ဗဟုသုတ

“စာမတော်ခဲ့တဲ့ ကျွန်မ”

“စာမတော်ခဲ့တဲ့ ကျွန်မ”

ကျွန်မငယ်ငယ်က စာမတော်ဘူး1 to 10 မပြောနဲ့10 to 20 တောင် မဝင်ခဲ့ဘူးကျွန်မလည်း ကို့အစွမ်းအစရှိသလောက်ကြိုးစားကျက်တာပဲ..နားလည်တာတွေရှိသလို နားမလည်တာတွေလည်းရှိတယ်…ဒီတော့ အလွတ်ကျက် ဒါမေး ဒါဖြေကာလက စာမေးပွဲတွေမှာအလွတ်မကျက်နိုင်တဲ့ကျွန်မအဆင့်တွေလည်း မကောင်းခဲ့ဘူး…

စာတော်တဲ့အထဲမပါတော့အတန်းထဲမှာကျွန်မ မျက်နှာလည်းမရခဲ့ပါဘူး..ဆရာမနားနေခန်းမှာစာတွေသွားသွားမေးပြီး အချိန်ရှိသရွေ့စာလုပ်နေတဲ့သူတွေကလည်း ကျွန်မကိုမပေါင်းကြဘူး…အရမ်းမချမ်းသာတော့ဆရာတွေဆရာမတွေကိုအိမ်မှာဝိုင်းခေါ်ပြီးလည်းမသင်နိုင်ခဲ့တော့အတန်းထဲမှာကျွန်မနာမည်ဟာအတန်းတက်လို့နာမည်ခေါ်ရင်ထူးဖို့တစ်ခုပဲအသုံးဝင်ခဲ့တယ်..

အတူထိုင်တဲ့သူငယ်ချင်း သုံးလေးယောက်လောက်ကလွဲရင်ကျွန်မ ရှိမှန်းတောင်မသိကြဘူး..အရင်ကတော့ ကျွန်မ စိတ်ထဲအဆင့်၁ရသူတွေဟာ …သူတို့အသက်ကြီးလာရင် ပညာတက်ကြီးတွေဖြစ်လာလိမ့်မယ်ငွေတွေချမ်းသာကြလိမ့်မယ်သူတို့ဘဝတွေအမြဲအောင်မြင်ကြမယ်လို့ထင်ခဲ့မိတယ်…

ဆရာဆရာမတွေကလည်းသူတို့သည်သာ စံပြသူတို့သည်သာ ဆရာဝန် အင်ဂျင်နီယာတွေဖြစ်ကြလိမ့်မယ်သူတို့သည်သာ ချမ်းချမ်းသာသာနေရလိမ့်မယ် ဆိုပြီးအမြဲပြောခဲ့ကြတယ်…ကျွန်မတို့က အဆင့်မကောင်းခဲ့ဘူးပညာမတော်ဘူးကြီးလာရင် ဆင်းရဲလိမ့်မယ် ပင်ပန်းလိမ့်မယ်ဆိုပြီး စာတွေကိုပဲအလွတ်ကျက်ခိုင်းကြတယ်…

အဲ့အတွက် ကျွန်မတို့လိုအမှတ်မကောင်းအဆင့်မကောင်းသူတွေဟာငါတို့ကြီးလာရင် လူရာဝင်မှာမဟုတ်ဘူးဆိုပြီးအတွေးရှိခဲ့ကြဘူးတယ်….အဆင့်မကောင်းတဲ့ကျွန်မဟာဘယ်ဆရာမရဲ့မျက်နှာသာပေးခြင်းကိုမှမခံရသလိုငွေကြေးမချမ်းသာလို့ကျောင်းပွဲတော်တွေရဲ့ဘယ်နေရာမှာမှလူရာမဝင်ခဲ့ဘူး…

ဒီအကြောင်းတွေကိုကျွန်မအမေကိုပြန်ပြောတိုင်းအမေကစကားတစ်ခွန်းအမြဲပြောတယ်”အဆင့်မကောင်းပေမယ့်”လူကောင်းဖြစ်အောင်ကြိုးစားပေါ့သမီးရဲ့”တဲ့” ငါ့သမီးက စာညံ့ပမေဲ့ကြီးလာရင် လူရာဝင်မှာပါ”တဲ့…..ခုပြန်တွေးကြည့်တော့လည်းအမေပြောတာလေးတွေမမှားခဲ့ဘူးဆိုတာကျွန်မသိခဲ့တယ်

