News

ဗိုက်အရမ်းဆာနေတဲ့အချိန် အစာလာကျွေးတဲ့သူကြောင့် မျက်ရည်ကျခဲ့ရတဲ့ ခွေးလေး

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ လမ်းဘေးမှာ ခက်ခက်ခဲခဲနဲ့ ရှာဖွေစားသောက်ရတဲ့ လမ်းဘေးလေလွင့် ခွေးလေးတစ်ကောင်ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ယခုပြောပြမှာကတော့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ မြောက်ပိုင်းရှိ လမ်းပေါ်မှာ သနားစရာမျက်နှာလေးနဲ့ ယောင်လည်လည် အစာလိုက်တောင်းနေတဲ့လေလွင့်ခွေးလေး တစ်ကောင်ကို သူ့ဆီမှာကျန်ရှိနေတဲ့ ဝက်အူ ချောင်းအချို့ကို အဆိုပါ သနားစရာ ခွေးလေးကို လက်ကမ်း​ပြီးပေး လိုက်တော့ ခွေးလေးရဲ့ မျက်ဝန်းမှာ ဝမ်းနည်းဝမ်းသာ မျက်ရည် တွေနေခဲ့ပါတယ်။

သူ့ရဲ့လက်လေးကို မြှောက်ပြီးအစာတောင်းနေခဲ့တဲ့ မြင်ကွင်းလေးဟာ ကြည့်ရှု့သူတွေအဖို့ နှလုံးကြေကွဲဖွယ် ဖြစ်ရပ်လေးတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီ ဗီဒီယိုကို သူမက အင်တာနက်ပေါ်ကို မျှဝေခဲ့ပါတယ်။

သူမ ပြောပြတာကတော့ ” ကျွန်မနဲ့ ကျွန်မသူငယ်ချင်းအားလုံးက ပန်းခြံတစ်ခုဆီကို လမ်းလျှောက်သွားနေတုန်းမှာပဲ လမ်းပေါ်မှာလေလွ​င့် ခွေးလေးတစ်ကောင် ဗိုက်ဆာလွန်းလို့ အစာလိုက်တောင်နေတာကို တွေ့တယ်” ချစ်ဖို့ကောင်းပြီး သနားဖို့လည်းကောင်းတဲ့ အဲ့ဒီခွေးလေးကိုကျွန်မတို့က ပါလာတဲ့ အစာလေးကျွေးတော့ သူ ချက်ချင်းကို ငိုချတော့တာပဲ။

ဒါနဲ့ပဲ ကျွန်မတို့က အဲ့ဒီခွေးလေးကို အိမ်ကိုခေါ်သွားကြဖို့ ဆုံးဖြတ်လိုက်ပြီး ကားပေါ်တင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ သူက ကျွန်မရဲ့လက်ထဲကနေ ရုန်းပြီး ခုန်ထွက်သွားခဲ့တယ်။

ပြီးတော့ လမ်းပေါ်မှာပဲ ​လျှောက်သွားနေခဲ့တယ်” လို့ ဆိုပါတယ်။ အဲ့ဒီအမျိုးသမီးဟာ အဆိုပါခွေးလေးကို ခွေးဖမ်းတဲ့လူတွေရဲ့လက်ထဲကို ရောက်သွားမှာကို စိုးရိမ်တာကြောင့် ပန်းခြံထဲကို ဒုတိယအကြိမ် ပြန်သွားပြီး သူအစာကျွေးခဲ့တဲ့ ခွေးလေးကို ဂရုတစိုက်နဲ့ အစာသွားကျွေးနေခဲ့ပါသေးတယ် ။

” မနေ့ကလည်း ခွေးလေးကို ထပ်ပြီးတော့ ကျွန်မ ပြန်သွားရှာခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ကို မတွေ့ခဲ့ဘူး။နောက်နေ့ မှပဲ သွားထပ်ရှာပြီး လမ်းပေါ်က သန့်ရှင်းရေးသမားကို မေးကြည့်လိုက်မယ် ” လို့ ပြောပြခဲ့ပါတယ်။

သူမတင်ပေးလိုက်တဲ့ ဗီဒီယိုဟာ Online အသုံးပြုသူတွေ ကြားထဲမှာ ကြည့်ရှု့သူဆီကနေ အံ့ဩဖို့ကောင်းလောက်အောင် တုံ့ပြန်မှုများစွာကို ရရှိခဲ့ပြီး ” အဲ့ဒီခွေးလေးကိုလည်း အလစ်သုတ်သမားတွေ မဖမ်းမိကြစေဖို့ မျှော်လင့်ပါတယ်

ဒီခွေးလေးမှာ နူးညံ့တဲ့ မျက်လုံးလေးတစ်စုံရှိတယ် ကျေးဇူးပြုပြီး သူထိခိုက်ဒဏ်ရာမရပါစေနဲ့ ” ဆိုပြီးအဆိုပါ ခွေးလေးအတွက် ကြည့်ရှု့သူတွေ အားလုံးက စိတ်ပူစွာနဲ့ မှတ်ချက်များစွာလည်း ပေးခဲ့ကြပါသေးတယ်။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကိုဖတ်ရှု့ပြီး လမ်းဘေးက ခွေးလေးတွေလည်း ချစ်စရာကောင်းပြီး လှပတဲ့နှလုံးသားလေးတွေ ရှိတဲ့လမ်းဘေးကခွေးလေးတွေ အစာလာတောင်းကြတဲ့အခါ မကန်ထုတ်ကြဖို့နဲ့ ဂဲတွေနဲ့ မထုကြဖို့ကို မေတ္တာရပ်ခံလိုက်ပါတယ်နော်။

ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source : ladbible