News

“နည်းနည်းတော့များလာပြီ……ရန်ကုန်ပြန်ကို အခကြေးငွေနဲ့ ခိုးသယ်လာပြီး Quarantine Center ကို လာမပို့ပဲ လမ်းဘေးမှာ ပစ်ချသွားပြန်ပြီ”

စစ်တောင်းကနေ ရန်ကုန်ပြန်တွေကို ခိုးသွင်းနေတဲ့ ကားသမားတွေ နည်းနည်းတော့များလာပြီ ထင်တယ်ပြန်လာတဲ့သူတွေလဲ ဒုက္ခရောက်ရတယ်။

သူများစီးပွားရေးထိခိုက်မှာစိုးတဲ့စိတ်နဲ့ မပြောပဲ အခေါက်ပေါင်းများစွာ သွားကူညီခဲ့ပြီးပြီး။

ခဏခဏပဲ လုပ်နေကြတာဗျာ။ ခုလဲ ရန်ကုန်ပြန်ကို အခကြေးငွေနဲ့ ခိုးသယ်လာပြီး Quarantine Center ကို လာမပို့ပဲ လမ်းဘေးမှာ ပစ်ချသွားပြန်ပြီး။ ကာယကံရှင်ကိုယ်တိုင် လမ်းဘေးမှQ ဝင်ဖို့ ဖုန်းဆက် အကြောင်းကြားအကူအညီ တောင်းလာလို့ ချက်ချင်းသွားခေါ်ပေးပြီး Q Center ကို ပို့ဆောင်ပေးလိုက် ပါတယ်။

မွန်ပြည်နယ်ကို ပြန်လာမဲ့ပြည်သူတွေရော လာပို့ပေးကြတဲ့ ကားသမားတွေကိုရော သိအောင်ပြောပါမယ်။

မွန်ပြည်နယ်ထဲကို တရားဝင် ဝင်ခွင့်ပေးထားပါတယ်။ ခိုးဝင်စရာ မလိုပါဘူး။ တရားဝင် ဝင်လာပါ။ ဒါပေမဲ့သတ်မှတ်ထားတဲ့ Covid စည်းမျဉ်းစည်းကမ်းအတိုင်းQ ဝင်ပါ။ Q ဝင်ခိုင်းတာ လူကို ရက်အကန့်အသတ်နဲ့ဖမ်းချုပ်နေတာ မဟုတ်ပါဘူး။

မွန်ပြည်နယ်က ကိုယ့်မိသားစု ဆွေမျိုးတွေဆီ ပြန်လာတဲ့အခါ ကူးစက်ရောဂါ ပါသွားလား မပါသွားလား ဓါတ်ခွဲခန်းက တိကျတဲ့အဖြေနဲ့ စစ်ဆေးပေးဖို့ ခေတ္တခေါ်ထားတဲ့သဘောပါ။

ခုတလော ည ၈ နာရီ ဓါတ်ခွဲခန်းအဖြေမှာ ထပ်တိုးနေတဲ့Positive လူနာတွေက ရန်ကုန်ပြန်တိုင်း မဟုတ်ပေမဲ့ ရန်ကုန်မှ ပြန်ဝင်လာသူတွေချည်းပါပဲ။ အဲဒီအတွက် Covidထပ်ပြန့်ပွားမှု မဖြစ်အောင် ထိန်းချုပ် စစ်ဆေးပေးတာပါပဲ။

မိမိ နဲ့ မိမိ မိသားစုအတွက် ပိုပြီးတောင် Save ဖြစ်ပါသေးတယ်။ Q တပတ်ဝင်ပြီး Negative ဆို ပိုးကင်းစင်စွာနဲ့မိသားစုဆီ ပြန်လို့ရပါပြီး။

အဲဒီလို မွန်ပြည်နယ် ပြင်ပက ပြန်ဝင်လာသူတွေကို မည်သည့်ကားမဆို လာပို့လို့ရပါတယ်။ ဒါပေမဲ့ ပို့တဲ့ကားနဲ့ ကားသမား Save ဖြစ်ရအောင် ထိတွေ့မှုမရှိအောင်ခရီးသည် နဲ့ ယာဉ်မောင်းကြား အကန့်ကာထားရမယ်။

ပိုပြီးကာကွယ်စေချင်တဲ့အတွက် PPE ဝတ်ရမယ်။ အနည်းဆုံး Level-2 လောက်တော့ ဝတ်လာရမယ်။ တကယ်လို့ မဝတ်လာပဲ ဒီတိုင်းလာပို့ရင် ကိုယ်ပို့တဲ့ခရီးသည်က Positive ဆို ကားသမားတွေလဲ ထိတွေ့Contact တွေ ဖြစ်ပြီး လိုက်ကူးကုန်မှာစိုးလို့ပါ။

အဲဒီလို ကူးစက်ခံရရင် ခင်ဗျားတို့ ကားသမားတွေ နေ့စဉ်ပြန်ထိတွေ့နေတဲ့ ခင်ဗျားတို့ မိသားစုတွေ မိသားစုထဲကသက်ကြီးရွယ်အိုတွေ ရောဂါအခံရှိသူတွေကို ကိုယ်တိုင်သေတွင်းထဲ မြန်မြန်ပို့သလို ဖြစ်နေမှာပါ။

