News

ျမင္းၿခံ Q စင္တာမွာ အျမတ္ႀကီးစားလုပ္ေနတဲ့ ဝိသမေလာဘသားမ်ား

ျမင္းၿခံမွာ ကိုဗစ္လူနာနဲ႔ ထိစပ္ Q ဝင္သူ တဦးရဲ့ ေကၽြးစရိတ္က ၃၁၀၀ ရွိတယ္။ ေကၽြးတဲ့ ပုံစံေျပာရဦးမယ္။

မနက္စာ ၇၀၀ တဲ့ ထမင္းၾကမ္း နႏႊင္းထည့္ေၾကာ္ ေျမပဲဆံ ၁၀ ေစ့ေလာက္နဲ႔ င႐ုတ္သီးစမ္း ၂ ေတာင့္ ၾကက္သြန္ျဖဴနည္းနည္းေပါ့။

ေန႔လည္စာ ၁၂၀၀ ၾကက္ဥေမႊခ်က္ တလုံးခ်က္စာမရွိ အခ်ဥ္ရည္ ေရေႏြးေသာက္ပန္ကန္ တလုံးစာ အသုပ္က ေလာက္စာလုံးေလာက္ င႐ုတ္သီးေၾကာ္က လၻက္စားတဇြန္းစာ။

ဆိုလိုတာက ကိုဗစ္ေကာ္မတီအေနနဲ႔ က်သင့္ေငြ တရက္ကို ေကၽြးစာရိတ္ ၁၅ သိန္း ဝန္းက်င္ခန္႔ ရွင္းေပးေနရတယ္။ ေကာ္မတီအေနနဲ႔ အလွူရွင္ ရွိေနသ၍ က်သင့္ေငြကိုရွင္းေပးေနမွာပဲ။

ကိုဗစ္နဲ႔ အျမတ္စား စီးပြားထုတ္ေနသူေတြကို ေရးခ်င္တာ တရက္ ၃၁၀၀ က်သင့္ေငြယူပီး အေယာက္ ၅၀၀ စာ တရက္ကို ေရာင္းရတယ္ ဒီေန႔ဆို အေယာက္ ၁၀၀၀ စာေလာက္ရွိမယ္။

ေစတနာပါပါေလး လူျမင္ေကာင္ေအာင္လုပ္ၾကပါဗ်ာ။ ကပ္ေရာဂါေၾကာင့္ ကံမေကာင္လို႔ ပိုးေတြ႕ထိစပ္လို႔ Q ဝင္ေနရသူေတြပါ။

ေအာင္သန္႔ေက်ာ္

မြင်းခြံမှာ ကိုဗစ်လူနာနဲ့ ထိစပ် Q ဝင်သူ တဦးရဲ့ ကျွေးစရိတ်က ၃၁၀၀ ရှိတယ်။ ကျွေးတဲ့ ပုံစံပြောရဦးမယ်။

မနက်စာ ၇၀၀ တဲ့ ထမင်းကြမ်း နနွှင်းထည့်ကြော် မြေပဲဆံ ၁၀ စေ့လောက်နဲ့ ငရုတ်သီးစမ်း ၂ တောင့် ကြက်သွန်ဖြူနည်းနည်းပေါ့။

နေ့လည်စာ ၁၂၀၀ ကြက်ဥမွှေချက် တလုံးချက်စာမရှိ အချဉ်ရည် ရေနွေးသောက်ပန်ကန် တလုံးစာ အသုပ်က လောက်စာလုံးလောက် ငရုတ်သီးကြော်က လ္ဘက်စားတဇွန်းစာ။

ဆိုလိုတာက ကိုဗစ်ကော်မတီအနေနဲ့ ကျသင့်ငွေ တရက်ကို ကျွေးစာရိတ် ၁၅ သိန်း ဝန်းကျင်ခန့် ရှင်းပေးနေရတယ်။ ကော်မတီအနေနဲ့ အလှူရှင် ရှိနေသ၍ ကျသင့်ငွေကိုရှင်းပေးနေမှာပဲ။

ကိုဗစ်နဲ့ အမြတ်စား စီးပွားထုတ်နေသူတွေကို ရေးချင်တာ တရက် ၃၁၀၀ ကျသင့်ငွေယူပီး အယောက် ၅၀၀ စာ တရက်ကို ရောင်းရတယ် ဒီနေ့ဆို အယောက် ၁၀၀၀ စာလောက်ရှိမယ်။

စေတနာပါပါလေး လူမြင်ကောင်အောင်လုပ်ကြပါဗျာ။ ကပ်ရောဂါကြောင့် ကံမကောင်လို့ ပိုးတွေ့ထိစပ်လို့ Q ဝင်နေရသူတွေပါ။

အောင်သန့်ကျော်