#အိမ်ဆောက်လုပ်လှူဒါန်းမှုအမှတ်စဥ်၃
*အမည်============အဖွားဒေါ်အေးမြင့်
*အသက်============၈၂နှစ်
*လှူဒါန်းသည့်ရက်စွဲ====၂၅.၁၂.၂၀၂၀
*နေရပ်လိပ်စာ======== နဘဲကွင်းကျေးရွာ၊ နဘဲကွင်းကျေးရွာအုပ်စု
❤. .ချစ်စရာကောင်းတဲ့အဖွားဒေါ်အေးမြင့် အသက်က ၈၂ နှစ်ရှိပြီ . .
တစ်ယောက်ထဲ လမ်းဘေးက ကျူးမြေလေးမှာနေထိုင်ရင်းနေဝင်ချိန်ကိုစောင့်မျှော်နေရသူမလုံခြုံတဲ့အိမ်လေးမှာမပြည့်စုံစွာရှင်သန်ရင်းရင်ဖွင့်ဖော်မဲ့စောင့်ရှောက်သူမဲ့နေတဲ့အဖွား
♥. .သူ့ငယ်ဘဝတွေကိုမှတ်မှတ်ရရပြောပြတတ်တဲ့အဖွား
♥. .အသက် ၄ နှစ်မှာ အမေဆုံးအသက် ၆ နှစ်မှာ အဖေဆုံးပြီးငယ်ငယ်ကထဲက လောကဒဏ်ကိုရင်ဆိုင်ခဲ့ရတဲ့အဖွား
♥. .အိမ်ထောင်ကျတော့ကံကောင်းရှာတယ်ထင်ပါရဲ့ဒါပေမယ့် အိမ်ထောင်သက် ၁၇ နှစ် မှာအမျိုးသားကဘုန်းကြီးဝတ်သွားပြန်တော့သားထောက်သမီးခံမရှိ တစ်ယောက်ထဲအထီးကျန်ခဲ့ရပြန်တဲ့အဖွား ♥. .အမျိုးသားကတစ်သက်စာစားဖို့ ပြင်ဆင်ချန်ထားပေးခဲ့ပေမယ့် ထိုင်စားရင်းကုန်သွားရှာတဲ့ရိုးသားတဲ့အဖွား
♥. .လက်ရှိအိမ်လေး လေမိုး ဒဏ်ကြောင့်ပြိုကျမှာစိုးလို့နေ့စဥ်အချိန်နဲ့အမျှ လေနတ်သား မိုးနတ်သားကိုမေတ္တာပို့ပေးနေရပါတယ်ဆိုတဲ့အဖွား
♥. .ထမင်းစားရတာထက် မုန့်မစားရရင်မနေနိုင်ဘူးဆိုတဲ့အဖွား
♥. .နေ့စဥ် ငပိချက်ကို တစ်နေ့တစ်မျိုးမရိုးရအောင်ချက်ပြီး နာမည်အမျိုးမျိုးပေးပြီးစားနေရတဲ့အဖွား
♥. .ဒီညတော့ သူ နွေးထွေးလုံခြုံစွာ အိပ်ပျော်နိုင်တော့မှာပါ . .
အလှူရှင်
ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ် “မခင်ဝင့်ဝါ “၏ လှူဒါန်းမှုအား သုဝဏ္ဏသာမ (လက်ပံတန်း)မှ ဦးစီးဆောင်ရွက်မှုဖြင့် နွေးထွေးပြီး သပ်ရပ်လှပတဲ့ အိမ်လေးတစ်လုံးကို ဆောက်လုပ်ပေးခဲ့နိုင်ပါပြီ….🏠
🙏🙏🙏လှူဒါန်းပေးပါသော ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ် ” ခင်ဝင့်ဝါ ” အား အထူးကျေးဇူးတင်ရှိပါကြောင်း . .ကျန်းမာသက်ရှည်ပြီး . .ဒီ့ထက်ပိုမိုအောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါစေ . .
