News

“ဂျပန်နိုင်ငံထိ ရောက်ရှိလာပြီဖြစ်တဲ့ UK နိုင်ငံက ကိုဗစ်ပိုးဗီဇသစ်”

ကူးစက်လွယ်တဲ့ 🇬🇧 ယူကေနိုင်ငံက ကိုဗစ်ဗီဇကွဲအသစ်ဟာ #ဂျပန်နိုင်ငံကိုရောက်ရှိသွားပြီဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ နဲ့ ၂၁ ကြားထဲမှာ ယူကေနိုင်ငံကနေ လူငါးယောက်ဟာ အလုပ်/ကျောင်း ကိစ္စအတွက် ဂျပန်ကိုလေကြောင်းခရီးနဲ့ဝင်လာခဲ့ပါတယ်။

အဲ့ဒီထဲက အသက် ၆၀ အရွယ်လူကြီးတစ်ယောက်ဟာ ရောဂါလက္ခဏာစပြပြီး ကျန်လေးယောက်က ရောဂါလက္ခဏာမပြသေးပါ။

သူတို့ကိုလေဆိပ်ကနေ Q center ကိုတန်းပို့ခဲ့ပါတယ်တဲ့။

သူတို့တွေကို test စစ်ကြည့်လို့ #ကိုဗစ်positive ဖြစ်နေမှန်းသိတဲ့အခါမှာ ထပ်ပြီးတော့လေ့လာမှုလုပ်ခဲ့ရာမှာ ယူကေနိုင်ငံမှာတွေ့ရှိတဲ့ အကူးစက်ပိုလွယ်သော #ကိုဗစ်ဗိုင်းရပ်စ်ဗီဇကွဲအသစ်ဖြစ်နေတာကို တွေ့ရပါသတဲ့။

🇯🇵 ဂျပန်ကပိုမိုတင်းကျပ်သော နယ်စပ်လုံခြုံရေးမူဝါဒကို ချမှတ်မယ်လို့ဆိုပါတယ်။

ကျနော်တို့နည်းနည်းဆွေးနွေးကြည့်ရအောင် …

👉 ဒီအကူးစက်မြန်ဗိုင်းရပ်စ်ဟာ #ဒီဇင်ဘာလလယ်နဲ့လဆန်းကတည်းက 🇬🇧 ယူကေနိုင်ငံကလာတဲ့ခရီးသွားတွေနဲ့အတူပါလာနိုင်နေပါပြီ။

ကျနော်တို့နိုင်ငံကို #ဒီဇင်ဘာလထဲမှာယူကေနိုင်ငံကခရီသွားဘယ်နှစ်ယောက်ဝင်ခဲ့ပါသလဲ⁉️

အဲ့ဒီယူကေနိုင်ငံကဝင်လာသူတွေနဲ့အတူ #လေယာဉ်တစ်စီးတည်းဘယ်သူတွေစီးခဲ့သလဲ⁉️

သူတို့တွေအားလုံး Q #ဘယ်နှစ်ရက်ဝင်ခဲ့သလဲ⁉️ Q ဝင်ရက်ကအရေးကြီးလာပါပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီးစင်ကာပူသတင်းတစ်ခုကိုရေးစရာရှိပါတယ်။

#သူတို့တွေအခုဘယ်ရောက်နေသလဲ⁉️

ပိုအရေးကြီးတဲ့မေးခွန်းကိုမေးပါမယ်။

Fast Track clearance #အမြန်ဦးစားပေးဝင်စနစ်နဲ့ ဝင်ခဲ့သူ ဘယ်နှစ်ယောက်ပါသလဲ⁉️

အခုဂျပန်ကိုရောက်လာတဲ့ (၅) ယောက်မှာ (၁) ယောက်ပဲရောဂါလက္ခဏာပြပြီးကျန် (၄) ယောက်က #လုံးဝရောဂါလက္ခဏာမပြပါ။

ကျနော်တို့ရဲ့ boder control အခြေအနေကဘယ်လိုလဲ⁉️

ကျနော်တို့နိုင်ငံမှာ အခုဗီဇကွဲအသစ်ကို trace လိုက်နိုင်တဲ့အခြေအနေရှိပါသလား⁉️

သိတဲ့သူများဝိုင်းဝန်းဆွေးနွေးအဖြေရှာပေးကြပါ။

🇬🇧 ယူကေနိုင်ငံမှာတွေ့ရတဲ့ B.1.1.7 🦠 #ကိုဗစ်ဗိုင်းရပ်စ်ဗီဇအသစ်ပြန့်နှံ့မှုမြန်ဆန်ကြောင်း ဂရပ်တွေပါ။

👉 လန်ဒန်မြို့မှာ အခြားကိုဗစ်ဗိုင်းရပ်စ်က လူ (၁၀၀၀) ကိုစစ်ရင် ( ၇ ) ယောက်လောက်ပဲတွေ့ချိန်မှာ ကိုဗစ်ဗီဇကွဲအသစ်က အယောက် (၂၀ ) လောက်တွေ့ရပါတယ်။

👉 ယူကေနိုင်ငံအရှေ့တောင်ဘက်မှာ အခြားကိုဗစ်ဗိုင်းရပ်စ်က လူ ၁၀၀၀ ကိုစစ်ရင် ( ၅ ) ယောက်လောက်ပဲတွေ့ချိန်မှာ ကိုဗစ်ဗီဇကွဲအသစ်က (၁၃ ) ယောက်လောက်တွေ့ရပါတယ်။

👉 ယူကေနိုင်ငံအရှေ့ပိုင်းမှာ အခြားကိုဗစ်ဗိုင်းရပ်စ်က လူ ( ၁၀၀၀ ) ကိုစစ်ရင် ( ၅ ) ယောက်လောက်ပဲတွေ့ချိန်မှာ ကိုဗစ်ဗီဇကွဲအသစ်က အယောက် ( ၁၀ ) လောက်တွေ့ရပါတယ်။

📈 ဂရပ်မျဉ်းတွေဟာ ဒီဇင်ဘာလ ၁၅ ရက်လောက်မှာ #ကူးစက်နှုန်းထောင်တက်သွားပါတယ်။

ကျေးဇူးတင်ပါတယ်။

Richard Myo Thant

26-December-2020