စားဝတ်နေရေးအတွက် လုပ်စားပါ။ လာပို့ခွင့်ရှိပါတယ်။ခိုးပို့စရာမလိုဘူး။ Ambulance ကားမှ မဟုတ်ဘူး။ကြိုက်တဲ့ကားနဲ့ပို့ပါ။ အခကြေးငွေလဲ ယူပါ။ ပြန်လာမဲ့သူလဲအဆင်ပြေတယ်။ ခင်ဗျားတို့ မိသားစုတွေလဲ ကားခရလို့စားဝတ်နေရေးအဆင်ပြေတယ်။

ဒါပေမဲ့ သတ်မှတ်ထားတဲ့အတိုင်း ခင်ဗျားတို့ရဲ့ကားတွေကိုယာဉ်မောင်းနဲ့ခရီးသည်ကြား အကန့်ကာပါ။ အနည်းဆုံးLevel-2 လောက် ဝတ်လာပါ။ အဲဒါဆို ရပါတယ်။ ခုဟာက ပြန်လာဖို့ ခက်ခဲတဲ့ပြည်သူတွေကို အခကြေးငွေ မတန်မဆယူ။ CBFQ ကို လာပို့ရင် ကိုယ်ပါ Q ဝင်ရမှာစိုးလို့ ခရီးသည်ပြည်သူတွေကို တံတားထိပ်မှာပစ်ချလိုက်။ လမ်းဘေးတွေမှာပစ်ချလိုက်ရပ်ကွက်တွေထဲ ခိုးပို့ပြီး ပြန်ပြေးသွားလိုက်နဲ့ သူတို့လဲဒုက္ခရောက်တယ်။

အဲဒီလူတွေက သက်ဆိုင်ရာ ရပ်ကွက်နေအိမ်တွေထဲ ပြန်သွားတဲ့အခါလဲ ခိုးနေလို့ ရတာမဟုတ်ဘူး။ ပတ်ဝန်းကျင်က သိလို့ အကြောင်းကြားတဲ့အခါ Q ပြန်ဝင်ရတာပဲ။ ဘယ်သူတွေ သွားခေါ်ရလဲဆိုတော့ ဒေသခံပရဟိတအဖွဲ့တွေကပဲ PPE တွေဝတ်ပြီး ခေါ်ပို့ပေးရရော။

နောက်ပြီး အဲဒီလူက Positive ဖြစ်သွားတဲ့အခါ သူတယောက်ထဲတင် မဟုတ်ဘူး။ မဆီမဆိုင် သူအိမ်ပြန်ရောက်ပြီး ထိတွေ့သွားတဲ့ မိသားစုဝင်တွေကပါ Contactထပ်ဖြစ်သွားလို့ Strict Home Q (၁၄)ရက် အိမ်ပိတ်အသွားအလာကန့်သတ်ခံထိရော။ အဲဒီကြားထဲကသူတို့ရဲ့ မိသားစုဝင်တွေထဲမှာ သက်ကြီးရွယ်အို ရောဂါသည်တွေပါလာရင် အသက်အန္တရာယ် ထပ်ထိခိုက်တဲ့အထိ ဖြစ်ပြန်ရော။

ဘယ်နေရာကောင်းလဲ။ ဘယ်နေရာမှ မကောင်းဘူးဗျာ။Covid ပိုးတွေကို ပြည်သူတွေကြား ထပ်ဖြန့်သလို ဖြစ်နေတာပေါ့။

ကျွန်တော်ပြောတဲ့ ကားသမားတွေထဲမှာ အိမ်စီးအဌားကားကုန်ကား ခရီးသည်တင် Express ကားမှ Ambulance တွေထိပါတယ်။ မလုပ်စားပါနဲ့။ နည်းလမ်းမှန်အတိုင်း ရှာစားပါ။

လက်ရှိ မွန်ပြည်နယ်ကြီးထဲကို ပြန်လာမဲ့သူတွေအတွက်တရားဝင် ပေးဝင်ထားပါတယ်။ Q ဝင်ပြီး စစ်ဆေးခံပါ။လာပို့တဲ့ ကားသမားတွေလဲ Ambulance မှ မဟုတ်ဘူး။တန်ရာတန်ကြေး ကားခယူပြီး ကြိုက်တဲ့ကားနဲ့လာပို့ပါ။ ခရီးသည်က ကျေနပ်ရင် စီးမှာပဲ။ ဒါပေမဲ့ လာပို့တဲ့ကားကို သတ်မှတ် အကာအကွယ်လုပ်ပြီးလာပို့ကြပါ။

ပြန်လာမဲ့ ခရီးသည်တွေအတွက် ပိုတောင်အဆင်ပြေသေးတယ်။ ခုလက်ရှိ မွန်ပြည်နယ်ထဲ ပြန်ဝင်မဲ့ အခြေအနေ အစီအစဉ်က တာဝန်ရှိသူတွေ နောက်ထပ်ညွှန်ကြားချက် တစုံတရာ မထုတ်ပြန်မချင်း ဒီအတိုင်းပါပဲ။ မွန်ပြည်နယ်ထဲ ပြန်လာသူမည်သူမဆို ပိုးကင်းစင်ကြောင်းPCR တကိမ် ဓါတ်ခွဲစစ်ဆေးခံဖို့ Q တပတ်ခန့် ဝင်ရပါမယ်။

Q ဝင်စရာမလိုဘူး။ ခိုးပို့မယ်ဆိုတာတွေကိုလဲ လက်မခံပါနဲ့တရားဝင် ပြန်ဝင်လာပါ။

ဇင်မိုး

မော်လမြိုင် RESCUE ကွန်ယက်

မော်လမြိုင် ၁၀ မြို့နယ်ဆောင် CBFQ စခန်း။