News

“တကယ်မငတ်ဘဲ အစဉ်အလာအရ ဆွမ်းကျန်တောင်းစားသူတွေအ​ကြောင်း လွှတ်တော်အမတ် ဒဲ့ပြောပြီ”

“စစ်ကိုင်း မြစင်္ကြာဘုန်းကြီးကျောင်းမှာ လာရောက်အလှူခံသူတွေ တကယ်မဆင်းရဲ၊ တကယ်မငတ်ဘဲ သိန်းရာကျော်တန် မြေကွက်ပိုင်သူတွေ ဖြစ်လာမယ်ဟုဆို”

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မြစင်္ကြာဘုန်းတော်ကြီးကျောင်းတွင် လာရောက် အလှူခံစားသောက်များအရေး ဝေဖန်မှုများ မြင့်တက်လျက်ရှိနေသဖြင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက စစ်ကိုင်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကိုင်းမြို့ မြစင်္ကြာဘုန်းတော်ကြီးကျောင်းမှာ လာရောက်အလှူခံတဲ့ သူတွေများပြားနေတဲ့အပေါ် ဘယ်လို မှတ်ချက်ပြုချင်ပါသလဲ။

ဖြေ။ ။ ဖြေရှင်းလိုက်ပါပြီ။ အဲဒါက အခုမှ အလှူခံတာမဟုတ်ဘူးပေါ့။ ဟိုယခင်ကတည်းက ကျွန်တော်တို့ စစ်ကိုင်းတောင်မှာက အဲဒီမြစင်္ကြာကျောင်းတိုက်ဆိုတာကလည်း ပြောရင်လည်း ကြာနေမှာစိုးလို့ သူက နိုင်ငံတော်မှာ သာသနာတော်မှာ သူက တကယ့်ကို ဗုဒ္ဓစာပေမှာ ဒိတ်ဒိတ်ကြဲကြဲတွေ မွေးထုတ်နိုင်တာပေါ့။

နောက်ပြီးတော့ သံဃာတွေလည်း အများကြီးရှိတယ်။ နောက်တစ်ခါ လှူတဲ့တန်းတဲ့အခါမှာဆိုရင်လည်းပဲ ကျွန်တော်တို့ရက်ကို ကြိုပေးရတာပေါ့။ လနဲ့ချီပြီးတော့ အဲလောက်ထိ ဘုန်းတန်ခိုးကြီးပါတယ်။ သူရဲ့လုပ်ဆောင်ချက်ကလည်းကောင်းတော့ စည်းကမ်းလည်းကြီးတာပေါ့။ အဲဒီကျတော့ ဆရာတော်သံဃာတော်တွေက သူတို့ ဘုန်းပေးရုံတင်မကဘူး။

နေ့တိုင်းကို အများကြီး ပိုလျှံတာပေါ့။ ပိုလျှံတော့ မြရတနာတို့ ဘာတို့ ရပ်ကွက်တွေဘာတွေကနေ သွားပြီးတော့ ဆရာတော်တွေ စွန့်ကြဲတဲ့ ဆွမ်းကွမ်း ကိုသွားပြီးတော့ သူတို့ အလှူခံတယ်ပေါ့။ ထပ်ပြီးတော့ အဲလိုလုပ်ခဲ့တာ အခုကျတော့ ကိုဗစ် ကာလဖြစ်တဲ့အခါကျတော့ လူစုလူဝေးဖြစ်တာ မှန်ပါတယ်။

အဲတာ ကျွန်တော်တို့ ခရိုင်အုပ်ချုပ်ရေးကော မြို့နယ်ကကောနေပြီး လူစုလူဝေးဖြစ်တဲ့အတွက် အဲဒီ ဆွမ်းကွမ်းတွေပေါ့။ အဲတာတွေကို ကျောင်းတွေကို လာပြီးတော့ သူတို့တွေကို အလှူမခံစေဘဲနဲ့ ရပ်ကွက်တွေအရောက်ပို့ပေးဖို့ ကျွန်တော်တို့ လျှောက်ထားပြီးပါပြီ။

