ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားမြင့်မြတ်ကတော့ အောင်မြင်မှုတွေနဲ့ ထိပ်တန်းကရပ်တည်နိုင်တဲ့ မင်းသားတစ်ဦးဖြစ်ပေမယ့် ပကာသနတွေကင်းကင်းနဲ့ နေထိုင်တတ်တဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေတစ်ခဲနက်ချစ်ခင်အားပေးနေကြသူပဲ ဖြစ်ပါတယ်နော်။
မြင့်မြတ်ကတော့ လတ်တလောမှာ မိသားစုအတွင်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူကြောင့် ပရိသတ်တွေရဲ့အထင်လွဲမှုတွေကို ခံနေရကာ စိတ်မကောင်းဖြစ်နေတဲ့အကြောင်းလေးကိုလည်း ပရိသတ်တွေအားလုံး သိရှိကြမှာပါနော်။
အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီးအားပေးနားလည်ကြတဲ့ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိကြသလို အကြောင်းစုံသေချာမသိဘဲ ဝေဖန်အပြစ်တင်ကြတဲ့ပရိသတ်တွေနဲ့လည်း ရင်ဆိုင်နေရတဲ့ သားဖြစ်သူအတွက် မြင့်မြတ်ရဲ့မိခင်က ကိုယ်တိုင်ရှေ့ထွက် ဖြေရှင်းလာပါတယ်နော်။
တစ်ယောက်တည်းကြိတ်ခံစားကာ ပရိသတ်တွေအထင်လွဲတာခံရနေရတဲ့ သားဖြစ်သူကိုမကြည့်ရက်တော့ဘဲ အမှန်တရားကိုဖြေရှင်းပြောပြလာတာဖြစ်ပြီး ဗီဒီယိုဖိုင်လေးကိုတော့ မြင့်မြတ်ရဲ့သူငယ်ချင်းဖြစ်သူ ဂျူးဂျူးပန်ထွာက ပြန်လည်ဝေမျှထားတာပါ။
“အမှန်တရား တခုကို ရှင်းပြခဲ့တဲ့ ကိုမြင့်မြတ်ရဲ့အမေ ” ဆိုပြီး သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့မိခင်ကိုယ်တိုင် ရှင်းလင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဂျူးဂျူးပန်ထွာက ဝေမျှတင်ပေးလာတာပဲ ဖြစ်ပါတယ်နော်။
ရုပ်သံကြည့်ရန်
နားလည်မှုလွဲနေကြတဲ့ကိစ္စတွေအပေါ် သားဖြစ်သူအတွက် အမှန်တရားတွေကို ဖြေရှင်းပြောပြလာတဲ့ မိခင်ဖြစ်သူရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ပရိသတ်တွေကလည်း မြင့်မြတ်အတွက် စိတ်မကောင်းဖြစ်ကာ အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်။
Swelsone News