News

ကိုဗစ်ဘေးကြောင့်အမိမြေမြိတ်ခရိုင်သို့ပြန်လည်ထွက်ပြေးတဲ့မိသားစုပွဲစား၏အစွန့်ပြစ်ခံရ

ကိုဗစ်ဘေးကြောင့်အမိမြေမြိတ်ခရိုင်သို့ပြန်လည်ထွက်ပြေးတဲ့မိသားစုပွဲစား၏အစွန့်ပြစ်ခံရ

🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭🇹🇭

💢23.12.2020 နံနက် 4.00 နာရီအချိန် တွင် ထိုင်း – မြန်မာနယ်စပ်၊ တနင်္သာရီရိုးမတောင်ခြေအနီး အမှတ် (5) အုပ်စု၊ နင်ကဲဝို့ကျေးရွာ၊ အောင်နွဲတိုက်နယ်၊ ပရကျွပ်ခီရီခန်မြို့၊ ပရကျွပ်ခီရီခန်ခရိုင်၊ ထိုင်းနိုင်ငံ ရာဘာခြံထဲတွင် တစိမ်းလူအုပ်စုတစ်စုရောက်ရှိနေကြောင်းအကြောင်းကြားချက်အရ မစ္စတာ ခဏာဖွတ် စိုင်စကွန် ကျေးရွာအုပ်ချုပ်ရေးမှူးမှ

လက်ထောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ရပ်ရွာလုံခြုံရေးတပ်ဖွဲ့များနှင့်သွားရောက်ကြည့်ရှုရာ (5) ဦးပါဝင်သောမြန်မာနိုင်ငံသားအဖွဲ့တစ်ဖွဲ့ဖြစ်နေသောကြောင့် ဝင်ရောက်ဖမ်းဆီးရာ ခေါ်ဆောင်လာသူမြန်မာပွဲစားမှ အမှောင်ထုကိုခိုပြီးတိမ်းရှောင်ထွက်ပြေးလွတ်မြောက်သွားကာ ခေါ်ဆောင်လာသောမိသားစုမှာအဖမ်းခံခဲ့ရပါသည်။

💢၎င်းမိသားစုတွင် မိခင်ဖြစ်သူဒေါ်…….သန်း အသက် (30) နှစ်နှင့်အတူ (10) နှစ်အရွယ်သား 1 ယောက်နှင့် (7) နှစ်အရွယ်အမွှာ သမီး (2) ယောက် စုစုပေါင်း 4 ဦးဖြစ်ပြီး ဒေါ်……သန်း၏ထွက်ဆိုချက်အရ ၎င်းတို့မိသားစု အမျိုးသားအပါဝင် (5) ဦးတို့သည် ပထီရူးမြို့နယ်၊ ချွန်ဖွန်ခရိုင်၊ ထိုင်းနိုင်ငံတွင် အလုပ်ရှင်တစ်ဦးထံ၌ အခစား ဆီအုန်းသီးကောက်ခြင်းနှင့် ဆီအုန်ခြံ ပေါင်းရှင်းခြင်းအလုပ်ကို လုပ်ကိုင်ခဲ့သည်မှာ (6) နှစ်ရှိပြီဖြစ်ပြီး တရားဝင်စာရွက်စာတမ်းများရှိကြပါသည်၊

ယခုအခါတွင် ထိုင်းနိုင်ငံအတွင်း၌ကိုဗစ် – 19 အခြေအနေများကြောင့် မြိတ်ခရိုင်ရှိမိမိတို့၏ဇာတိတွင် ခြံလုပ်ငန်းပြန်လည်လုပ်ကိုင်စားသောက်လိုသောကြောင့် စင်ခွန် – မောတောင်ဂိတ် လူအဝင်အထွက်ဖြတ်သန်းမှုများပိတ်ထားသောကြောင့် ခိုးလမ်း (တောလမ်း) မှ မောတောင်မြို့သို့ဖြတ်သန်းဝင်ရောက်ပြီး ထိုမှတစ်ဆင့်မိမိတို့နေရပ်သို့သွားရောက်ရန်ဖြစ်ကြောင်း၊

