“ကျမ ကိုဗစ် ဖြစ်လို့ ဆေးရုံတက်ရတာ။ ခု ဆေးစစ်ချင်လို့။”
“ဘယ်တုန်းက ဆေးရုံဆင်းတာလဲ။”
ဒီဇင်ဘာလဆန်းထဲကလို့ ပြန်ဖြေတယ်။ ဒါနဲ့ နေကောင်းနေရင် ဘာမှ စစ်ဖို့ မလိုကြောင်း ရှင်းပြလိုက်ရတယ်။ “နေပါဦး။ ဘယ်က ကူးတာလဲ။”
“ကျမက အရမ်းကို ဂရုစိုက်တာ။ အပြင်သွားရင် Mask ကို အမြဲ တပ်ထားတာ။ ရုံးမှာလည်း လက်အမြဲဆေးတာပဲ။ ကျမညီမသူငယ်ချင်းဆီက ကူးတာ ထင်တာပဲ။
သူလာတဲ့နေက ကျမရုံးက အပြန် ခဏလေး စကားပြောမိတာပဲ။ နောက်တော့ သူ P ထွက်ပြီး ဆေးရုံတက်ရတာ ကျမတို့ကို မပြောဘူး။
ကျမလည်း ချောင်းဆိုးလာလို့ Fever Clinic သွားပြတော့ သားအမိ ၃ ယောက်လုံး စစ်ရတာ။ တော်ပါသေးရဲ့ အမေ့ကို မကူးလို့။ ညီမလေးလဲ Negative။”
“သူနဲ့ ဆုံတာ ဘယ်လောက် ကြာလို့လဲ။”
“အဝင်အထွက် နှုတ်ဆက်ရုံလောက်ပဲ။ သုံးမိနစ်လောက်ပဲ ရှိမှာပါ။ ဒါပေမယ့် သူကလည်း Mask ဖြုတ်ထားတာ။ ကျမကလည်း အိမ်ထဲရောက်တော့ Mask ချွတ်လိုက်တာ။”
“အင်း.. သူကိုင်သွားတဲ့ အရာတွေကို ခင်ဗျားက ကိုင်မိ၊ အဲဒီလက်နဲ့ မျက်နှာကို နှာခေါင်းကို ကိုင်မိရင်လည်း ကူးတာမျိုး။ ခင်ဗျားတို့ကလည်း ဧည့်သည်ကို အိမ် အဝင်မှာ လက်ဆေးခိုင်းမှာ မဟုတ်ဘူးလေ။”
“ဟုတ်တယ်။ သူက ကျမအခန်းထဲမှာ ကျမမလာခင် အကြာကြီး နေသွားခဲ့တာ။ ကျမကလည်း အိမ်မှာဆိုတော့ ရုံးမှာလောက် လက်မဆေးဖြစ်တော့ဘူးလေ။ သင်ခန်းစာပေါ့။”
“အေးပါဗျာ။ ခုကာလက ကိုယ့်အိမ်ကိုလည်း ဧည့်သည် လက်မခံသင့်သလို ကိုယ်ကလည်း သူများအိမ်သွားလည်ဖို့ အားနာသင့်တဲ့ အချိန်ပါပဲ။”
Dr. Maung Maung Oo