ဗဟုသုတ

မြန်မာ မိန်းခလေးတွေ မတိုးတက်ရတဲ့ အကြောင်းအရင်း (၅ ) ချက်

မြန်မာ မိန်းခလေးတွေ မတိုးတက်ရခြင်း (၅ ) ချက်

1; Culture

2; Risk

3; Confidence

4: Depression

5: Courage

1: Culture ( ဓလေ့ )

ကျုပ်တို့က Culture နဲ့ Tradition ကို သေချာနားမလည်ကြပါဘူး: Culture ဆိုတာ ဓလေ့တခုဖြစ်ပြီး ပြောင်းယူလို့ ရနိုင်ပေမယ့် Tradition ဆိုတဲ့ ရိုးရာကျတော့Law တခုလိုပဲ: ချိူးဖောက်မိက အရေးယူလို့ ရပါတယ်

ကျုပ်တို့ မြန်မာ မိန်းခလေးတွေရဲ့ တိုးတက်မှုကို အဓိက တားဆီးထားတာ Culture ပါပဲ: ဥပမာ:မိန်းခလေးတယောက် ယောင်္ကျားလေးတယောက်နဲ့အတူသွားလာတာပဲဖြစ်ဖြစ်: အခြားမိန်းခလေးသူငယ်ချင်းတွေနဲ့ ညအိပ်ညနေ ခရီးထွက်တာဖြစ်ဖြစ်ဒါကို ကျုပ်တို့က မကောင်းဘူးလို့ ယူဆကြတယ်

တားမြစ်ကြတယ်: ဘာကြောင့်လဲ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီလို့ပါ: မတူညီတာတွေကို တူညီအောင်ကြိူးစားနေကြတဲ့ ခေတ်ကြီးမှာ ကျုပ်တို့က မကိုက်ညီဘူးဆိုတဲ့ Culture တခုကြောင့် သူတို့ရဲ့ စိတ်ဓာတ်ကိုအဲနေရာမှာ သတ်ပစ်ကြတယ်: ကျုပ်နားလည်တဲ့ ဓလေ့ဆိုတာ လိုက်နာရမယ်ကျင့်သုံးစရာမလိုဘူး နေရာတိုင်းမှာ:

2: Risk ( စွန့်စားမှု)

No Risk No Skill ပါ ကျုပ်တို့ မြန်မာမိန်းခလေးတော်တော်များက စွန့်စားချင်တယ် လောကကြီးကို ယောင်္ကျားတွေနဲ့ တန်းတူ ဖြတ်သန်းချင်ကြတယ်လို့ မိန်းခလေးတွေ အများစုက ပြောစမှတ်ရှိကြတယ်: ပြီးတော့ သူတို့မှာ သီအိုရီလေးတခုရှိသေးတယ်ဗျာသူတို့ကို ယောင်္ကျားတွေက တန်းတူအခွင့်အရေး မပေးကြဘူးလို့ သူတို့က ယူဆထားကြတယ်::

တကယ်တော့ အခွင့်အရေးဆိုတာ ဖန်တီးခြင်းပဲတကယ်လို့ ယောင်္ကျားများနဲ့ တန်းတူအခွင့်အရေးရချင်ရင် ယောင်္ကျားများနဲ့ တန်းတူ မလုပ်နိုင်ရင်တောင်နီးပါးလောက်ကို လုပ်ပြနိင်ရမယ်: လုပ်ပြတဲ့ သူတွေကိုယောင်္ကျားတွေက တန်းတူဆက်ဆံကြတယ်ဆိုတာစီးပွားရေးရှင် မိန်းခလေးများ သေချာသိပါတယ်

ကျုပ်တို့ မြန်မာမိန်းခလေးတွေမှာ Risk မရှိကြပါဘူးဘယ်လောက်တောင် Risk အားနည်းလည်းဆိုရင်လမ်းထိပ်က စာအုပ်ဆိုင်တောင် တယောက်တည်းမသွားရဲ့တဲ့ ဘဝလေးတွေပါ🚴‍♂️

3: Confidence ( ယုံကြည်မှု)

Confidence ဆိုတာ သူ့အလိုလို ပေါက်ဖွားလာတဲ့ အရာမဟုတ်ပါဘူး: သူများဆီက သင်ယူလို့ရတဲ့ အရာလည်း မဟုတ်ပါဘူး: Confidence ဆိုတာ ခင်ဗျားရဲ့Skill နဲ့ Experience ပေါ် မူတည်ပြီး ဖြစ်လာတာပါ

ကျုပ်တို့ မြန်မာမိန်းခလေးတွေ ဘာကြောင့် Self-Confidence နည်းလဲ because of Wrong Mind-set လူတိုင်းမှာmindset ဆိုတာရှိတတ်ပါတယ်

