ဗဟုသုတ

ကံ ကံ၏အကျိုး 🌼🌼🌼🌼🌼(ဖတ်ကြည့်နော်)

ကံ ကံ၏အကျိုး🌼🌼🌼🌼🌼(ဖတ်ကြည့်နော်)

တစ်ခါတုန်းက…လူမိုက်တစ်ယောက်ဟာ ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။

လမ်းခရီးတစ်လျှောက်လုံးတွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီးဖျက်ဆီးခဲ့တယ်တဲ့။

ချောင်းကိုဖြတ်ပြီးထိုးထားတဲ့ တံတားတစ်ခုနားကိုရောက်တဲ့အခါမှာချောင်းကိုကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။
ဒီလိုနဲ့ ခရီးဆက်ခဲ့တာရေအိုးစင်တစ်ခုကိုလည်း တွေ့ရောမောမောနဲ့ ရေသောက်ဖို့လုပ်တယ်။

ဖြစ်ချင်တော့…ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။အဲဒါနဲ့ လူမိုက်က အရမ်းဒေါသထွက်ပြီးရေအိုးကို ရိုက်ခွဲလိုက်ပြန်တယ်။

အဲဒီလိုနဲ့ ခရီးဆက်သွားရင်းညောင်ပင်ကြီးတစ်ပင်အောက်ကိုရောက်သွားပါတယ်။

အရိပ်ကကောင်းတော့ ခဏနားမယ်ဆိုပြီးအနားယူနေတဲ့ အချိန်မှာပဲရွှေအိုးတစ်လုံးကို တွေ့ရှိသွားခဲ့တယ်လေ။

လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့ဝမ်းသာအားရ ဖြစ်သွားပါတော့တယ်။

ထိုနည်းတူစွာပဲ…လူကောင်းတစ်ယောက်ကလည်းလူမိုက်ထွက်ခဲ့တဲ့ လမ်းခရီးအတိုင်း သွားခဲ့ပါတယ်။

လမ်းခရီးတစ်လျှောက်လုံး ပျက်ဆီးသမျှတွေကိုပြုပြင်တယ်။

လူမိုက်ဖျက်ဆီးခဲ့တဲ့ တံတားနားကိုရောက်တဲ့အခါမှာ…

ဟင်…

တံတားက ပျက်ဆီးနေပါလား။

ငါဒီအတိုင်းထားခဲ့လိုက်ရင်ခရီးသွားပြည်သူတွေ ဒုက္ခရောက်မယ် ဆိုပြီးတံတားကိုပြန်ပြုပြင်ပေးခဲ့လိုက်ပါတယ်။

လူကောင်းလည်း ခရီးဆက်ထွက်ခဲ့ရာလူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့ရေအိုးအသစ်တစ်လုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ပြန်တယ်။

အဲဒီလိုနဲ့ ခရီးထွက်လာလိုက်တာလူမိုက်ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီးအောက်လည်းရောက်ရောမောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့အချိန်မှာပဲသစ်ပင်ပေါ်ကနေညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကိုကျကာပေါင်ကျိုးသွားခဲ့ပါတယ်။

အဲဒီတော့…လူကောင်းက…ငါဒီလောက် ကောင်းမှုကုသိုလ်တွေလုပ်နေရက်သားနဲ့ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ လို့လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့အချိန်မှာပဲသိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။

ပထမလာတဲ့ လူမိုက်သည်…အရင်ဘဝကကောင်းမှုကုသိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။

ဒါပေမဲ့…

သူသည် အခုလက်ရှိဘဝမှာ မကောင်းမှုတွေလုပ်တာများတဲ့အတွက်ကြောင့်ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။

အသင်ဟာ အရင်ဘဝက…အကုသ်ိုလ်တွေ အများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့်ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့အချိန်မှာညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။

ဒါပေမဲ့…သင်သည် အခုလက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့် အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်းဖြစ်တယ်အသင်လူသား ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် သူတော်ကောင်းတို့လည်း…ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲဖြစ်နေတယ် လို့ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။

ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့်အခုလက်ရှိဘဝမှာမကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်းမမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။

အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင်နောင်လာမယ့်အနာဂါတ်မှာ ကောင်းကျိုးတွေခံစားရမယ်ဆိုတာအသေအချာပါပဲနော်…

credit ➳ မူရင်းရေးသားသူ

မေတ္တာဖြင့် #ဗုဒ္ဓ၏ဓမ္မစမ်းရေ