News

“မြန်မာနိုင်ငံမှာ ရှိတဲ့ တစ်ခုတည်းသော တိရစ္ဆာန်သချိုင်း”

“သန်လျင် ကျိုက်ခေါက်ဘုရားနဲ့ ထမလုံ ကြား လမ်းမကြီးရဲ့ဘေးတစ်နေရာက တိရစ္ဆာန်သချိုင်း”

သန်လျင် ကျိုက်ခေါက်ဘုရားနဲ့ ထမလုံ ကြား လမ်းမကြီးရဲ့ဘေးတစ်နေရာမှာ ရောင်စုံအုတ်ဂူသေးသေးလေးတွေကို သတိထားမိရင်မိပါလိမ့်မယ်။ ဒီ အုတ်ဂူသေးသေးလေးတွေက တခြားမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တစ်ခုတည်းရှိတဲ့ တိရစ္ဆာန်သချိုင်းက အုတ်ဂူကလေးတွေပါ။

ပျဉ်ထောင်ကျောင်း သုဿန်ဆို အဲ့ဒီဘက်က လူတိုင်းသိပါတယ်။ သက်တမ်း ၄ – ၅ နှစ်ရှိပြီဖြစ်တဲ့ ဒီတိရစ္ဆာန်သချိုင်းမှာ လက်ရှိ အုတ်ဂူကလေးတွေ ရာဂဏန်းလောက်ရှိပါတယ်။ ( ပျဉ်ထောင်ကျောင်းသုဿန်ရဲ့သက်တမ်းကကြာပါပြီ။ အဲ့ဒီသုဿန်မှာ တိရစ္ဆာန်ကလေးတွေကို စ မြုပ်တဲ့ သက်တမ်းက ၄ – ၅ နှစ်ရှိပြီလို့ ဆိုလိုချင်တာပါ)

ဒီနေရာမှာ လူသိများတဲ့ မိုင်းရှာခွေး တပ်ကြပ်ကြီး မိုက်ကယ်ရဲ့ အုတ်ဂူအပြင် တခြား ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့ အုတ်ဂူကလေးတွေ အစီအရီရှိနေပြီး … ..အသက် ၁နှစ် ၂နှစ်အရွယ်ကစလို့ ၁၃ နှစ် – ၁၄ နှစ် အသက်အရွယ်ထိ အသက်အရွယ်စုံ ပါပဲ။

အိမ်မွေးတိရစ္ဆာန်ကလေးတွေကို ကိုယ့်သားသမီးနဲ့ မခြားချစ်တတ်တဲ့ သူတွေအတွက် အမှ်ိုက်ပုံထဲ ၊ မြစ်ထဲချောင်းထဲ ဒီတိုင်းပစ်လိုက်ရမှာထက်စာရင်တော့ ဒီနေရာလေးက အထိုက်အလျောက်တော့ ဖြေသာစရာနေရာတစ်ခုပါ။

သူတို့လေးတွေရဲ့ နှစ်ပတ်လည်နေ့တွေမှာ အုတ်ဂူလေးတွေဆီကို ပုံမှန်လာပြီး ပန်းခွေချတတ်တဲ့ မိသားစုတွေလည်းရှိတယ်တဲ့။ အုတ်ဂူတွေကို လိုက်ကြည့်လိုက်ရင် တချို့ဓာတ်ပုံလေးတွေက အရောင်တွေလွင့်လို့ ၊ တချို့ဆို စာလုံးလေးတွေ နည်းနည်းပျက်လို့ … အသက်ရှင်တဲ့အချိန်တုန်းက ပြေးလွှားခုန်ပေါက်ဆော့ကစားပြီး လူတွေရဲ့ အချစ်တော်ဖြစ်ခဲ့မယ့် ကလေးတွေက ခုတော့ အုတ်ဂူလေးတွေအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းအနားယူနေကြပါပြီ။

ပြန်လည်မျှဝေပါသည် ။

((Jo kar lay))

#Zarni_Kyaw

Ye Htut Oo