မီဒီညာဂျင်းအကြောင်း ပြောရဦးမယ်။ ထုံးစံအတိုင်း ဇာတ်လိုက်ကျော် ကုန်းသီးပေါ့။
စစ်ကိုင်းက ဘုန်းကြီးကျောင်းရှေ့မှာ ဆွမ်းကွမ်းစွန့်တာ စောင့်နေကြတဲ့လူတွေကို ဓါတ်ပုံရိုက်ပြီး စစ်ကိုင်းမှာ လူတွေ ငတ်နေကြပြီ ဆိုတဲ့အထာနဲ့ ရေးတယ်။ လူတွေကလည်း သနားကြတာပေါ့။
အစိုးရမကောင်းလို့ဆိုပြီး သံပြိုင်ဆဲသူတွေကလည်း ဆဲကြတာပေါ့။
စစ်ကိုင်းမြို့ခံတွေကတော့ ရှင်းပြကြတယ်။
ဒီကိစ္စဟာ COVID ကြောင့်လည်း မဟုတ်ဘူး။
ဟိုးအရင်ကတည်းက စစ်ကိုင်းအနီးအဝိုက်က တောင်းရမ်းစားသောက်သူအချို့က ဘုန်းကြီးကျောင်းက ဆွမ်းကွမ်းစွန့်တာတွေကို စားနေကျတဲ့။
စစ်ကိုင်းတောင်ရိုးဆိုတာ စေတီပုထိုးများတဲ့ သာသနာ့နယ်မြေ။
ဘုရားဖူးတွေ များတဲ့အတွက် ဘုရားဖူးတွေရှိတဲ့နေရာမှာ မှီတည်တောင်းရမ်းစားသောက်သူတွေ ရပ်ကွက်လိုက်ရှိတယ်။
သူတို့တွေကို အစိုးရက မြေယာပိုင်ဆိုင်ဖို့နဲ့ ရပ်ရွာတိုးတက်ဖို့ လမ်းခင်းတာဘာညာတွေ လုပ်ပေးနေပြီတဲ့။
အခုရေးပြတာက လူတန်းစား ခွဲခြားရေးပြတာ မဟုတ်ဘူးနော်။
သူတို့အပေါ် ဘယ်လို စိတ်မှ မရှိဘူး။
ပြောချင်တာက
စစ်ကိုင်းဒေသခံတွေ ငတ်နေလို့ ဘုန်းကြီးကျောင်း သွားတောင်းစားနေရပါတယ်ဆိုတဲ့ နှက်ကြောင်းပေး ပုံဖော်မှုဟာ မဟုတ်ဘူး။
ဒါ အရင်ကတည်းက ဒီလိုပဲဆိုတာ ပြောချင်တာ။
သူတို့က ဒီအစိုးရလက်ထက် ပြည်သူတွေ ငတ်နေပါတယ်ဆိုတာမျိုးကို သိပ်ပုံဖော်ပြချင်တာ။
COVID ကြောင့် ပြည်သူတွေ ပုံမှန်ထက် ကြပ်တည်းတာ မှန်တယ်။
ဒါဟာ မြန်မာပြည်မှ မဟုတ်ဘူး၊ ငဗစ်ကြောင့် ဒုက္ခရောက်နေတာ တစ်ကမ္ဘာလုံး။
အစိုးရ သိပ်တော်တယ်၊ သိပ်တတ်တယ်၊ စီးပွါးရေးတွေကောင်းနေတယ်လို့ ပြောနေတာ မဟုတ်ဘူး။
ဒါပေမယ့် မဟုတ်မမှန် နှက်ကြောင်းပေးပြီး လူထုကို စိုးရိမ်ပူပန်အောင်လုပ်နေတာ ရွံစရာကောင်းတယ်။
COVID ကိုင်တွယ်မှုမှာ အစိုးရဟာ ဂုဏ်ထူးမှတ်မရပေမယ့် အောင်မှတ်တော့ ကျော်ခဲ့တယ်။
ဒါကို ဒုတိယသက်တမ်းအတွက် တခဲနက်မဲပေးခဲ့တဲ့ ပြည်သူတွေ အသိပဲ။
တတ်နိုင်တာထက် ဝန်ပိုထမ်းခဲ့တယ်။
ကိုယ်တွေ နိုင်ငံထက် အစစအရာရာ တိုးတက်ချမ်းသာနေတဲ့ နိုင်ငံတွေတောင် ဗုံးဗုံးလဲမတတ်ဖြစ်နေတာ ကိုယ်တွေလည်း ထိကြမှာပဲ။
အမှန်တရားပြောလို့ နားခါးရင်တောင် ခံသာသေးတယ်။
မဟုတ်မမှန်တွေနဲ့ အောက်လုံးတိုက် ခြေထိုးယိမ်းကနေပြီး ကိုယ့်ကိုယ်ကိုယ် စတုတ္ထမဏ္ဍိုင်လို့ သွေးနားထင်ရောက်ချင်နေသေးတယ်။
ဘေဘီလုံမှာ အိပ်ပျော်နေတဲ့အဘလည်း အသက်ရှိသေးရဲ့လားမသိ။
ငပိသည်ကြီးက သူ့မထိမချင်း အိပ်နေတော့ ဟော့ဒီက ဆားသည်မက ခွေးမောင်းလိုက် ယင်ရိုက်လိုက်နဲ့ မအားရဘူး။
သာဓုပါတော် သာဓုပါ သာဓုပါ..
အိပန္ဆယ္လို