Zawgyi ျဖင့္ဖတ္ရန္
ျမန္မာမိန္းကေလးငယ္ေလးေတြ အတုယူႏိုင္ဖို႔ KBZသူေဌးႀကီးရဲ႕ သမီး ၃ေယာက္အေၾကာင္း
အတုယူဖြယ္မိန္းကေလး…?
KBZ ဘဏ္ သူေဌး ဥကၠဌႀကီး ဦးေအာင္ကိုဝင္း မွာ သမီး သုံးေယာက္ ရွိတယ္။ သူ႔ သမီးေတြထဲမွာ နန္းလိုင္ခမ္း Nang Lang Kham လို႔ေခၚတဲ့ တစ္ေယာက္က ဗမာျပည္ ရဲ႕ ႏိုင္ငံေရး နဲ႔ စီးပြားေရး ထိပ္ဆုံးအလႊာ Elite အသိုင္းအဝိုင္းထဲမွာ ေရလည္ဝင္ဆန႔္ၿပီး ေနရာယူ ထားတဲ့ ပညာတက္ Business Woman တစ္ေယာက္ျဖစ္တယ္ ။ အခုမွ အသက္က ၃၀ ဘဲ ရွိေသးတယ္ ။
ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ျမန္မာျပည္က Tycoon လို႔ေခၚတဲ့ ( ယခင္ အေခၚ ခ႐ိုနီ ) လုပ္ငန္းရွင္သူေဌးေတြ Meeting လုပ္တိုင္း KBZ ရဲ႕ Representative Chairman တစ္ေယာက္အေန နဲ႔ တက္တယ္။ သူ႔ အေဖက သူ႔ကို လႊဲထားတယ္. .
ျမန္မာျပည္က နာမည္ႀကီး သူေဌးေတြ ဦးေဇာ္ေဇာ္ ဦးခင္ေ႐ႊ တို႔က အစ တေလးတစား နဲ႔ ဦးေအာင္ကိုဝင္း ရဲ႕ ကိုယ္စားလွယ္ အျဖစ္ တစ္တန္းထဲ ေနရာေပး ရတယ္ ။
KBZ ဘဏ္နဲ႔ KBZ Group ႀကီး တစ္ခုလုံး ရဲ႕ အႀကီးတန္း ဒါ႐ိုက္တာ ျဖစ္ၿပီး ၊ Air KBZ နဲ႔ MAI Airline ေလေၾကာင္းလိုင္း ႏွစ္ခုရဲ႕ Chairman ဥကၠဌ ျဖစ္တယ္ ။ KBZ ျမန္မာ အလင္းတန္း ေဖာင္ေဒးရွင္း ( BFM – Brighter Future Myanmar Foundation) ရဲ႕ Founder လဲ ျဖစ္တယ္ ။
2016 ခုႏွစ္မွာ အေမရိကား အေျခစိုက္ ကမာၻေက်ာ္ စီးပြားေရး မဂၢဇင္း Forbes ရဲ႕ အာရွတိုက္ရဲ႕ ေစာင့္ၾကည့္ရမဲ့ ထူးခြၽန္ လူငယ္ အမ်ိဳးသမီး စီးပြားေရး လုပ္ငန္းရွင္ 12 ေယာက္ List ထဲမွာ သူပါသြားတယ္ ။
ျမန္မာျပည္က ဘယ္လုပ္ငန္းရွင္ သူေဌးမွ မပါဘူး ၊ ဘယ္ လူငယ္ Entrepreneur တစ္ေယာက္မွ မပါဘူး အဲတုန္းက အသက္ ၃၀ မျပည့္ေသးတဲ့ နနိးလိုင္ခမ္းလို႔ ေခၚတဲ့ မိန္းကေလး တစ္ေယာက္ဘဲ ပါသြားတယ္ ။
