News

“ပိုက်ဆံတွေ အများကြီးလှူလို့ အံ့ဩနေတဲ့ အမေအိုကြီးကိုကြည့်ပြီး ဝမ်းသာပီတိဖြစ်နေတဲ့ ဒိန်းဒေါင်ရဲ့ဗီဒီယို”

ပရိသတ်ကြီးရေ လူရွှင်တော်၊သရုပ်ဆောင် ဒိန်းဒေါင်ကတော့ အငြိမ့်ပွဲတွေမှာလည်း တက်တက်ကြွကြွနဲ့ ဖျော်ဖြေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ဒိန်းဒေါင်က ဇာတ်ကားတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဟာသစွမ်းရည်ပြည့်ဝလို့ ပရိသတ်တွေက တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်နော်။အခုချိန်ထိလည်း ဒိန်းဒေါင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ စိတ်သဘောထားလည်းပြည့်ဝပြီး လူတိုင်းအပေါ် ကူညီတတ်တဲ့ လူစားမျိုးဖြစ်ပါတယ်။ဒိန်းဒေါင်က လူရွှင်တော်အသင်း(ရန်ကုန်)မှာလည်း ဥက္ကဌအဖြစ် ဆောင်ရွက်နေသလို ချွန်တွန်းပရဟိတအဖွဲ့ကိုလည်း ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အခုလိုကိုဗစ်ကာလမှာတော့ ဒိန်းဒေါင်တို့ ပရဟိတအဖွဲ့က အခက်အခဲဖြစ်နေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်နော်။

ဒိန်းဒေါင်တို့က မွေးလူနာတွေကိုလည်း သေချာစောင့်ရှောက်ပေးပြီး လိုအပ်တဲ့ ဆေးဖိုးဝါးခတွေကို လှူပေးတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ခက်ခက်ခဲခဲရပ်တည်နေရတဲ့ လူတွေရဲ့အိမ်ကို အရောက်သွားပြီး တစ်နိုင်တစ်ပိုင်လေးကူညီနေတာပါနော်။

ရုပ်သံကြည့်ရန်

အခုဆိုရင်လည်း ဒိန်းဒေါင်က အသက်(၉၀)ကျော်ရှိနေပြီဖြစ်တဲ့ အမေအိုကြီးကို ပိုက်ဆံငါးသောင်း ပေးလှူခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Dain Daung