News

“ဇနီးဖြစ်သူက အွန်လိုင်းမှာ တွေ့တဲ့လူနဲ့လိုက်သွားလို့ ကလေးငယ်လေးနဲ့ ကျန်ခဲ့တဲ့ အမျိုးသား”

သုံးဘီးမောင်းသမားတစ်ယောက်ဟာ သူ့မိန်းမကFacebookပေါ်ကလူနဲ့တွေ့ပြီးနောက် သူနဲ့ကလေးကိုထားသွားခဲ့တာကြောင့် ကလေးပါအလုပ်ကိုခေါ်ပြီးသုံးဘီးမောင်းနေရကြောင်းကို Viral4real ကနေသတင်းရရှိပါတယ်။

ဖိလစ်ပိုင်မှာသုံးဘီးမောင်းသမားတစ်ယောက်အနေနဲ့ အလုပ်လုပ်နေရတာတကယ်ကိုခက်ခဲပါတယ်။ နေပူထဲမှာ နာရီပေါင်းများစွာအလုပ်လုပ်ရပြီး နိုင်ငံရဲ့ယာဉ်အသွားအလာပြဿနာတွေကိုလည်း ချိန်ညှိရပါတယ်။

မိန်းမကထားသွားပြီးနောက်ပိုင်း ကလေးကိုအလုပ်ခေါ်လာပြီးစောင့်ရှောက်ရတာ ထိုသူ့အနေနဲ့၂ဆပင်ပန်းပါတယ်။

အဆိုပါသုံးဘီးမောင်းသမားနာမည်က Rudy လို့အမည်ရပြီး Facebookအသုံးပြုသူ Jane Eguillos က အလုပ်ကြိုးစားလွန်းတဲ့ဖခင်ဖြစ်သူ Rudyကိုသတိပြုမိပြီး လူမှုကွန်ယက်ပေါ်ကနေ သူ့ဇာတ်လမ်းကို ဓာတ်ပုံတွေနှင့်တကွဝေမျှဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။Rudy ကသူတို့အိမ်ထောင်သက်က၃နှစ်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။

နောက်တော့သူ့မိန်းမကိုဖုန်းဝယ်ပေးပြီးနောက်ပိုင်းမှာသူမကFacebook စတင်အသုံးပြုပြီးလိုင်းပေါ်မှာယောင်္ကျားတစ်ယောက်နဲ့ဆုံပြီး နောက်ဆုံးမှာထိုယောင်္ကျားနဲ့တွေ့ဖို့သွားတယ်လို့ဆိုပါတယ်။

အင်တာနက်အသုံးပြုသူတွေက အဖေနဲ့သားဖြစ်သူရဲ့သနားစရာဇာတ်လမ်းကိုကြားရတဲ့အခါ စုတ်တသတ်သတ်ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့တီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Kapusp Mo, Jessica Soho” ကိုရောက်သွားပါတယ်။

အစီအစဉ်တင်ဆက်သူပြောပြချက်အရ Rudyကသုံးဘီးယာဉ်လေးကိုတကယ်တော့သူမပိုင်ပါဘူး။ နေ့တိုင်း ပီဆို၁၅၀ပေးသွင်းရပါတယ်။ နောက်ပြီးတော့ အုံနာအိမ်ကိုသွားတဲ့အခါမှာလည်း နေ့တိုင်း ၂ကီလိုမီတာ (၁မိုင်ကျော်ကျော်)လောက်လမ်းလျှောက်ရတယ်လို့ဆိုပါတယ်။

ပြီးနောက်မှာတော့ Rudyကိုစားသောက်ကုန်၊နို့နဲ့ကလေးအတွက် ကလေးdiapers တွေထောက်ပံ့ပေးခဲ့တဲ့အပြင်ကို သုံးဘီးအသစ်လေးတစ်စီးပါ လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။