သူခု လက္ရွိ လုပ္ေနတာေတြက BFM foundation အေနနဲ႔ ျမန္မာျပည္အႏွံ႔က ေမြးရာပါ ႏႈတ္ခမ္းကြဲ အာေခါင္ကြဲ ကေလးေတြကို အခမဲ့ လိုက္ၿပီး ခြဲစိတ္ကုသေပးတယ္ ။ ေရႀကီးတဲ့ ေနရာေတြမွာ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ ထူေထာင္ေနရာခ်ထားေရး လုပ္ငန္းစဥ္ေတြ အတြက္ က်ပ္ သန္းေပါင္းမ်ားစြာ လႈတယ္ ။ Young banker တစ္ေယာက္လဲ ျဖစ္တယ္ ။
ကြၽန္ေတာ္ ဒါေတြ ေျပာျပေနတာက သူ႔ကို ေလာ္ဘီ လုပ္ေပးေနတာ မဟုတ္ဘူး ၊ ဟိမဝႏၲာ ခ်ီးမြမ္းခန္း ဖြင့္ေနတာ လဲ မဟုတ္ဘူး ၊ ဒီေခတ္ မိန္းကေလးေတြကို အတုယူေစခ်င္လို႔ ေျပာျပေနတာ ျဖစ္တယ္ ။ သူ႔ရဲ႕ ေနပုံထိုင္ပုံကို အတုယူေစခ်င္တယ္ ။
အေပၚမွာ ဒီေလာက္ေျပာသြားတာ သူ႔အေနအထား ၊ အဆင့္အတန္း ၊ ပိုင္ဆိုင္မႈနဲ႔ အသိုင္းအဝိုင္းက ျမန္မာျပည္မွာ ဘယ္လိုမ်ိဳးလဲ ဆိုတာ အားလုံး ခန႔္မွန္းၿပီးေလာက္ပါၿပီ ။ သူ႔ အေနအထားနဲ႔ လူေျပာခံရေအာင္ မေနဘူး အေနအထိုင္ သိုသိပ္တယ္ ဦးေဇာ္ေဇာ္လိုဘဲ ၊ ပညာရွိတယ္ ေျပာရမယ္ ။
ခု ျမန္မာျပည္မွာ ခေလးေတြ ႀကိဳက္ေနၾကတဲ့ အားက်ၿပီး လိုက္ျဖစ္ခ်င္ေနၾကတဲ့ မင္းသမီးေပါက္စေတြ ဘာညာ ဘေလာ့ဂါ ေတြရဲ႕ Life Style ေတြက ၾကည့္ရင္ေတာ့ ဟုတ္သလိုလိုရွိေပမဲ့ ၊ တကယ့္ တကယ္ ကိုယ္တိုင္ အရည္အခ်င္း တန္ဖိုးရွိၿပီး ေယာက်ာ္းတိုင္းက ေလးစားၿပီး အထင္မေသးရဲတဲ့ ကိုယ္ပိုင္ပညာ တန္ဖိုးျမင့္တဲ့ မိန္းကေလး တစ္ေယာက္ ဘဝ ကိုဘဲ ရေအာင္ ႀကိဳးစားေစခ်င္တယ္ ၊။
အေပၚယံ ႐ုပ္ဝတၳဳ ပကာသန ပစၥည္းေတြနဲ႔ အႏွစ္မရွိတဲ့ ခပ္ေပါေပါ ခံယူခ်က္ေတြေပၚမွာ လုပ္ျပေနၾကတဲ့ လူငယ္ မိန္းကေလးCelebrities ေတြကို သြား အားမက်ေစခ်င္ဘူး ။Rich kid အေနနဲ႔ ႀကီးျပင္းလာၾကတာခ်င္း တူေပမဲ့ ဘဝ စံခ်ိန္ စံႏႈန္း Living Standard နဲ႔ အေတြးအေခၚ မွာ မိုးနဲ႔ ေျမေလာက္ကြာသြားတယ္ ။
နန္းလိုင္ခမ္း အေနနဲ႔ ႂကြားခ်င္ရင္ ဗမာ တစ္ျပည္လုံး ဆြံ႕အသြားေအာင္ ႂကြားျပလိုက္လို႔ ရတယ္။ ဒါေပမဲ့ လူသိ သိပ္မခံဘဲ ျမန္မာျပည္ရဲ႕ Driving Force တစ္ခု အေနနဲ႔ ပါဝင္ ပက္သက္ေနတယ္ ။
သူ႔ရဲ႕ FB မွာ သူ႔ရဲ႕ Activities ကိုဝင္ၾကည့္လို႔ရတယ္ ။ သူဘာလဲ ဘယ္လမ္းေလွ်ာက္ေနတာလဲ ဆိုတာ သိရလိမ့္မယ္ ။ အရမ္း Simple ျဖစ္တယ္ ဘာ Personal မွ တင္ထားတာေတာင္ မေတြ႕ရဘူး ။