အနုပညာလုပ်ငန်းတွေကို သက်ဆုံးတိုင် လုပ်ကိုင်နိုင်ပြီး အနုပညာသက်တမ်း တလျှောက်မှာ အကယ်ဒမီဆုများရှင် တစ်ယောက်အဖြစ်ပရိတ်သတ် ချစ်ခင်အားပေးသူ ဖြစ်ပါစေ .ဘဝတစ်လျှောက်လုံး လှူဒါန်းပေးကမ်းနိုင်တဲ့၊ ချမ်းသာပြည့်စုံသူ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေ . လို့သုဝဏ္ဏသာမ(လက်ပံတန်း) မှဆုတောင်းလိုက်ပါတယ် . . .🙏🙏🙏
#အိမ်ဆောက်လုပ်လှူဒါန်းမှုအမှတ်စဥ်၃ငွေစာရင်းရှင်းတမ်း
တင်းဝါး ………၉လုံး×၁၂၀၀ =၁၀၈၀၀
မျှင်ဝါး…………၃၀လုံး×၅၀၀ =၁၅၀၀၀
ထရံ ……….. ၅ချပ်×၈၀၀၀ =၄၀၀၀၀
သွပ် ………… ၁၀ချပ်×၃၉၉၀ =၃၉၉၀၀
သံ ……………… = ၇၁၅၀
ခေါင်အုပ် …………… =၁၂၀၀၀
သွပ်ကြိုး ………….. = ၃၀၀၀
အခင်း …………… =၁၅၀၀၀
လက်သမားခ …………. =၄၀၀၀၀
မျောတိုင်အကြီး၄လုံး×၈၀၀၀ . =၃၂၀၀၀
မျောတိုင်အသေး၁၇လုံး× ၃၀၀၀ .. =၅၁၀၀၀
ဆိုလာ မီးအိမ် ၁လုံး ………. = ၅၅၀၀
မီးဖိုးသွပ် ၃ချပ် = ၇၅၀၀
ခြင်ထောင် ခေါင်းအုံးစွပ် = ၅၀၀၀
================================
စုစုပေါင်းကုန်ကျငွေ = ၂၈၃၈၅၀
လုပ်အားဒါနအဖြစ် သုဝဏ္ဏသာမ(လက်ပံတန်း) အဖွဲ့ဝင်များ ဝိုင်းဝန်းကူညီဆောက်လုပ်ပေးကြပါသည်။
🙏အသက်ရွယ် ရလာတဲ့ သက်ကြီး ရွယ်အို တိုင်းကို အိုကံ ကောင်းစေချင်ပါတယ်..
🙏အထီးကျန်မှူတွေ ကနေ လည်း ကင်းဝေး စေချင်တယ်..
🙏စိတ် နွမ်းလျ မှူတွေကလည်း ကင်းဝေးလို့ ဘဝကို အေးအေးချမ်းချမ်း အနားယူစေ ချင်ပါတယ်..
🙏ဆင်းရဲနွမ်းပါး ခိုကိုးရာမဲ့ ကျောထောက် နောက်ခံ မရှိ အမှန်တကယ် လိုအပ်နေသောအဖိုးအဖွားမျာကို ထောက်ပံ့လှူဒါန်းလိုပါက
☎️ကိုဝဏ္ဏထွန်း ……- 09764400133
☎️ကိုဖိုးသင်္ကြန်……- 09423736300
☎️ကိုမင်းလွင်ဦး ….- 09267826980
☎️ကိုအေးမင်းပိုင်…- 09981618941
☎️ကိုအေးမင်း………-09968812300
ဖုန်းနံပါတ်များသို့ ဆက်သွယ် လှူဒါန်းနိူင်ပါတယ် ခင်ဗျာ။
#သုဝဏ္ဏသာမ
#သုဝဏ္ဏသာမလက်ပံတန်း