ဗဟုသုတ

“ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာ”

ယတြာက တော်တော်လည်း လွယ်ကူပါတယ်။ အလွန်အင်မတန်မှလည်း လွယ်ကူသလောက် ထိရောက်မှု့ ရှိပါတယ်။ ထင်မှတ်မထား လောက်အောင်ကို ထူးခြားမှု့ရှိပါတယ်။ ဒါကြောင့် ဈေးသည်များအနေနှင့် (မည့်သည့်ဈေးသည်မဆို) ဤယတြာကို လုပ်စေချင်ပါတယ်။ ချက်ချင်းကို ထူးထူးခြားခြား သိသိသာသာ လာဘ်ပွင့်ပြီး ရောင်ပန်းဝယ်ပန်း ပွင့်လန်းစေပါတယ်။

ဒါပေမဲ့ အရင်ဆုံးသတိရ ရမှာက …

ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာ တို့ကို ဦးထိပ်ထားပါ။ နောက် ဆိုင်နေရာအခင်းအကျင်းကို ပိုက်ဆံရှိမှ မဟုတ်ပါဘူး မိမိတတ်နိုင်သလောက်နဲ့ သန့်ရှင်းသပ်ရပ်စွာ customer များကိုဆွဲဆောင်ပါ။ ဈေးနှုန်းမှန်ကန်စွာ ရောင်းချပါ။ ရောင်းသူ ဝယ်သူ အသံတူ ဆိုတဲ့ စကားအတိုင်း မိမိဆိုင်လာတဲ့ customer များကို ချိုသာယဉ်ကျေးစွာ ဆက်ဆံပါ။ customer များရဲ့ ဆန္ဒကို အလေးထားပါ။ ဒါတွေ ပြည့်စုံပြီဆိုရင်တော့ ယတြာကို စတင်လုပ်လို့ရပါပြီ။

ချက်ချင်းဆိုသလို သိသိသာသာ အောင်မြင်ကြတယ်လို့ ဆိုပါတယ်။ တစ်ခု ပြောကြားလိုတာက ဒီယတြာနည်းကို လုပ်ပြီးရင် စောင့်နေစရာမလိုပါဘူး။ ချက်ချင်း အကျိုးအမြတ်ကို သိသိသာသာ လက်တွေ့ ခံစားရတာပါ။ ဒါကြောင့် တစ်ခုပဲ ပြောကြားလိုပါတယ်။ လုပ်ကြည့်လိုက်ပါ။ မုချ အောင်မြင်ပါလိမ့်မယ်။

ဈေးဆိုင်နှင့်အထိုင်ချပြီး ဈေးရောင်းတာပဲ ဖြစ်ဖြစ် လှည့်သွားလှည့်လာ အရောင်းအဝယ် လုပ်သူပဲဖြစ်ဖြစ် တန်ဖိုးနည်း ပစ္စည်းကိုပဲ ရောင်းရောင်း၊ တန်ဖိုးကြီး ပစ္စည်းများကိုပဲ ရောင်းရောင်း၊ အစားအသောက်ပဲ ရောင်းရောင်း၊ အဝတ်အထည်ပဲ ရောင်းရောင်း၊ ဤယတြာကို ဆောင်ရွက်နိုင်ပါသည်။

တနင်္ဂနွေနေ့တွင် အရောင်းအဝယ် ဆောင်ရွက်သောအခါ ဈေးဦးမပေါက် အရောင်းအဝယ် ပါးနေသည်။ အခါတိုင်းလောက် အရောင်းအဝယ်မဖြစ်ဟု ထင်ပါက ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

တနင်္လာနေ့တွင် အရောင်အဝယ် ပြုသောအခါတွင် ရောင်းပန်းဝယ်ပန်းမပွင့် ဝယ်သူကျဲ၍ ငိုက်မျဉ်းနေရပြီး ဈေးဦးမပေါက်ပါက ပန်းကန်ပြား တစ်ချပ်အတွင်း ဆီးယိုထည့်၍ စားလိုက်ပါ။ ဇီးသီလည်း စားနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအား ကောင်းလာမည်။