ဥပမာ မိဘကို ပြန်ပြောရင် ငရဲကြီးတယ် မိဘကို ပြန်ပြောလို့တော့ ငရဲမကြီးလောက်ပါဘူး: အဆိုးအကောင်း အမှန် အမှားလောက်ကိုတော့ ကျုပ်တို့ မိဘတွေနဲ့ဆွေးနွေးလို့ ရနိုင်ပါသေးတယ်: သူတို့လည်း ခွင့်ပြုမှာပါမ်ိန်းမတို့ အိနြေ္ဒရွှေပေးလို့ မရဆိုတဲ့ ဆောင်ပုဒ်လေးရှိတော့ ဘာပဲ လုပ်လုပ် အဲရွှေလေးကို သွားမြင်တတ်တဲ့ mindset လေးရှိနေတော့ Confidence က နည်းပါးကြတယ်:

ကိုယ်မှန်နေရင်တောင် ပြန်မပြောရဲဒီလို ကိစ္စတွေကြောင်း ရွှေစျေးတက်လာသလားလို့ကျုပ်ထင်မိတယ်ဗျာ ( just kidding)

4: Depression ( စိတ်ဓာတ်ကျဆင်းမှု)

ကျုပ်တို့ မြန်မာ မိန်းခလေးအများက Depression အရမ်းများတယ်: ဒါလည်း စိတ်ဝေဒနာတခုလိုပါပဲပညာရှင်တွေ အများစုက ပြောကြတယ် ကမ္ဘာမှာDepression အဖြစ်များဆုံးက မသန်စွမ်းသူတွေပဲသူတို့မှာ အလိုလိုနေရင်း အော် ငါ့ဟာ မပြည့်စုံပါလား
ဘယ်လိုပဲ စိတ်ဓာတ်ခိုင်မာပါစေ ဒီခံစားချက်တော့ဖြစ်ကြလေ့ရှိတာ တွေ့ရပါတယ်: ကျုပ်တို့ မြန်မာမိန်းခလေးတွေလည်း ထို့အတူပါပဲ:

မိန်းခလေးတွေဟာ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေပါဆိုတဲ့ ခေါင်းစဉ်းလေးအောက်မှာ ပျော်ရွှင်နေကြပေမယ့် သဘောထားကြီးမှုမှာကျတော့ ယောင်္ကျားတွေနဲ့ မယှဉ်နိုင်ဖြစ်ဗျာယ်ရော: ဒီလို Depression တွေကိုStrong mind နဲ့ ပေါင်းလိုက်ရင် ရှေ့ဆုံးကို ရောက် န်ုင်မှာ သေချာပါပဲ:

5: Courage ( သတ်တိ)

Courage ဆိုလို့ ပြောရရင် မြန်မာ့မ်ိန်းခလေးတွေကလုံးဝကို မရှိတာလို့ ခင်ဗျားထင်လိမ့်မယ်: တကယ်တော့ သူတို့ဟာ ကျပ်တို့ ယောင်္ကျားလေးတွေထက်သတ္တိရှိကြပါတယ်:

ဒါမယ့် မဖော်ထုတ်ရဲတာ တခုပါသူတို့ရဲ့ သတ္တိတွေကို အမျိးမျိူးကြောင်း ဖုံးကွယ်ထားကြတယ်: အမျိုးမျိုးဆိုသည်မှာ ဓလေ့တွေလည်းပါတာပေါ့: ယောကျာင်္းလေးတယောက် လမ်းပေါ် အရက်သောက်ပီး မူးနေရင် Normal ဖြစ်ပေမယ့်မိန်းခလေးတယောက် ဘီယာလေးသောက်ရင်ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတဲ့ ဓလေ့တွေ ယောင်္ကျားလေးတွေက သတ္တိတွေ ; လုပ်ရပ်တွေကိုငယ်ကတည်းက သုံးပြုလာတော့ ကြာလေ အားကောင်းလေ ဖြစ်ပေမယ့် မိန်းခလေးတွေကျတော့ ကြာလေပျောက်ကွယ်လေ ပါပဲ:

ပြီးတော့ ကိုယ်လုပ်ချင်တဲ့ အရာကို လုပ်ချင်စိတ်ရှိရင်တောင် လုပ်ရဲတဲ့ သတ္တိ မရှိကြတာ တွေ့ရပါတယ်Influences ဖြစ်နေတဲ့ အရာတွေက ထွက်ပြေးန်ူင်မှ သတ္တိရှိရှိနဲ့ အရာရာကို ကိုင်တိုင် ဆုံးဖြတ်ချက်ရနိုင်တဲ့ အောင်မြင်တဲ့ သူတယောက်ဖြစ်မှာပါ

ဒီလို အချက် ၅ ချက်ကို ကျော်လွှားနိုင်ရင် အောင်မြင်တဲ့ သူတယောက်ဖြစ်နေပါပြီအောင်မြင်မှုဆိုတာ ငွေကြေး ဥစ္စာထက်Daily life မှာ ပျော်ရွှင်စွာ နေနိုင်ဖို့ အရေးကြီးပါတယ်

ဟန်ဆောင်မှု ကင်းရှင်းစွာနဲ့ ဘဝကို ဖြတ်သန်းချင်ရင်ဒီ အရာတွေ လိုက်နာဖို့ မြင့်တင်ဖို့ မမေ့ပါနဲ့: ကျုပ်သိသလောက် တင်ပြထားတာမို့ လိုအပ်တာရှိရင်လွတ်လပ်စွာ ဆွေးနွေးလို့ ရပါတယ်

crd; Soe Lin Aung