“ ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးခဲ့ “💉
ကာကွယ်ဆေး ဘယ်လောက်ကောင်းလဲ ..ဘယ်သူတွေ ထိုးနိုင်လဲ ..ဘာတွေ ပြင်ဆင်ထားသင့်လဲ.. ဆိုတာကို မြန်မာလို အတိုချုပ်. ဘာသာပြန်ရေးသားလိုက်ပါတယ် ခင်ဗျာ..
၁) ဆေးအာနိသင် ဘယ်လောက်ကောင်းလဲ ?✅
Pfizer ကာကွယ်ဆေးက ကိုဗစ်−၁၉ ကို တားဆီးနိုင်စွမ်းရှိပါတယ်.
လူ ၄၀,၀၀၀ (လေးသောင်း) ကျော်ပါဝင်တဲ့ ဆေးသိပ္ပံ စမ်းသပ်ချက်အရ ..ဆေးထိုးထားလျှင် ကိုဗစ်ရောဂါကို ၉၅ % တားဆီးနိုင်စွမ်း ရှိပါတယ် ..
(ကမ္ဘာ့ကျန်းမာရေးအဖွဲ့က . သတ်မှတ်ထားတဲ့ ၇၀% ထက် များစွာပိုကောင်းပါတယ်.)
၂) ဆေးထိုးသင့်သူများ.. ✅
ကာကွယ်ဆေးကို ၁၆ နှစ်ပြည့်ပြီးသူများတွင် ၂၁ ရက်ခြားပြီး ၂ ကြိမ်ထိုးနိုင်ပါတယ် ..
၃) ဆေး ‘မ’ ထိုးသင့်သူများ..🚫
− Pfizer ကုမ္ပဏီထုတ် ကာကွယ်ဆေးများနဲ့ ဓါတ်မတည့်သူများ၊
− ရက် ၉၀ အတွင်း ကိုဗစ် ဖြစ်ဖူးသူများ၊
− ကိုဗစ် သံသယ လူနာများ၊
− ကိုယ်ခံအားနည်း ရောဂါရှင်များ၊
− သွေးကျဲဆေး သောက်နေသူများ၊
− နို့တိုက်မိခင်များ ၊ ကိုယ်ဝန်ဆောင်များ
မှတ်ချက်။ အထက်ပါအုပ်စုများမှာ ဆရာဝန်ထောက်ခံလျှင် ဆေးထိုးနိုင်ပါတယ်..
၄). ဖြစ်နိုင်ခြေရှိသည့် ဘေးထွက်ဆိုးကျိုးများ ..🙍
− ဆေးထိုးသည့်နေရာတွင် နာကျင် (သို့) အောင့် နေခြင်း၊
− ဆေးထိုးသည့်နေရာတွင် ရောင်ရမ်းခြင်း၊
− အဖျားငွေ့ငွေ့တက်ခြင်း၊
− နွမ်းလျခြင်း၊
− ချမ်းတုန်ခြင်း၊
− ခေါင်းကိုက်ခြင်း။
*** ကျနော်ကိုယ်တိုင် ဆေးထိုးပြီးနောက် လက်မောင်းအောင့်သလို ခံစားရပြီး၊ နောက်ရက် ပြန်ကောင်းသွားပါတယ်.
၅). ဆေးဓါတ်မတည့်ခြင်း (allergic reaction) ဖြစ်ရင်တော့ နီးစပ်ရာ ဆေးရုံကို အမြန်သွားသင့်ပါတယ်. ❗️
ကပ်ရောဂါကြီး နိဂုံးချုပ်ပြီး ပုံမှန် အနေအထားပြန်ရောက်ဖို့ မြန်မာနိုင်ငံကို ‘ဆေး’ အမြန်ဆုံးရောက်ရှိအောင်ဆုတောင်းနေပါတယ် ခင်ဗျာ … 🙏🙏🙏
Dr. ကျော်ဇောဟိန်း, MD, PhD