News
အသက် ငယ်ငယ်လေး ရှိသေးတာကိုနော် အချိန်တွေ နှမျောလိုက်တာဗျာ
Unicode
ရန်ကုန်တိုင်းဒေသကြီး သဃ်န်းကျွန်းမြို့နယ် သုဝဏ္ဏနယ်မြေရဲစခန်းမှ၁၁.၁၂.၂၀၂၀ရက် နေ့လည် (၃:၀၀)နာရီအချိန်တွင်နယ်ထိန်းခေါင်ဆောင် ဒုရဲအုပ်ကျော်ခိုင်ဦးနှင့်အဖွဲ့သည် နယ်မြေလှည့်ကင်းထွက်ရန်ပြင်ဆင်နေစဉ် စခန်းပေါက်ဝသို့ ygn gg_ပရိုဘောက်အငှားယာဉ်တစီးမှာ
မောင်းဝင်လာပြီး တက်ကစီမောင်းနှင်လာသူ ဥ◌ီးကိုကိုအောင် (၄၄)နှစ် သန်လျင်မြို့နယ်နေသူမှ ၎င်းယဥ◌်ပေါ်ပါလာသော မကြည်ဖြူလွင်အား မသင်္ကာဖွယ်ရာ အမူအရာများ တွေ့ရ၍ စခန်းသို့ သတင်းပို့သဖြင့် အမျိုးသမီး ရဲမေတပ်ကြပ်ကြီးသည် သက်သေများနှင့်အတူ ရှာဖွေရာ
မကြည်ဖြူလွင် လွယ်ထားသောအသားရောင်ဘေးလွယ်အိတ်အတွင်းထည့်ထားသည့်ပိုက်တခုလျှင် WYစာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀)စီးပါ.အအေးစုပ်ပိုက်ဖြတ်စ (၅)ခု.စုစုပေါင်းစိတ်ကြွဆေးပြား(၅၀)ပြား.အလေးချိန်၅ဂရမ်ခန့် ဆင်းကဒ်အမှတ် ၀၉_ပါ Sansung
အမှတ်တံဆိတ် ခဲရောင်ဖုန်းတလုံးအားရှာဖွေသိမ်းဆည်ပြီးသုဝဏ္ဏနယ်မြေရဲစခန်းမှ မကြည်ဖြူလွင် (၂၆)နှစ် အောင်သီရိလမ်း (၁၉)ရပ်ကွက်ဒဂုံမြိုသစ်တောင်ပိုင်းနေသူအား မယ (ပ)၆၇/၂၀၂၀ မူး/စိတ်ပုဒ်မ ၁၉(က)ဖစ်အမှု့ဖွင့်ကာ
အရေးယူထားကြောင်း သတင်းရရှိပါသည်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ ခရက်ဒစ် သတင်း။ ဝေယံ (သဃ်န်းကျွန်း)