လူတိုင္းကေတာ့ ဘဝေပး အေျခအေနေတြ တူၾကမွာေတာ့မဟုတ္ဘူး။ ကိုယ့္ဘဝက သူမ်ားနဲ႔ တန္းတူမျဖစ္ခဲ့ရင္လဲ စိတ္ဓာတ္က် စိတ္ပ်က္ အားငယ္ေနဖို႔ မဟုတ္ဘဲ ပိုႀကိဳးစားဖို႔ ျဖစ္လာေစတဲ့ အေၾကာင္းဘဲ ျဖစ္ရမယ္ ။ ကိုယ့္ဘဝေပး အေျခအေနက သူမ်ားထက္ ပိုမိုသာလြန္ ေကာင္းမြန္ခဲ့ရင္လဲ ကိုယ့္ထက္ နိမ့္က်ေနတဲ့ ဘဝေတြကို ျပန္လည္ မစ ေထာက္ပံ့ႏိုင္ ဖို႔ အေၾကာင္းဘဲ ျဖစ္ရမယ္ ။
ရွိလို႔လဲ ႂကြားေနစရာ မလိုသလို ၊ မရွိလို႔လဲ အားငယ္ေနစရာ ဘာအေၾကာင္းမွ မရွိဘူး ။ အေရးႀကီးတာက သိပ္တန္ဖိုးရွိတဲ့ ဘဝ အခ်ိန္တို ခနေလးမွာ အႏွစ္မရွိတဲ့ အေပါစား လုပ္ရပ္ေတြနဲ႔ အခ်ိန္မကုန္ဖို႔ဘဲ ။
ကိုယ့္ရဲ႕ ဘဝေပးအေျခအေန ေကာင္းမြန္စြာ ျဖစ္တည္လာျခင္းက ဘယ္သူ တစ္ဦးတစ္ေယာက္ အတြက္မွ အက်ိဳးမျပ ုခဲ့ဘူးဆိုရင္ ကိုယ္လုပ္ျပေနတဲ့ အရာအားလုံးကလဲ ဘာ အဓိပါယ္မွ မရွိတဲ့ အလကားဘဲ ျဖစ္မွာဘဲ ။
ဆန္ကုန္ေျမေလးနဲ႔ ဘာမွ မထူးပါဘူး ။ ဘာေၾကာင့္ အသက္ လာရွင္တာလဲ ဆိုတဲ့ ကိုယ့္ရည္႐ြယ္ခ်က္ကို ကိုယ္သိေနတဲ့ သူက မဂၤလာရွိတယ္ ။ႀကိဳးစားေနတဲ့ Rich Kid ေတြမွ အႏွစ္ရွိတဲ့ သူ ဆိုတဲ့ သေဘာမ်ိဳး ေျပာခ်င္တာ မဟုတ္ဘဲ.. ၊
ဘယ္သူမဆို ဆင္းရဲ ခ်မ္းသာ မေ႐ြး ဘဝမွာ အပိုဆာဒါးေတြ မလုပ္ျပေနဘဲ ႀကိဳးစား ပညာသင္ၿပီး ရည္႐ြယ္ခ်က္ရွိရွိ ကိုယ့္ ပတ္ဝန္းက်င္ကို အက်ိဳးရွိေစတဲ့ မစႏိုင္တဲ့ လူတစ္ေယာက္ ျဖစ္လာတဲ့ အထိ ႀကိဳးစား လုပ္ကိုင္ ေနဖို႔ လိုတယ္ ဆိုတဲ့ မက္ေဆ့ ေပးခ်င္တာပါ ။
အဲလို အႏွစ္ရွိတဲ့ မိနိးကေလးေတြကိုဘဲ ေယာက်ာ္းေတြက တန္ဖိုးထား ေလးစားတာ ျဖစ္တယ္ ။ အတုယူမမွားေစခ်င္ဘူး တကယ္ႀကိဳးစားၾကေစခ်င္တယ္ ။ အႏွစ္ရွိတဲ့ မိန္းကေလးေတြ ျဖစ္ေစခ်င္တယ္ ။
ဘဝရဲ႕အခ်ိန္တို ခနေလးအတြင္းမွာ ကိုယ္ အသက္ရွင္တဲ့ ရည္႐ြယ္ခ်က္ က ကိုယ့္ကို တန္ဖိုး ျပန္သတ္မွတ္ေပးတာပါ ။ ဒီစာေလးက တစ္ေယာက္ေယာက္ကိုMotivate ျဖစ္သြားေစတယ္ ဆိုရင္ ေက်နပ္ပါတယ္ ။
အားလုံး တန္ဖိုးရွိစြာ အသက္ရွင္ႏိုင္ပါေစ ။
Credit to Zay yar min zin
