News

(ဒီဇင်ဘာ ၂၄) ကစပြီး ရွှေ့ပြောင်း နာမည် နဲ့ စမွတ်ဆာခွန် နာမည်ကိုမဖော်ပြတော့ဘူးတဲ့

မြန်မာတွေကို မကောင်းမြင်တဲ့ သတင်းတွေ အရမ်းများလာလို့ ထိုင်းကိုဗစ် စင်တာပြောရေးဆိုခွင့်ရှိသူ “ဒေါက်တာထဝီစင်” က ရွှေ့ပြောင်းတွေလည်းညီအကိုတွေပဲ ငါတို့ မလုပ်တဲ့ အလုပ်တွေ သူတို့ လာလုပ်ပေးနေတာ ကူညီရမယ် ဆိုပြီး မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ဒီနေ့ (ဒီဇင်ဘာ ၂၄) ကစပြီး ရွှေ့ပြောင်း နာမည် နဲ့ စမွတ်ဆာခွန် နာမည်ကိုမဖော်ပြတော့ဘူးလို့ ၄င်းကပြောသွားပါတယ်။

လောလောဆယ် ပြဿနာက ရွှေ့ပြောင်း တချို့ကို သူတို့ အလုပ်ရှင်တွေက လမ်းပေါ်မှာ စွန့်ပစ်သွားတာပါပဲ မလေးရှားမှာ ရွှေ့ပြောင်းတွေကို စွန့်ပစ်သလို ထိုင်းမှာလည်း စဖြစ်လာပြီ

ဒါပေမဲ့ ထိုင်းရဲကတော့ လော့ဒေါင်းအမိန့် တွေ သွားလာမှူကန့်သတ်ထားတဲ့ အမိန့်တွေကို ဆန့်ကျင်တဲ့ အလုပ်ရှင်တွေကို တရားစွဲပြီး ထောင်ဒဏ် ၂နှစ် နဲ့ ဒဏ်ငွေဘတ် ၄၀၀၀၀အထိ အပြစ်ပေးနိုင်တဲ့ အရေးပေါ်ဥပဒေ နဲ့ အရေးယူသွားမယ်တဲ့ဝန်ကြီးချုပ်ကိုယ်တိုင်

ဒီအချိန်တရားမဝင် အထောက်အထားမဲ့ရွှေ့ပြောင်းတွေကို ခေတ္တနေထိုင်ခွင့်ထုတ်ပေးပြီး ငြိမ်ငြိမ်လေး နေကြဖို့ ပြောထားပြီးသားပါ လောလောဆယ်တော့ ဒီလိုစွန့်ပစ်ခံရသူတွေကို ထိုင်းတာဝန်ရှိသူတွေက စောင့်ရှောက်ထားပါတယ်။

Ref : ဒေါက်တာဥာဏ်ဝင်းဖြို