အသက်အန္တရာယ်ပေးမည့် ဗိုင်းရပ်စ်မျိုးသစ်များ ထပ်လာဦးမည်ဟု အီဘိုလာဗိုင်းရပ်စ် ရှာတွေ့ခဲ့သူ ဆရာဝန်က သတိပေး
အသက်အန္တရာယ်ပေးမဲ့ ဗိုင်းရပ်စ်မျိုးသစ်တွေ ထပ်လာဦးမယ်လို့ အာဖရိကတိုက်မှာ အီဘိုလာဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဆရာဝန်ပညာရှင်က သတိပေးပြောကြားပါတယ်။
အာဖရိကတိုက် မိုးသစ်တောတွေထဲကနေ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်အသစ်တွေ ပေါ်ထွက်လာမဲ့ အလားအလာမြင်တွေ့နေရကြောင်း ပါမောက္ခ Jean-Jacques Muyembe Tamfum က ပြောပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ တုန်းက ရှာဖွေတွေ့ရှိရာမှာ သူလဲ ပါဝင်ခဲ့ပြီး ရောဂါပိုးသစ်တွေကို ဆက်လက်လေ့လာ ရှာဖွေနေသူပါ။
ကွန်ဂိုနိုင်ငံမှာ အီဘိုလာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာပြသူ လူနာတဦးကို စစ်ဆေးအပြီးမှာ အီဘိုလာလဲ မဟုတ်သလို ရှိနှင့်ပြီး တခြားရောဂါတွေနဲ့လဲ မကိုက်ညီဘူးလို့ ဆိုပါတယ်။
ရောဂါပိုးနမူနာကို တွေ့ရှိရာနေရာမှာရော မြို့တော် ကင်ရှာဆာက ဇီဝဆေးဝါးသုတေသနဌာန National Institute of Biomedical Research (INRB) မှာပါ အဆင့်ဆင့် စစ်ဆေးပြီးနောက် အဖြေရှာမရဘဲ ပဟေဠိဖြစ်နေဆဲပါ။
တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ ရောဂါတွေ လာဦးမယ်လို့လဲ Muyembe က သတိပေးပြီး နောင်လာမဲ့ ဗိုင်းရပ်စ်တွေဟာ ကိုဗစ်-၁၉ ထက် ပိုပြီး ဆိုးရွားပြင်းထန်နိုင်တယ်လို့ ယူဆကြောင်း ပြောကြားပါတယ်။
Source : CNN
One News Myanmar