အရွင္ေကသရ[ေမတၱာေရစင္]
Unicode ျဖင့္ဖတ္ရန္
မြန်မာမိန်းကလေးငယ်လေးတွေ အတုယူနိုင်ဖို့ KBZသူဌေးကြီးရဲ့ သမီး ၃ယောက်အကြောင်း
အတုယူဖွယ်မိန်းကလေး…?
KBZ ဘဏ် သူဌေး ဥက္ကဌကြီး ဦးအောင်ကိုဝင်း မှာ သမီး သုံးယောက် ရှိတယ်။ သူ့ သမီးတွေထဲမှာ နန်းလိုင်ခမ်း Nang Lang Kham လို့ခေါ်တဲ့ တစ်ယောက်က ဗမာပြည် ရဲ့ နိုင်ငံရေး နဲ့ စီးပွားရေး ထိပ်ဆုံးအလွှာ Elite အသိုင်းအဝိုင်းထဲမှာ ရေလည်ဝင်ဆန့်ပြီး နေရာယူ ထားတဲ့ ပညာတက် Business Woman တစ်ယောက်ဖြစ်တယ် ။ အခုမှ အသက်က ၃၀ ဘဲ ရှိသေးတယ် ။
ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည်က Tycoon လို့ခေါ်တဲ့ ( ယခင် အခေါ် ခရိုနီ ) လုပ်ငန်းရှင်သူဌေးတွေ Meeting လုပ်တိုင်း KBZ ရဲ့ Representative Chairman တစ်ယောက်အနေ နဲ့ တက်တယ်။ သူ့ အဖေက သူ့ကို လွှဲထားတယ်. .
မြန်မာပြည်က နာမည်ကြီး သူဌေးတွေ ဦးဇော်ဇော် ဦးခင်ရွှေ တို့က အစ တလေးတစား နဲ့ ဦးအောင်ကိုဝင်း ရဲ့ ကိုယ်စားလှယ် အဖြစ် တစ်တန်းထဲ နေရာပေး ရတယ် ။
KBZ ဘဏ်နဲ့ KBZ Group ကြီး တစ်ခုလုံး ရဲ့ အကြီးတန်း ဒါရိုက်တာ ဖြစ်ပြီး ၊ Air KBZ နဲ့ MAI Airline လေကြောင်းလိုင်း နှစ်ခုရဲ့ Chairman ဥက္ကဌ ဖြစ်တယ် ။ KBZ မြန်မာ အလင်းတန်း ဖောင်ဒေးရှင်း ( BFM – Brighter Future Myanmar Foundation) ရဲ့ Founder လဲ ဖြစ်တယ် ။
2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။
မြန်မာပြည်က ဘယ်လုပ်ငန်းရှင် သူဌေးမှ မပါဘူး ၊ ဘယ် လူငယ် Entrepreneur တစ်ယောက်မှ မပါဘူး အဲတုန်းက အသက် ၃၀ မပြည့်သေးတဲ့ နနိးလိုင်ခမ်းလို့ ခေါ်တဲ့ မိန်းကလေး တစ်ယောက်ဘဲ ပါသွားတယ် ။
သူခု လက်ရှိ လုပ်နေတာတွေက BFM foundation အနေနဲ့ မြန်မာပြည်အနှံ့က မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေကို အခမဲ့ လိုက်ပြီး ခွဲစိတ်ကုသပေးတယ် ။ ရေကြီးတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်နေရာချထားရေး လုပ်ငန်းစဉ်တွေ အတွက် ကျပ် သန်းပေါင်းများစွာ လှုတယ် ။ Young banker တစ်ယောက်လဲ ဖြစ်တယ် ။
