News

“ပထမ အသုတ်အဖြစ် မြန်မာပြည်သူ (၁၅) သန်းအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ”

ရန်ကုန်၊ ဒီဇင်ဘာလ ၂၄ ။ ။

​မြန်မာနိုင်ငံသား၁၅ သန်းအတွက်ထိုးနှံနိုင်မယ့်ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယမှဝယ်ယူရေးအတွက် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့အိန္ဒိယနိုင်ငံသို့သွားရောက်ဆွေးနွေးနေ​ပြီးကာကွယ်ဆေးထိုးရန် အစီအစဉ်များ စတင်နိုင်ရေးအတွက် ဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီလို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားပါတယ်။

သည်ကနေ့ည၈နာရီအချိန်ကပြည်သူများကို အစီရင်ခံတင်ပြတဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေကို ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီကာကွယ်ဆေးဝယ်ယူရေးကိစ္စတွေနဲ့ပတ်သက်လို့ ရှိရင် နောက်တစ်ပတ်လောက်ဆိုရင် တိတိကျကျပိုပြီးတော့ သိရပါလိမ့်မယ်” လို့ပြောပါတယ်။

မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးမဲ့အစီအစဉ်တွေ စဖို့ စီစဉ်ထားပြီး တစ်တိုင်းပြည်လုံးမှာ တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမယ်လို့ အသိပေးထားပါတယ်။

ပထမဦးစားပေးအ​နေဲ့ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးနှံမှာဖြစ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်သူများအနေနဲ့ ကာကွယ်ဆေးရရှိတော့မယ်ဆိုတဲ့အသိကြောင့် မပေါ့ဆစေလိုကြောင်းနဲ့ ပန်းတိုင်နီးမှ ခြေခေါက်တဲ့ အဖြစ် မကြုံစေလိုကြောင်း မိန့်ခွန်းမှာ ထည့်သွင်းသတိပေးပြောကြားခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ဆေးရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ တစ်တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးလို့ပြီးမှာပါ။ ဒါ့ကြောင့်မို့ကို ဒီကာလပိုင်းမှာ သိပ်ပြီးတော့ သတိထားဖို့လိုပါတယ်လို့ နိုင်ငံ​​​တော်အတိုင်ပင်ခံကအသိပေး ပြောကြားခဲ့ပါတယ်။

အေးအေးအောင်