ဗဟုသုတ

ရတနာတွေပြည့်နေတဲ့ တောင္​ပေါ်ကို ရောက်နေပါလျက်နဲ့၊ ဓားသွေးကျောက်လောက်သာ၊ ကောက်ပြန်တဲ့သူမျိုးမဖြစ်ပါစေနဲ့

ရတနာတွေပြည့်နေတဲ့ တောင္​ပေါ်ကို ရောက်နေပါလျက်နဲ့၊ဓားသွေးကျောက်လောက်သာ၊ကောက်ပြန်တဲ့သူမျိုးမဖြစ်ပါစေနဲ့။

ကိုယ်က သုံးဆယ့်တစ်ဘုံမှာ အမြတ်ဆုံးဖြစ်တဲ့လူသားလည်းဖြစ်နေတယ်။

လူသားတောင် ရိုးရိုးလူသားမဟုတ်ဘူး။

အမှန်အမှား ခွဲခြားသိနိုင်တဲ့ သံသရာဘေးကနေလွတ်မြောက်တဲ့အထိ ထွက်လမ်းကိုညွှန်ပြနိုင်တဲ့ ၊ဗုဒ္ဓသာသနာတော်မြတ်ကြီးနဲ့လည်း တွေ့နေပါလျက်နဲ့ ဓားသွေးကျောက်လောက်သာ၊ကောက်ပြန်မယ်ဆိုရင်ရတနာနယ်မြေကလူတွေ လိုပြောရရင်အတော် တုံးတာပဲလို့တောင်ပြောရမလိုဖြစ်နေပြီနော်။

နတ်တွေကတောင်ပြောကြတယ် ။

သေခါနီးတဲ့နတ်ကို မှာတဲ့စကားလေးရှိတယ်လေ။

အသင်နတ်သား သေပြီးရင် လူ့ပြည်ရောက်အောင်သွားပါ ၊လူ့ပြည်ရောက်ရင်လည်းသဒ္ဓာတရားဆိုတဲ့ ဆုလာဘ်ကို ရအောင်ကြိုးစားပါ။

ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင် ကုသိုလ် များများလုပ်ခဲ့လို့ မှာယူရလောက်အောင်ထိ ဒီလူ့ဘဝက လိုချင်စရာကောင်းတာဖြစ်တယ် ၊ ဒီလို သာသိရင် ကိုယ်ရထားတဲ့ ဘဝကို တန်ဖိုးထားဖို့ကောင်းတာပေါ့နော်။

ပုည ကိရိယာ ဝတ္ထု ဆယ်ပါးကို လူ့ပြည်မှာလုပ်လို့မရတဲ့ ကုသိုလ် တခု မှ မရှိလို့၊အမြတ်ဆုံး နေရာ လို့ပြောတာနော်။

လေးလေးစားစားနဲ့သာ ကုသိုလ်စုံအောင်လုပ်သွား၊ နတ်ပြည်ရောက်မှ ကုသိုလ်လုပ်ချင်လို့ မလွယ်ဘူး ၊ သူတို့ဆီမှ အလှူ ပေးချင်လို့ ပေးဖို့ လွယ်တာမဟုတ်ဘူး ၊

ပြီးမှ ကိုယ့် ဘုံဗိမာန်က အရောင်မတောက်လို့ဆိုပြီး သိကြားမင်းလို နောင်တ မရစေနဲ့။

အဲဒါကြောင့် ဘုရား၊တရား၊သံဃာ ဟူသော ၊ရတနာ တုံးကြီးတွေ ဝင်းဝင်းပြောင်နေပါလျက်နဲ့ ဘာမဟုတ်တဲ့ ဓားသွေးကျောက် တွေပဲ လိုက်လိုက်ကောက်နေကြတာ အံ့သြလို့တောင် မဆုံးဘူး နော်။

ရှိကြပါသေးတယ် ဓမ္မာနုဿတိလေးဖြစ်အောင်၊ပရိတ်ရွတ် ၊ပဋ္ဌာန်းရွတ်တာတောင် ၊ ဘိုးတော်တွေ ပြောလို့ အဓိဋ္ဌာန်ဝင် ရွတ်မယ်ဆိုပဲ ၊ ကိုင်းကောင်းကြသေးရဲ့လား။

မြတ်စွာဘုရားက ပရိတ် ပဋ္ဌာန်းကို အန္တရာယ်ကင်းရုံဟောခဲ့တာမဟုတ်ဘူး ၊ အဓိဋ္ဌာန်အောင်လို့ ထီပေါက် ၊ ချဲ ပေါက် လောင်းကစား အတွက် ခုတုံးလုပ်ဖို့ဟောခဲ့တာမဟုတ်ဘူးဗျ။

ခန္ဓာရလာရင် အိုရ၊နာရ၊သေကြရတာတွေ ကိုသနားလို့ မမောနိုင် မပမ်းနိုင် ၄၅ ဝါလုံး တရက်မှ မနားဘဲ ဟောခဲ့တာ ၊ ခဏချမ်းသာ အတွက်ဆို ခုလောက် ဘယ်ပင်ပမ်းခံလိမ့်မလဲ၊

ထာဝရ ချမ်းသာ ဆိုတဲ့ နိဗ္ဗာန်ကိုရောက်စေချင်လွန်းလို့ကို သဗ္ဗညုတ ရွှေဉာဏ်ကြီး ကို ဖြန့်ကျက်ပြီး အကောင်းဆုံးတွေ ရစေဖို့ရည်ရွယ်ခဲ့တာကို၊ဒီ ဓားသွေးကျောက်ကောက်တဲ့ဘဝက မတက်ကြတော့ဘူး ။

အဲဒါကြောင့်….

ဓားသွေးကျောက်လောက်သာ ကောက်တဲ့သူမဖြစ်ပါစေနဲ့ တော့ ၊ အဖိုး အနဂ္ဃထိုက်တန်တဲ့ သဒ္ဓ ာ၊ သီလ ၊သုတ ၊စာဂ ၊ ပညာ ၊ဟိရီ ၊ သြောတ္တပ္ပ ဆိုတဲ့ သူတော်ကောင်း ရတနာ တွေကိုသာအရယူနိုင်အောင် ကြိုးစားၾကပါလို႔ တိုက်တွန်းရင်း (အပ္ပမာဒေန သမ္ပာဒေထ။)

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

✍️ အရှင်ဝါသဝ (ဓာတုမယ) ✍️