ကျွန်တော် ဒါတွေ ပြောပြနေတာက သူ့ကို လော်ဘီ လုပ်ပေးနေတာ မဟုတ်ဘူး ၊ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်နေတာ လဲ မဟုတ်ဘူး ၊ ဒီခေတ် မိန်းကလေးတွေကို အတုယူစေချင်လို့ ပြောပြနေတာ ဖြစ်တယ် ။ သူ့ရဲ့ နေပုံထိုင်ပုံကို အတုယူစေချင်တယ် ။
အပေါ်မှာ ဒီလောက်ပြောသွားတာ သူ့အနေအထား ၊ အဆင့်အတန်း ၊ ပိုင်ဆိုင်မှုနဲ့ အသိုင်းအဝိုင်းက မြန်မာပြည်မှာ ဘယ်လိုမျိုးလဲ ဆိုတာ အားလုံး ခန့်မှန်းပြီးလောက်ပါပြီ ။ သူ့ အနေအထားနဲ့ လူပြောခံရအောင် မနေဘူး အနေအထိုင် သိုသိပ်တယ် ဦးဇော်ဇော်လိုဘဲ ၊ ပညာရှိတယ် ပြောရမယ် ။
ခု မြန်မာပြည်မှာ ခလေးတွေ ကြိုက်နေကြတဲ့ အားကျပြီး လိုက်ဖြစ်ချင်နေကြတဲ့ မင်းသမီးပေါက်စတွေ ဘာညာ ဘလော့ဂါ တွေရဲ့ Life Style တွေက ကြည့်ရင်တော့ ဟုတ်သလိုလိုရှိပေမဲ့ ၊ တကယ့် တကယ် ကိုယ်တိုင် အရည်အချင်း တန်ဖိုးရှိပြီး ယောကျာ်းတိုင်းက လေးစားပြီး အထင်မသေးရဲတဲ့ ကိုယ်ပိုင် ပညာ တန်ဖိုးမြင့်တဲ့ မိန်းကလေး တစ်ယောက် ဘဝ ကိုဘဲ ရအောင် ကြိုးစားစေချင်တယ် ၊။
အပေါ်ယံ ရုပ်ဝတ္ထု ပကာသန ပစ္စည်းတွေနဲ့ အနှစ်မရှိတဲ့ ခပ်ပေါပေါ ခံယူချက်တွေပေါ်မှာ လုပ်ပြနေကြတဲ့ လူငယ် မိန်းကလေးCelebrities တွေကို သွား အားမကျစေချင်ဘူး ။
Rich kid အနေနဲ့ ကြီးပြင်းလာကြတာချင်း တူပေမဲ့ ဘဝ စံချိန် စံနှုန်း Living Standard နဲ့ အတွေးအခေါ် မှာ မိုးနဲ့ မြေလောက်ကွာသွားတယ် ။
နန်းလိုင်ခမ်း အနေနဲ့ ကြွားချင်ရင် ဗမာ တစ်ပြည်လုံး ဆွံ့အသွားအောင် ကြွားပြလိုက်လို့ ရတယ်။ ဒါပေမဲ့ လူသိ သိပ်မခံဘဲ မြန်မာပြည်ရဲ့ Driving Force တစ်ခု အနေနဲ့ ပါဝင် ပက်သက်နေတယ် ။
သူ့ရဲ့ FB မှာ သူ့ရဲ့ Activities ကိုဝင်ကြည့်လို့ရတယ် ။ သူဘာလဲ ဘယ်လမ်းလျှောက်နေတာလဲ ဆိုတာ သိရလိမ့်မယ် ။ အရမ်း Simple ဖြစ်တယ် ဘာ Personal မှ တင်ထားတာတောင် မတွေ့ရဘူး ။
