး သေဆုံးသွားသူတွေကို နှုတ်ဆက်နေတာကို ကျမ မြင်ခဲ့ရတယ် …

ကျမကလည်း ရှင့်ကောင်မလေးတစ်ယောက် ဖြစ်ခဲ့တဲ့သူမို့ ဒီလိုနှုတ်ဆက်မှ တော်ကာကျမယ်လို့ အောင့်မေ့မိတယ် .. ဒါဟာ ရှင့်အတွက် ကျမ နောက်ဆုံးလုပ်နိုင်တာပဲ … လွတ်ရာကျွတ်ရာ သွားပေတော့ “ဆိုပြီး ရေးသားခဲ့ပါတယ်။

Credit-CELE DAILY