#၀မ်းနည်းစရာကောင်းတဲ့ အမှန်တရား 💔 ***************************
ကျွန်တော်တို့ ဆေးလိပ်မသောက်ပဲ အသက်ရှင် ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ ဆေးလိပ်ထုတ်လုပ်တဲ့သူတွေဟာ ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။
ကျွန်တော်တို့ အရက်မသောက်ပဲ အသက်ရှင် ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ အရက်ထုတ်လုပ်တဲ့သူတွေဟာ ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။
ကျွန်တော်တို့ မိုဘိုင်းဖုန်းအသုံးမပြုလဲ အသက်ရှင် ရှင်သန် နေထိုင်နိုင်တယ်။
ဒါတောင်မှပဲ ဖုန်းထုတ်လုပ်တဲ့သူတွေဟာ ကုဋေကြွယ်သူဌေးတွေ ဖြစ်နေကြတယ်။
ဒါပေမယ့် သိပ်ပြီး၀မ်းနည်းစရာကောင်းတဲ့ အမှန်တရားကတော့………………….
အစားအစာအသီးအနှံတွေ မရှိပဲ ကျွန်တော်တို့ အသက်ရှင် နေထိုင် ရှင်သန်လို့ မရဘူး။
ဒါတောင်မှပဲ သီးနှံ အစားအစာတွေကို ထုတ်လုပ်ပေးတဲ့ ကျွန်တော်တို့ ရဲ့ တောင်သူလယ်သမားတွေဟာ ခုထိ ဆင်းရဲမွဲတေနေကြတုန်းပါပဲ။😔😔
#Credit Original writer
#Onlinebook