မေး။ ။ ဒီလိုမျိုး ဘုန်းတော်ကြီးကျောင်းတွေမှာ ဆွမ်းကျန်တွေကို လာရောက်အလှူခံတာက ကိုဗစ်ကာလ ကျပ်တည်းမှုကြောင့်လား။

ဖြေ။ ။ မဟုတ်ဘူးခင်ဗျ။ အစဉ်အလာပါပဲ သူက အရင်တုန်းတည်းက အဲဒီလိုပဲလေ ဒါပေမယ့်လို့ အဲဒီမှာ ဘယ်သူက ဓာတ်ပုံရိုက်ပြီး တင်လိုက်တယ်မသိဘူး။ အဲဒီမှာဘာဖြစ်လဲဆိုတော့ တချို့က ရေးကျတာပေါ့။

တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက သော်လည်းကောင်း မထောက်ပံ့လို့ ဂရုမစိုက်လို့ဆိုတဲ့ အဖြစ်မျိုးကို မြင်တာပေါ့။ မသိတဲ့ပုဂ္ဂိုလ်တွေက ဒါပေမယ့်လို့ မြရတနာ ရပ်ကွက်အကြောင်းကို စစ်ကိုင်းသားစစ်စစ်တွေကပဲ သိပါတယ်။

နှစ်မကြာခင်က စစ်ကိုင်းကိုပြောင်းရွေ့လာတဲ့ ပုဂ္ဂိုလ်တွေတောင်မသိဘူး။ မြရတနာရပ်ကွက်ဆိုတာ အရင်တုန်းက ကျွန်တော်တို့ စစ်ကိုင်း စည်းခုံကြီး ဘုရားနားကနေ ရွှေ့လာတာပေါ့။ အဲတာကြတော့ ကျွန်တော်ပြောလို့မသင့်ဘူးဆိုတာက လူ့ဂုဏ်သိက္ခာတွေ အများကြီးရှိတယ်လေ ဟိုတုန်းက အဲနားပဲနေတဲ့ ရွာလေးတစ်ရွာဆိုပါစို့ ၅အိမ်ပဲရှိခဲ့ဖူးတာ အင်္ဂလိပ်လက်ထက်က အဲထက်ပိုပြောလို့မသင့်ပါဘူး။

အဲကနေပြီးတော့ ကျွန်တော်တို့ အစိုးရလက်ထက်ကမှ မြရတနာရပ်ကွက်ကို နဝတ-နအဖ လက်ထက်လောက်လိုထင်ပါတယ်။ ပြောင်းခဲ့လိုက်တာပေါ့။ ပြောင်းတော့ မြရတနာ ရပ်ကွက်ရယ်လို့ဖြစ်လာတာ ဖြစ်လာတော့ အဲဒီမွာ ကျွန်တော်တို့ အစိုးရလက်ထက်မှာ အိမ်ခြေ ၁၅ဝလောက်ရှိမယ်ထင်ပါတယ်။ အဲဒါကို ကျွန်တော်တို့က ပိုက်ဆံတစ်ပြားမှ အကုန်အကျ မခံစေဘဲနဲ့ မြေဂရမ်တွေ ဆောက်ပေးပါတယ်။ မကြာခင်ရပါတော့မယ်။

အဲတာတောင်မှ သူ့စည်းကမ်း စည်းမျဉ်းအရ သူတို့ ဒဏ်တပ်ရိုက်တယ်ခေါ်တာပေါ့။ ဂရမ်မရသေးဘဲနေလို့ တစ်အိမ်ထောင် ဘယ်လောက်ဆိုတာ သတ်မှတ်ပြီး ဒဏ်ရိုက်ဖို့ လုပ်တာတောင်မှ ကျွန်တော်တို့စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စစ်ကိုင်းကဝန်ကြီး ဦးစိုးဦးပေါ့။ စီမံဘဏ်ဏ္ဍာဝန်ကြီးပေါ့။ သူကဘာလဲဆိုတော့ ကိုင်းဟုတ်ပြီ။ အဲဒီတော့ ဒဏ်တပ်ရိုက်တာကတော့ စည်းမျဉ်းစည်းကမ်းအရ ဟုတ်တယ်။ သို့သော်လည်းပဲ သူတို့ဘာသာသူတို့ ရွှေ့ခဲ့ရတာမဟုတ်ဘူး။