ခုချိန်မှာငယ်ငယ်က အဆင့်၁ ဆိုတဲ့သူတိုင်းလည်းမချမ်းသာကြသလို…အမှတ်ကောင်းခဲ့တဲ့သူတိုင်းလည်းဆရာဝန်မဖြစ်ခဲ့ကြပါဘူးဆရာမတွေရဲ့မျက်နှာသာပေးတာခံခဲ့ရတဲ့သူတချို့လည်းလောကဓံရဲ့မျက်နှာသာပေးခြင်းကိုမခံရဘဲ အဆင်မပြေနေကြတဲ့သူတွေလည်းကျွန်မတွေ့နေရတယ်

၉တန်းတောင်မအောင်တဲ့သူတွေကသိန်းကိုသောင်းနဲ့ချီချမ်းသာနေကြပြီး…နှစ်စဉ်ပထမရခဲ့တဲ့သူတချို့ကတော့ရာထူးတစ်ခု ခုံတစ်လုံး ဘောပင်တစ်ချောင်းနဲ့အသက်တွေကြီးသွားတာကျမမြင်နေရတယ်ဆယ်တန်းကိုရိုးရိုးသာအောင်ခဲ့တဲ့သူတွေကကားထည်လဲစီးနေကြပြီးဂုဏ်ထူးတွေနဲ့အောင်တဲ့သူတွေကBus ကားစီးနေရတုန်းပဲ…

စာတော်ခဲ့ပြီး ခုလည်းအဆင်ပြေနေကြသူတွေရှိသလိုစာညံ့တဲ့သူတွေ ခုလည်းဆင်းရဲနေတုန်းပဲဆိုတာလည်းကျွန်မ တွေ့နေရတယ်ဆိုတော့…ကျွန်မငယ်ငယ် စာမရလို့စိတ်ဓာတ်ကျပြီးငိုခဲ့တာတွေ..အဆင့်၁ရတဲ့သူတွေရဲ့ကျွန်မတို့ကိုနှိမ်ချဆက်ဆံတာတွေ..ကျွန်မတို့ရဲ့ အဆုံးအဖြတ်ဟာReport card ပေါ်ကအဆင့်သာလျှင်ဖြစ်တယ်လို့ကျွန်မထင်ခဲ့တာတွင်အားလုံးဟာ ဟာသလိုဖြစ်နေတယ်

ကံကြမ္မာရဲ့အဆုံးအဖြတ်ဟာအဆင့်သက်မှတ်ချက်တွေထက်ပိုအရေးကြီးတယ်ဆိုတာသိလာတဲ့အခါ..ဘဝပေးအခြေအနေနဲ့မိဘရဲထောက်ပံ့ပေးနိုင်မှုတွေဟာအတန်းထဲမှာ ပထမရတာထက်ပိုအရေးကြီးတယ်ဆိုတာ…ပညာရေးမှာမထူးချွန်ပေမယ့်လူတိုင်းဟာ တခြားတစ်ခုခုမှာထူးချွန်နိုင်တယ်ဆိုတာ…ဘဝမှာ ကိုယ်ယုံကြည်ရာကိုသာသေချာကြိုးစားရင် အဆင့်၁မရလည်းကိစ္စမရှိဘူးဆိုတာ
သိလာတဲ့အချိန်မှာ…

ကျွန်မ သားသမီးတွေကိုအတန်းထဲမှာ ပထမရဖို့ အသည်းအသန်ကြိုးစားပြီးအပူလောင်နေတဲ့မိဘတွေထဲကျွန်မ မပါတော့ဘူး…ကျွန်မအမေလိုဘဲကျွန်မ သားသမီးတွေကိုစကားတခွန်းပဲကျွန်တော်ဘအမြဲပြောတယ်”အဆင့် ၁ရဖို့ထက် လူကောင်းဖြစ်အောင် ကြိုးစားပါအဆင့်၁ ရဖို့ထက်လူရာဝင်အောင် လူဝင်ဆံ့အောင်ပိုကြိုးစားပါအတန်းထဲမှာ မျက်နှာရဖို့ထက်ပြင်ပလောကမှာ အောင်မြင်စွာရပ်တည်ဖို့အမြဲကြိုးစားပါ”

Credit…by ပညာရွှေအိုး

#လူငယ်များအတွက့်စာပေအသိပညာ