News

“တောင်လိုပုံနေတဲ့ စက်ဘီးတွေရဲ့ နောက်ကွယ်မှာ အမြန်အောင်မြင်ပြီး အမြန်ကျရှုံးခဲ့ရသူ”

Ofo (သို့မဟုတ်)#အမြန်အောင်မြင်၍ အမြန်ကျရှုံးသူ 🚲

(#အခြေမခိုင်ပဲလုပ်ငန်းစွတ်ချဲ့ခြင်းနှင့် #အပြိုင်အဆိုင်ငွေကိုမီးရှို့၍ cash burning စျေးကွက်လုခြင်း)

“ကျနော် တရုတ်ပြည်မှာ Ofo စက်ဘီးအဝါအပျက်တွေ တောင်ပုံရာပုံဖြစ်နေတာမြင်ခဲ့ရကတည်းက ဒီလုပ်ငန်းတော့ ကျဆုံးနေလေပြီဟု မှတ်ချက်ချမိပါသည်။”

(ပုံတွင်ကြည့်ပါ။ စက်ဘီးတွေတောင်လို ပုံနေလေသတည်း။”)

မနေ့ကပဲ Ofo ဒေဝါလီခံရတော့မည့် သတင်းဖတ်မိပါသည်။

Ofo ဟာ စက်ဘီးအငှားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်

Ofo ဆီက စက်ဘီးငှားသူတွေဟာ စက်ဘီးမငှားခင်မှာ စပေါ်ငွေအဖြစ် ၉၉ ယွမ်စီ ပေးခဲ့ရတာကနေ နောက်ပိုင်းမှာ ၁၉၉ ယွမ်အထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုချိန်မှာ Ofo စက်ဘီး ငှားစီးသူ ၁၁.၇ သန်းဟာ Ofo app ကနေ သူတို့ပေးထားတဲ့ စပေါ်ငွေကို ပြန်တောင်းနေကြတာပါ။ စည်းကမ်းအရ Ofo အနေနဲ့စပေါ် refund ငွေကို ၁၅ ရက်အတွင်း ပြန်ပေးရမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ ဒေါသထွက်နေတဲ့ လူရာပေါင်းများစွာဟာ ဘေဂျင်းမှာ ရှိတဲ့ Ofo ရုံးချုပ်တည်ရှိရာရဲ့ အပြင်ဘက်မှာ တန်းစီစောင့်ပြီး စပေါ်ငွေ အမြန်ပြန်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ တစ်ချို့ကလည်း app ကနေ လှမ်းတောင်းတာ မရလို့အခုလို လူကိုယ်တိုင်လာတောင်းကြတာလို့ဆိုပါတယ်။ Ofo ကတော့ ရုံးရှေ့မှာ လာစောင့်နေကြသူတွေကို အွန်လိုင်းကနေပဲ တောင်းကြဖို့သတင်းထုတ်ပြန်ထားပါတယ်။

“သုံးတဲ့သူတွေက သိပ်များတာမို့စပေါ်ငွေအတွက် လာလျှောက်တဲ့ အရေအတွက်ကလည်း တဟုန်းထိုး မြင့်တက်သွားဖို့ရှိပါတယ်” လို့ကုမ္ပဏီက ဆိုပါတယ်။ IDC အချက်အလက် သုတေသနရုံးက ပညာရှင် Xue Yu ကတော့ refund ပြန်တောင်းတဲ့ ပမာဏကို တွေ့မှပဲ Ofo ကို တစ်လတစ်လ လူတွေ ဘယ်လောက် ငှားနေကြသလဲဆိုတာ သိတော့တယ်လို့မှတ်ချက်ချပါတယ်။

Ofo ရဲ့ အဓိကပြိုင်ဘက်တွေ ဖြစ်တဲ့ Mobike နဲ့Hellobike တို့ကတော့ ဒီနှစ်ထဲမှာပဲ စပေါ် ပေးစရာမလိုတဲ့ ဝန်ဆောင်မှုတွေကို စတင်ထားတာပါ။ Ofo ဟာ ၂၀၁၄ ခုနှစ်က တရုတ်မှာ bike-sharing ဈေးကွက်ကို အရင်ဆုံး စတင်ခဲ့တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီးမြှပ်နှံသူတွေဆီကနေ ဒေါ်လာ ၂.၂ ဘီလျံ ရင်းနှီးမြှပ်နှံမှုပါ ရရှိခဲ့တာပါ။

Ofo ဟာ Dockless စနစ် လို့ခေါ်တဲ့ bluetooth lock စနစ်သုံးထားပြီး စက်ဘီးကို ကြိုက်ရာနေရာမှာ ပစ်ထားခဲ့လို့ရတဲ့ စက်ဘီးငှားဝန်ဆောင်မှုကို သုံးတာပါ။ ဒီဝန်ဆောင်မှုကို သုံးစွဲသူဟာ စက်ဘီးတွေကို ဖုန်းကနေ တည်နေရာကြည့်လို့ရသလို ဖုန်းကနေပဲ သော့ခတ်ထားလို့ရမှာပါ။

Ofo ရဲ့ စီးပွားရေး ပုံစံဟာ ခေတ်သစ် တရုတ်နိုင်ငံရဲ့ အရေးပါဆုံး တီထွင်ချက် ၄ ခုမှာ တစ်ခုအပါအဝင်အဖြစ် ချီးကျူးခံခဲ့ရပါတယ်။ ကျန်တဲ့ ၃ ခု ကတော့ မြန်နှုန်းမြင့် ရထားစနစ် ၊ မိုဘိုင်းငွေချေနည်းပညာ နဲ့အွန်လိုင်းရှော့ပင်းတွေ ဖြစ်ပါတယ်။ သို့သော်လည်း မကြာသေးမီက Ofo ရဲ့ supplier များ ဖြစ်တဲ့ စက်ဘီးကုမ္ပဏီများနဲ့သယ်ပို့ဝန်ဆောင်ရေးလုပ်ငန်းများမှ တရားစွဲခဲ့ပါတယ်။