အစိုးရကနေပြီးတော့မှ ရွှေ့ခိုင်းလို့ရွှေ့လိုက်ရတဲ့အတွက် အဲဒီဒဏ္ကို မရိုက်ပါနဲ့ ဆိုတဲ့အတွက် သူတို့မွာ တစ်ပြားမှမကုန်ပါဘူး။ ဂရမ်တွေ မကြာခင်ရပါတော့မယ်။ နောက်တစ်ခါ ရွာထဲလမ်းတွေမှာဆိုရင် ကျွန်တော်တို့ အကုန်ခင်းကျင်းပြီးသားပါ။

ကွန်ဂရစ်လမ်းတွေ ကျွန်တော်တို့ ဘိလပ်မြေ တိုင်းဒေသကြီးအစိုးရအဖွဲ့က ချပေးလို့ ဆောက်ပေးထားပါတယ်။ သူတို့လည်း ကိုယ်ထူကိုယ်ထလည်း ပါပါတယ်။ သူတို့လည်း မဆင်းရဲကျပါဘူး။ နောက်တစ်ခါ ကျွန်တော်တို့ သူတို့ကျောင်းပေါ့။

မြရတနာ ရပ်ကွက်ရဲ့ ကျောင်းမှာလည်း ရေပြင်တွေဘာတွေဆောက်ပေးတယ်။ အထိုက်အသင့်ပေါ့။ တော်တော်လေးလည်း ဆောင်ရွက်ပေးထားတာရှိပါတယ်။ အဲဒီလို အလှူခံစားသောက်ခြင်းကတော့ ဒါအခုမှ မဟုတ်ပါဘူး။ အဲလိုလေးပါ။

မေး။ ။ ဒီလိုမျိုး လူစုလူဝေးတွေမဖြစ်အောင် ဘယ်လိုမျိုးဖြေရှင်းထားလဲ။

ဖြေ။ ။ ဖြေရှင်းပြီးပါပြီ။ အဲဒီစားသောက်ဖွယ်ရာတွေကို ရပ်ကွက် အုပ်ချုပ်ရေးမှူးကတစ်ဆင့် ရပ်ကွက်အရောက်ပဲ ပို့ပေးလှူဒါန်းမယ်လို့ ပြောပြီးပါပြီ။

မေး။ ။ အခု လူမှုကွန်ရက်မှာ ဝေဖန်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်တာရှိမလဲ။

ဖြေ။ ။ အဲဒါတွေကတော့ စိတ်မကောင်းစရာပေါ့။ ကျွန်တော်တို့က မေးလို့သာပြောရတာလေ ကျွန်တော်တို့က ဒါကေတာ့ ကိုင်း ဒါအမှန်တရားတော့ မဟုတ်ဘူး။ သို့သော် စစ်ကိုင်းတော့ အမည်ပျက်တယ်။ ဒီတိုင်းထားလိုက်ရင်လည်း အေးသွားမှာပါပဲဆိုပြီး နေခဲ့တာပေါ့။ ခုနပြောသလို အမှန်အကန်ရှင်းပြလို့လည်း တချို့ဟာတွေက ပြောမရတာတွေရှိတယ်။

ဒါပေမယ့် မအေးဘူးဖြစ်နေတာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝေဖန်တာတွေကလည်း များလာတာပေါ့။ များလာတော့ အမှန်တရားမဟုတ်ဘူး။

အမှန်တရားကတော့ ကျွန်တော်ပြောတဲ့အတိုင်းပါပဲ။ သူတို့ဟာ မငတ္ဘူး။ သူတို့ဟာ မဆင်းရဲဘူး။ အခုဆိုရင် ဂရန်ဖောက်ပေးရင် သူတို့မြေကွက်တွေက ရာကျော် တန်ပါပြီ။ အဲလောက်ထိလုပ်ပေးထားပါတယ်။

Photo Credit – VOM

Khit Thit (23 Dec 2020)

(ရဲမြင့်ဦး)