ကိုဗစ်ကုသရေး ဆုတ်ခွာစစ်ဆင်ပါပြီ
ကိုယ်ဖြစ်ကိုယ်ခံ
ယခု ပိတ်ရက်တွေမှာ Stay At Home နေပြီး ရောဂါ ကို အားလုံး စုပေါင်းပြီး အမြန် အမြစ်ဖြတ် တိုက်ဖျက်မှသာ အားလုံး အတွက် ဝမ်းနည်းစိတ်မချမ်းမြေ့ဖွယ် ကိစ္စတွေမကြုံရမှာပါ။သင်တို့ Mask တပ်ရင်တပ် မတပ်လဲနေစည်းကမ်းလိုက်နာနာ မနာနာ
အခြေအနေ အချိန်အခါပေါ်မူတည်ပြီးကျွနုပ်တို့ တိုက်ပွဲက ဆုတ်ခွာဖို့ ပြင်ဆင်ထားရတော့မည်။
ဆုတ်ခွာအဆင့် ၁
Contact တွေကို Facility Q မှာခွဲထားရာကနေ အိမ်မှာဘဲ Strict Home Q စေမယ်Home Q တွေကို rapid test kit နဲ့ တကြိမ်စစ်ပေးမယ် အဲဒီက Positive ကို သီးခြားခွဲထုတ်ပြီးဆေးရုံပို့မယ်
ဆုတ်ခွာအဆင့် ၂
Home Q ကစစ်ပြီးထွက်လာတဲ့ အသက်ငယ်တဲ့ Positive တွေကို အိမ်မှာဘဲ ဆက်ထားမယ် အသက် ၅၀ကျော်နှင့်ရောဂါအခံရှိသူတွေကို ဆေးရုံပို့မယ်
ဆုတ်ခွာအဆင့် ၃
Contact တွေကိုမစစ်တော့ပါအားလုံးကို Home Q ထားထားဖျားချောင်ဆိုးလျှင် ရောဂါရှိမရှိ စစ်ပေးမည်၊ အသက် ၆၀ အောက် ရောဂါအခံမရှိဆိုလျှင် ဆေးပေးပြီးအိမ်တွင်နေစေမည်။အသက် ၆၀ ကျော် ဆေးရုံပို.မယ်.
ဆုတ်ခွာအဆင့် ၄
ဖျားလျှင် အိမ်တွင်ဆက်နေ ဆေးသောက်ဖို့ ညွှန်ကြားပေးမည် မောလျှင် ဆေးရုံကိုအကြောင်းကြားအောက်စီဂျင်ဓာတ်တိုင်းကြည့်မယ် အောက်စီဂျင်ဓာတ်နည်းလျှင် ဆေးရုံကိုခေါ်ပါမည်ရောဂါစစ် ဆေးကုပေးမည်.
ဆုတ်ခွာ အဆင့် ၅
ကောင်းနိုင်ခြေမရှိသူတွေကို ဆေးရုံမခေါ်တော့ပါအသည်းအသန်လူနာထဲမှ ပြန်ကောင်းနိုင်ခြေရှိသူတွေသာ ဆေးရုံကိုခေါ်ဆေးကုပေးမယ်ကျန်သူတွေ အိမ်မှာ အောက်စီဂျင်ရှူပြီးနေခိုင်းမည်.
ယခုကျင့်သုံးနေတာ ဆုတ်ခွာအဆင့် ၁သိပ်မကြာခင်မှာ ဆုတ်ခွာအဆင့် ၂ ရောက်တော့မှာပါအဆင့် ၃ ထိ လည်း အခြေအနေအရ ရောက်သွားနိုင်တယ်အဆင့် ၄၊၅ က အကျွနုပ်တို့ မဖြစ်ချင်ပေမဲ့ အခြေအနေအရဝမ်းနည်းစွာ ကျင့်သုံးရမှာပါ။အဲဒီအဆင့်မရောက်အောင် ကာကွယ်ဖို့ သင်တို့တာဝန်သာဖြစ်ပါကြောင်းအသက်ကို ဉာဏ်စောင့်ပါသည် ။
လူတိုင်း Mask တပ် လူစုလူဝေးရှောင်ကြစို့စည်းကမ်းလိုက်နာကြပါစို့ ။
@Prof Dr Mar Mar Kyi
@Ma Wyne Depawaddy