ထားဝယ်မြို့ ရုံးကြီးပွိုင့်နားမှာ ပန်းရောင်းနေတဲ့ခလေးကို အရင်က မတွေ့ဖူးဘူး
ခုတွေ့နေရတာ ၃ ရက် ၄ ရက်လောက်ရှိပြီ။ ပန်းဝယ်အုံးမှပဲဆိုပြီး စိတ်ကူးနေတာ ၁၈ ရက်နေ့ညက။
အားပေးဖြစ်ခဲ့တယ်။ သူနဲ့စကားပြောကြည့်တော့ ကျန်းမာရေးမကောင်းတဲ့ အေမ့ကို ရှာကျွေ းနေတာတဲ့။
သားအကြီးဆုံးတဲ့။ အောက်မှာက ညီလေးတွေ ညီမလေးတွေ ရှိသေးတယ်တဲ့။
သူ့ဘေးမှာရပ်နေတဲ့ မဇာဇာလင်းက ပန်းကူရောင်းပေးနေတာ ကျေးဇူးပါခင်ဗျာ။
အရင်က ပြောင်းဖူးပြုတ် ရောင်းတယ်တဲ့ သနားလို့ ကူညီပေးနေတာတဲ့ အစကေတာ့ ပန်းအိုး..တစ်အိုးစာပဲ ဝယ်မလို့ နောက်တော့ သူအကြောင်းလည်း သိရေတာ့ သနားလည်းသနား ။
သူ့စိတ်ဓာတ်ကိုလည်း လေးစားလို့ ပန်းတွေအားလုံး ဝယ်လိုက်တယ် ဘယ်လောက်ကျလဲ။
မေးတော့ တစ်သောင်းငါးထောင်ကျပ်တဲ့ ကျွန်တော်က ၂ သောင်း ပေးခဲ့လိုက်တယ်။
သူလက်မခံဘူး သူမ်ားပိုက်ဆံ အဲလိုမယူချင် ဘူးတဲ့ ယူလိုက်ပါ ညီလေးရာဆိုပြီး အတင်းပေးမှ။
သူလက်ခံသွားတယ် အပြင်ထွတ်လို့ ရုံးကြီးမီးပွိုင့်နားမှာ ဒီခလေးလေး ပန်းရောင်းနေတာတွေ့ ရင် မလိုအပ်လည်း အားပေးလိုက်ကြပါအုံးခင်ဗျ။ အား လုံ းကို ကျေးဇူးတင်ပါတယ်။
“အစ်ကိုကြီးတော့ အဖအရာ” ဆိုတဲ့စကားက ဒီသားငယ်လေးနဲ့ တွေ့မှ ပိုအဓိပ္ပာယ်ရှိသွားတယ်
Credit