News

“ကျေးရွာ သောက်သုံးရေကန်ထဲ အဆိပ်ခတ်ခံရသောကြောင့် အမျိုးသမီး (၁)ဦး သေဆုံး”

လူယုတ်မာအဖျက်သမားများအတင့်ရဲလာနေ။ မီးကုန်ယမ်းကုန်နှောက်ယှက်ဖို့တာစူလာနေကြ၊

ကျေးရွာသောက်သုံးရေကန်တွေကိုရွှေချက်ကန် ဓာတုဆေး(sodiumcyanide)ဓာတုဆေးအဆိပ် အခတ်ခံရတာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးအဆိုပါကျေးရွာကိုနယ်မြေခံရဲတပ်ဖွဲ့ကလုံခြုံရေးယူထားရ။

ဒီဇင်ဘာ(၂၂)။သပိတ်ကျင်းမန္တလေးတိုင်း ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့နယ် အုံးဇုံးအုပ်စုဆင်မွှေးကျေးရွာကသောက်သုံးရေကန်တွေကိုဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းအချိန်က ရွှေချက်ကန်ဓာတုဆေး(ဒေသအခေါ်)sodium cyanideအဆိပ်ခတ်ခံရတညကြောင့်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီးအမျိုးသမီးငယ်တစ်ဦးကမူးဝေအော့အန်တာတြွေဖစ်ခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာကရေကန်တွေမှာဓာတုအဆိပ်ခတ်ထားတယ်လို့ မသိရှိသေးခင်အချိန်ကဆင်မွှေးကျေးရွာနေ မဝင်းဌေးအသက်(၃၉)နှစ်အရွယ်ကနံနက်ငါးနာရီခွဲအချိန်ခန့်မှာရွာအလယ်မှာရှိတဲ့အုပ်ချုပ်ရေးမှူး ရုံးဘေးကရေကန်မှာမျက်နှာသစ်အာလုတ်ကျင်းပြီးအဲ့ဒီရေကန်ကရေနဲ့အိမ်အတွက်ထမင်းဟင်းချက်ပြီး အိမ်ပေါ်အတက်မှာမူးလဲပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်

ကျေးရွာရဲ့မြောက်ဖက်စက်ရေတွင်းအနီးကရေကန်မှာတစ်ရွာတည်းနေမဇင်ဝါကျော်အသက်(၁၈)နှစ်အရွယ်ကရေကန်မှာမျက်နှာသစ်ရေသောက်ပြီး အော့အန်လာချိန်မှာ ဆေးအနံ့တွေနှင့်အတူ ရေကန်ဘောင်ပေ ါ်က(sodium cyanide)ရွှေချက်ကန်ဓာတုဆေးလုံးကိုတွေ့ရှိခဲ့တာဖြစ်ပြီး ကျေးရွာကတာဝန်ရှိသူတွေက မွန်းတည့်ဆယ့်နှစ်နာရီအချိန်ခန့်မှာတစ်ရွာလုံးကိုမိုက်နဲ့ဟစ်အော်ပြီးသတိပေးခဲ့ရတယ်လို့ဆင်မွှေးကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ဇနီး ဒေါ်ခိုင်ကပြောပါတယ်။

သပိတ်ကျင်းမြို့မရဲစခန်းကို First Weekly News မှဆက်သွယ်မေးမြန်းရာတွင်…

“ကျွန်တော်တို့ရွာထဲမှာကွင်းဆင်းစစ်ဆေးနေပါတယ်။

ရေကန်တြွေပန်သုံးလို့ရအောင်လည်းဆောင်ရွက်နေပါတယ်။

ဒီမှာမြို့နယ်အုပ်ချုပ်ရေးမှူးလည်းရောက်နေပါပြီ။နာရေးအိမ်မှာလည်းကူညီသင့်တာကူညီပေးနေပါတယ်။

ကျေးရွာရေကန်တွေပြန်သုံးလို့ရအောင်ဆေးဖို့၊ကြောဖို့အဖွဲ့တွေနဲ့လုပ်နေပါတယ်။နာရေးအတွက်ဒုတိုင်းရဲတပ်ဖွဲ့မှူးကြီးကငွေကျပ်ငါးသောင်းထောက်ပံ့ပါတယ်။

ကျေးရွာအတွက်သောက်သုံးရေပြန်လည်ရရှိအောင်ငွေကျပ်ငါးသောင်းထပ်မံထောက်ပံ့ပါတယ်။သုံးလို့မရသေးရင်လည်းမနက်ဖြန်အတွက်ပြန်လည်ထောက်ပံ့မှာပါ”လို့ဒုရဲမှူးတင်မိုးဇော်က First Weekly ကိုပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးတိုင်းဒုတိုင်းရဲတပ်ဖွဲ့မှူးရဲ့လမ်းညွှန်ချက်နှင့်အညီနယ်မြေခံရဲတပ်ဖွဲ့အပါအဝင်သပိတ်ကျင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးနှင့်အဖွဲ့တို့ကကွင်းဆင်းစစ်ဆေးဆောင်ရွက်နေပြီးကျေးရွာကိုလုံခြုံရေးပေးထားတယ်လို့သိရပါတယ်။

(ကျောင်းတော်ရာမောင်ဦး။ပေးပို့သည်။)

၉/သပကနိုင် ၀၃၆၆၁၅။

မန္တလေးတိုင်းပြင်ဦးလွင်ခရိုင်

သပိတ်ကျင်းမြို့နယ်

အုံးဇုံးအုပ်စုဇရပ်ကွင်း အမှတ် ၄ ရပ်ကွက်။

The First Weekly News Journal