Uncategorized

“မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးရရှိမယ့် အခြေအနေ နှင့် ထိုးပေးမယ့် အစီအစဉ်ကို ဒေါက်တာခင်ခင်ကြီး ရှင်းလင်းပြောကြား”

မြန်မာ့လူဦးရေ (၂၀) ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး နောက်ထပ် လူဦးရေ (၂၀) ရာခိုင်နှုန်းဖြစ်တဲ့ (၁၀.၈သန်း) အတွက် ကိုဗစ်ကာကွယ်ဆေး ထပ်မံဝယ်ယူသွားမှာဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။…

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ GARVI (ဂါဗီ) အဖွဲ့အစည်းတို့ပူးပေါင်းထားတဲ့ COVAX (ကိုဗက်စ်) အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံပါဝင်တဲ့အတွက် အခုလို ကာကွယ်ဆေးအခမဲ့ရရှိမှာဖြစ်ပြီး (၃)ရာခိုင်နှုန်းက (၂၀၂၁) ဒုတိယသုံးလပတ်နဲ့ကျန်တဲ့ (၁၇) ရာခိုင်နှုန်းးက (၂၀၂၁) တတိယသုံးလပတ်မှာ ရရှိမှာဖြစ်ပါတယ်။….

ဒါ့အပြင် GARVI (ဂါဗီ) အဖွဲ့အစည်းရဲ့ အကူအညီနဲ့ နောက်ထပ်လူဦးရေ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ (၁၀.၈) သန်းအတွက်ကာကွယ်ဆေးတွေထပ်မံဝယ်ယူဖို့ တင်ထားပြီးဖြစ်တယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ကာကွယ်ဆေးတစ်လုံးကို (၅) ဒေါ်လာကျမယ်ဆိုရင် (၅) ဒေါ်လာ သသယ်ယူစရိတ်ကဒေါ်လာတစ်ဝက်ဆိုရင် (၅.၅) ဒေါ်လာနဲ့ လူဦးရေ (၁၀.၈)သန်းအတွက် (လူဦးရေ ၂၀ ရာခိုင်နှုန်း) နောက်ထပ်မှာယူဖို့ ဒါကိုတင်ထားပြီးလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးပေါ်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ ဘေးကင်းလုံခြုံမှု စိတ်ချရမှုဆိုတာက ရှိပါတယ်…။

ဒါ့ကြောင့်မို့လို့ အခုဆိုရင် ကာကွယ်ဆေးတစ်ခုစီအလိုက် ကာကွယ်ဆေးထိုးပြီးရင် ဘယ်လောက်ထိစိတ်ချရသလဲ။ ဘယ်လိုနောက်ဆက်တွဲရောဂါတွေ လက္ခာဏာတွေရှိလဲဆိုတာကို အမြဲမပြတ်စောင့်ကြည့်ပြီး လေ့လာနေပါတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်…။

မြန်မာနိုင်ငံအနေနဲ့ COVAX (ကိုဗက်စ်) အဖွဲ့နဲ့ GARVI (ဂါဗီ) အဖွဲ့အစည်းတို့က ရွေးချယ်ပေးတဲ့ ကာကွယ်ဆေးတွေကို ဦးစွာရရိှမှာဖြစ်ပြီး အမေရိကန်၊ ရုရှား၊ ယူကေ၊ အိန္ဒိယ၊ တရုတ်အစရှိတဲ့နိုင်ငံတွေနဲ့ သံတမန်ချင်းချိတ်ဆက်ပြီး ကာကွယ်ဆေးရရှိဖို့လည်း ဆောင်ရွက်နေပါတယ်။

ကာကွယ်ဆေးရရှိလာရင် ပုဂ္ဂလိကဆေးရုံနဲ့ ဆေးစစ်ဌာနတွေကိုလည်း ကာကွယ်ဆေးထိုးခွင့်ပေးမှာဖြစ်တဲ့အတွက် ကာကွယ်ဆေးဝယ်ယူခွင့်၊ ထိုးနှံခွင့်တွေပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။