အမျိုးသားကတော့ ထိုင်းနိုင်ငံတွင်ပင်ဆက်လက်အလုပ်လုပ်ကိုင်သွားရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ခိုးလမ်း (တောလမ်း) မှလမ်းလျှောက် နယ်စပ်ဖြတ်ကျော်ပြန်ရန် ပွဲစားခအဖြစ် လူကြီး 1 ယောက် 3,000 ဘတ် ကလေးတစ်ဦးလျင် 2,000 ဘတ် စုစုပေါင်း 9,000 ဘတ်ပေးခဲ့ရကြောင်းထွက်ဆိုခဲ့ပါသည်။

💢ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပရကျွပ်ခီရီခန်ခရိုင်၊ကျန်းမာရေးဦးစီးဌာနသို့အကြောင်းကြားခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
၎င်းနောက် ထိုမိသာစု၏အလုပ်ရှင်ထံသို့ဆက်သွယ်ပြီး မိမိတို့၏အလုပ်သမားများကိုပြန်လည်ခေါ်သွားရန်နှင့် စင်ခွန် – မောတောင် နယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်နိုင်မှသာလျင် မြိတ်ခရိုင်သို့ပြန်ကြရန်ဖြောင်းဖြပြောဆို၍ အလုပ်လုပ်ကိုင်ရာချွန်ဖွန်ခရိုင်သို့ ပြန်လည်ပို့ဆောင်ရန်စီစဉ်ခဲ့ပါသည်။

💢လတ်တလောတွင်ထိုင်းနိုင်ငံတွင်နေထိုင်ကြသောမြန်မာရွှေ့ပြောင်းလုပ်သားများသည် ရုတ်တရက်ဖြစ်ပေါ်လာသော ထိုင်းကိုဗစ် ဒုတိယလှိုင်း၏ဒါဏ်ကိုအပြင်းအထန်ခံစားကြရသူများဖြစ်ပါသည်။ အထူးသဖြင့်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများရှိနေပါသည်။ သို့ဖြစ်၍ မိမိမွေးရပ်ဇာတိကိုတမ်းတသူများပိုမိုများပြားလာကာ မဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်လိုကြသူများလည်းအတော်များများရှိနေကြပါသည်။

မှတ်ချက်။ ။ထိုင်းနိုင်ငံအစိုးရ၏ညွှန်ကြားချက်ဖြင့်ထိုင်း – မြန်မာနယ်စပ်လုံခြုံရေးကိုအထူးတိုးမြှင့်ထားပါသည်။ နယ်စပ်တစ်လျှောက်တောလမ်းများတွင် သံဆူးကြိုးနှစ်ထပ်ကာရံခြင်း၊ ဆိုလာဆလိုက်မီးသီးများတပ်ဆင်ခြင်း၊ အချက်ပြစံနစ်များတပ်ဆင်ခြင်း၊ 24 နာရီကင်းစံနစ်များထားရှိခြင်းနှင့် ထိုင်းအရပ်သူအရပ်သားများမှသတင်းပေးစံများဖေါ်ဆောင်ထားခြင်းတို့ကြောင့် တောလမ်းများမှနယ်စပ်ဖြတ်ကျော်ခိုးဝင်၊ခိုးထွက်ကြရန်မလွယ်ကူပါသဖြင့် ၎င်းနည်းလမ်းများကိုအသုံးမပြုကြပါရန်အသိပေးအပ်ပါသည်။

⛔⛔⛔⛔⛔⛔⛔⛔⛔

ရေးသားသူ – ဆရာဦးအောင်ကြည်မြင့် 23.12.2020

သတင်းစဉ် – #AKM Tourism / https://www.facebook.com/akm.office.mawtaung

ကိုးကား – ပရကျွပ်ခီရီခန်ခရိုင်သတင်းနှင့်ပြန်ကြားရေးဦးစီးဌာန၊ ထိုင်းနိုင်ငံ

#Covid – 19 #Boder #Myanmar #Thailand #Tanintharyi #Myeik #Prachuap #Migration

#AKMTourism