လူတိုင်းကတော့ ဘဝပေး အခြေအနေတွေ တူကြမှာတော့မဟုတ်ဘူး။ ကိုယ့်ဘဝက သူများနဲ့ တန်းတူမဖြစ်ခဲ့ရင်လဲ စိတ်ဓာတ်ကျ စိတ်ပျက် အားငယ်နေဖို့ မဟုတ်ဘဲ ပိုကြိုးစားဖို့ ဖြစ်လာစေတဲ့ အကြောင်းဘဲ ဖြစ်ရမယ် ။
ကိုယ့်ဘဝပေး အခြေအနေက သူများထက် ပိုမိုသာလွန် ကောင်းမွန်ခဲ့ရင်လဲ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝတွေကို ပြန်လည် မစ ထောက်ပံ့နိုင် ဖို့ အကြောင်းဘဲ ဖြစ်ရမယ် ။
ရှိလို့လဲ ကြွားနေစရာ မလိုသလို ၊ မရှိလို့လဲ အားငယ်နေစရာ ဘာအကြောင်းမှ မရှိဘူး ။ အရေးကြီးတာက သိပ်တန်ဖိုးရှိတဲ့ ဘဝ အချိန်တို ခနလေးမှာ အနှစ်မရှိတဲ့ အပေါစား လုပ်ရပ်တွေနဲ့ အချိန်မကုန်ဖို့ဘဲ ။ ကိုယ့်ရဲ့ ဘဝပေးအခြေအနေ ကောင်းမွန်စွာ ဖြစ်တည်လာခြင်းက ဘယ်သူ တစ်ဦးတစ်ယောက် အတွက်မှ အကျိုးမပြ ုခဲ့ဘူးဆိုရင် ကိုယ်လုပ်ပြနေတဲ့ အရာအားလုံးကလဲ ဘာ အဓိပါယ်မှ မရှိတဲ့ အလကားဘဲ ဖြစ်မှာဘဲ ။
ဆန်ကုန်မြေလေးနဲ့ ဘာမှ မထူးပါဘူး ။ ဘာကြောင့် အသက် လာရှင်တာလဲ ဆိုတဲ့ ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်သိနေတဲ့ သူက မင်္ဂလာရှိတယ် ။ကြိုးစားနေတဲ့ Rich Kid တွေမှ အနှစ်ရှိတဲ့ သူ ဆိုတဲ့ သဘောမျိုး ပြောချင်တာ မဟုတ်ဘဲ.. ၊
ဘယ်သူမဆို ဆင်းရဲ ချမ်းသာ မရွေး ဘဝမှာ အပိုဆာဒါးတွေ မလုပ်ပြနေဘဲ ကြိုးစား ပညာသင်ပြီး ရည်ရွယ်ချက်ရှိရှိ ကိုယ့် ပတ်ဝန်းကျင်ကို အကျိုးရှိစေတဲ့ မစနိုင်တဲ့ လူတစ်ယောက် ဖြစ်လာတဲ့ အထိ ကြိုးစား လုပ်ကိုင် နေဖို့ လိုတယ် ဆိုတဲ့ မက်ဆေ့ ပေးချင်တာပါ ။
အဲလို အနှစ်ရှိတဲ့ မိနိးကလေးတွေကိုဘဲ ယောကျာ်းတွေက တန်ဖိုးထား လေးစားတာ ဖြစ်တယ် ။ အတုယူမမှားစေချင်ဘူး တကယ်ကြိုးစားကြစေချင်တယ် ။ အနှစ်ရှိတဲ့ မိန်းကလေးတွေ ဖြစ်စေချင်တယ် ။ ဘဝရဲ့အချိန်တို ခနလေးအတွင်းမှာ ကိုယ် အသက်ရှင်တဲ့ ရည်ရွယ်ချက် က ကိုယ့်ကို တန်ဖိုး ပြန်သတ်မှတ်ပေးတာပါ ။ ဒီစာလေးက တစ်ယောက်ယောက်ကိုMotivate ဖြစ်သွားစေတယ် ဆိုရင် ကျေနပ်ပါတယ် ။
အားလုံး တန်ဖိုးရှိစွာ အသက်ရှင်နိုင်ပါစေ ။
Credit to Zay yar min zin
အရှင်ကေသရ[မေတ္တာရေစင်]