လက်ရှိမှာ Ofo အနေနဲ့ကုမ္ပဏီပိုင် ပစ္စည်းတွေ ထုခွဲရောင်းချပြီး အကြွေးတွေ ဆပ်ဖို့စဉ်းစားနေတယ်လို့Ofo ရဲ့ CEO ဒိုင်ဝေက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း တရုတ်လူမျိုးပိုင် oBike စက်ဘီးအငှားဝန်ဆောင်မှုကို စကာၤပူမှာ ဖျက်သိမ်းခဲ့ပါတယ်

👉 Ofo တည်ထောင်သူ Dai Wei သည် 2017 Forbes Magazine ၏ 30 under 30 စာရင်းတွင်ပါသူဖြစ်သည်။

“ယခုတော့ သူသည် bankrupt ဒေဝါလီသတင်းထွက်ကာ ပိတ်ပင်ခြင်းတချို့ခံနေရသူဖြစ်နေလေပြီ”။

ဘာကြောင့် Ofo ကျရှုံးရသနည်း။

၁။ လုပ်ငန်းကို သေသေချာချာ အခြေခိုင်အောင်မလုပ်ပဲ စွတ်၍ချဲ့ထွင်ခြင်း၊ (လုပ်ငန်းချဲ့လျှင် management သည်အသက်ဖြစ်လာပါပြီ)

၂။ စျေးကွက်ယှဉ်ပြိုင်မှုကြောင့် ငွေကို မီရှို့သလိုသုံး၍ စျေးကွက်လုရခြင်း။ (စျေးကွက်လုတိုင်း cash burn လုပ်မည်ဆိုတိုင်း Red Ocean ကိုသတိရပါ)

၃။ လူ့သဘောအရ ကိုယ့်ပစ္စည်းမဟုတ်လျှင် ပျက်ပစေ၊ ဖြစ်ချင်ရာဖြစ် အကြမ်းသုံးကြခြင်း။ (မြန်မာပြည်တွင် ဝန်ထမ်းများ လုပ်တတ်ကြသည်။ လုပ်ငန်းသုံးပစ္စည်းကိုမရိုသေကြပါ)- တို့ဖြစ်သည်။

Ofo ကျဆုံးခြင်းသည် share သုံးသုံးသောလုပ်ငန်းအတွက် အလွန်နာမည်ပျက်စရာဖြစ်သည်။

Dai Wei သည် Ofo ကို 2014 တွင်စတင်တည်ထောင်ပြီး စျေးကွက်အပိုင်အုပ်မိရန် ကြိုးစားခဲ့သည်။

သူ့နောက်မှာ အလီဘာဘာလို investor များက ငွေကြေးပံ့ပိုးပေးခဲ့သည်။ Ofo သည် အချိန်တိုအတွင်း ဒေါ်လာ 2.2 ဘီလီယံကျော်အရင်းအနှီးစုဆောင်းနိုင်ခဲ့သည်။

Ofo စက်ဘီးများကို စင်ကာပူရှိမြန်မာတို့ စီးဖူးကြပါသည်။ Ofo သည် အချိန်တိုအတွင်း ကမ္ဘာအနှံရောက်ရှိပြီး စည်ပင်တို့အတွက် yellow invasion ပြသနာအဖြစ် ခေါင်းကိုက်စရာဖြစ်လာပါသည်။

👉 “Investment ငွေအမြောက်အများ အချိန်တိုအတွင်းရရှိခြင်းကပင် Ofo ကိုအချိန်တိုအတွင်း အမှားအမြောက်အများကို လုပ်မိစေခဲ့သည်။”

အနောက်နိုင်ငံများက yellow invasion ဟုခေါ်သည်အထိ Ofo စက်ဘီးအဝါများ စည်းမရှိ နေရာတကာတွင် စွန့်ပစ်ထားခြင်းကို တွေ့ရသည်။

“လူတို့၏ share သုံးသည့်ပစ္စည်းကို စည်းမရှိ ပျက်အောင်သုံးတတ်သည့် သဘောသည်လည်း Ofo ကို အထိနာစေခဲ့သည်”။

👉 Ofo သည် Investors ရင်းနှီးမြှုပ်နှံသူတို့ကို မျက်စိလည်စေခဲ့သည်။

“Stupidest business ကို smartest brains of China တွေက စုပြုံရင်းနှီးမြှုပ်နှံမိကြပါသည်တဲ့”။

✅ “လုပ်ငန်းတစ်ခု အောင်မြင်သည်ဟု စွတ်အော်နေပြီး #အရင်းအနှီးဖိတ်ခေါ်နေလျှင်သေချာစမ်းစစ်ပြီးမှရင်းနှီးမြှုပ်နှံမှုလုပ်သင့်ပါကြောင်း။”

မြန်မာပြည်မှာ ဒါမျိုးစွတ်အော်နေသူတွေမြင်တွေ့ဖူး၍ သတိပေးခြင်းဖြစ်ပါသည်။

သူတို့အောင်မြင်လျှင် company ကိုရောင်းစား၍ ငွေထုပ်ပိုက်သွားကြမည်။ သူတို့ကျရှုံးလျှင် ကိုယ့်ငွေပါသွားမည်။

Richard Myo Thant

25-December-208