News

“မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ Serum Institute နဲ့ ဆွေးနွေးနေပြီ”

Zawgyi ဖြင့်ဖတ်ရန်

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India မှဝယ်ယူရန် ဆွေးနွေးနေပြီ။

မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India မှဝယ်ယူရန် ဆွေးနွေးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရပါ တယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် COVID-19 ကာကွယ်ဆေးဝယ်ယူရေးနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး နေသည့်ကိစ္စ၊

အိန္ဒိယနိုင်ငံ၊ Serum Institute of India မှ COVID-19 ကာကွယ်ဆေးများကို မြန်မာနိုင်ငံမှ ဝယ်ယူလိုသည့် ကိစ္စ၊အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်တင်ပို့မှု ကဏ္ဍပူးပေါင်း ဆောင်ရွက်ရေးအတွက် Joint Task Force တစ်ရပ်ဖွဲ့စည်း၍ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

#MyanmaPlatform #News #Domestic