အင်္ဂါနေ့တွင် ဈေးရောင်းသောအခါ ဓာတ်ပွင်စေရန် ဆိုင်တွင် ရှောက်သီးသုပ်စားခြင်း ဖြစ်သည်။ အိမ်မှ ကြိုတင်ပြင်ဆင် ယူလာခြင်း သို့မဟုတ် ဈေးမှဝယ်ယူ စားသုံးခြင်း ပြုနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ဗုဒ္ဓဟူးနေ့တွင် ဈေးအရောင်း အဝယ်ကောင်းသော လာဘ်ဖွင့်နည်းကား ပဲပင်ပေါက် ပဲပြားကြော် စားခြင်းဖြစ်သည်။ ထမင်းချိုင့် ၊ထမင်းဗူးအတွင်း ထည့်ယူလာခြင်းဖြစ်စေ ဈေးရောက်မှ အခြားဆိုင်မှ ဝယ်ယူခြင်းဖြစ်စေ စားသုံးနိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

ကြာသပတေးနေ့တွင် ဈေးရောင်းအဝယ်ပြုစဉ် ဈေးရောင်းမကောင်းခြင်း ၊ မိမိဈေးဆိုင် လူဝင်ပါးခြင်းဖြစ်ပါက သရက်သီးနှင့် လာဘ်ဖွင့်ရမည်။ သရက်သီးချိန် သရက်သီး ၊ သရက်ကင်းချိန် သရက်ကင်း၊ သရက်သီး မရှိပါက သရက်သီး ကုလားတည်ဖြင့် ထမင်းစားလိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

သောကြာနေ့တွင် ဈေးရောင်းကောင်းလိုပါက နို့နှင့်ပြုလုပ်ထားသော နို့မလိုင်ကို စားသုံးလိုက်ပါ။ နို့နှင့်ပြုလုပ်ထားသော မည်သည့် အစားအသောက်ကို မဆို စားသောက်နိုင်ပါသည်။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

စနေနေ့တွင် အရောင်းအဝယ်ကောင်းအောင် လာဘ်ရွှင်အောင် လူစည်ကားအောင် အရောင်းအဝယ် ဖြစ်အောင် အုန်းသီးနှင့် ပြုလုပ်ထားသော အစားအသောက် တစ်ခုခုဖြစ်စေ ၊ အုန်းနို့ခေါက်ဆွဲဖြစ်စေ ဈေးရောင်းသော နေရာတွင် စားသောက်လိုက်ပါ။ ချက်ချင်းလက်ငင်း ဝယ်သူများ တရုန်းရုန်းနှင့် စည်ကား၍ ရောင်းအားကောင်းလာမည်။

အထက်ပါ ဈေးရောင်းကောင်းစေသော ယတြာကို အပတ်စဉ်လုပ်၍ ရသည်။ နေ့စဉ် ဆောင်ရွက်လို့ ရသည်။ ကံကောင်း ကံမကောင်း သိစရာမလို၊ မွေးနေ့ မွေးရက် သိစရာမလို၊ မည်သည့် နေ့သားသမီးများမဆို ဆောင်ရွက်နိုင်ပါသည်။

ချက်ချင်းဆိုသလို သိသာစေသည်။ အောင်မြင်စေသည်။ ပွင့်လန်းစေသည်။ ထို့ကြောင့် အရောင်းအဝယ် သမားများအနေနှင့် အထက်ပါယတြာကို သင်တို့၏ မှတ်စုစာအုပ်ထဲတွင် နေ့စဉ် အဆင်သင့် ဆောင်ရွက်ရစေရန်အတွက် ဇယားဆွဲပြီး ကူးထားလိုက်ကြ ပေတော့ဟူ၍သာ လေးနက်သောစိတ်ဖြင့် တိုက်တွန်း လိုက်ရပါတော့သည်။

Credit