ဗဟုသုတ

“မိုးကြိုးသွား ဆိုတာ တကယ်ရှိပါတယ်….ဒါပေမယ့် လူများစုထင်သလို ကောင်းကင်က ပစ်ချလိုက်တာ မဟုတ်ပါ”

Fulgurite ”ဆိုတာ ရိုးရိုးရှင်းရှင်းပြောရရင်( မိုးကြိုးသွား)ကိုခေါ်ဆိုတာဖြစ်ပါတယ်။

ကျွန်တော်တို့ ကလေးဘဝက သိခဲ့တာက မိုးကြိုးသွားဆိုတာ(ပုဆိန်)နဲ့ ဆင်တူတယ်လို့ပြောကြတယ်။

တကယ်တော့ မိုးကြိုးသွားဆိုတာ ပုဆိန်နဲ့လည်းမတူသလို…ချွန်ထက်တဲ့အရာနဲ့ကောင်းကင်ကနေတဆင့်မြေပြင်ကမ္ဘာ့သို့ ပစ်ချလိုက်တာလည်းမဟုတ်ဘူး။

မိုးကြိုးပစ်တယ်ဆိုတာ အီလက်ထရစ် ရှော့ခ်ရိုက်လိုက်တာလို့ဆိုလိုနိုင်တယ်။

တနည်းအားဖြင့် လျှပ်စီးလက်ခြင်း( Lightning strikes ) လို့လည်းခေါ်ဆိုတယ်။သာမာန် မိုးခြိမ်းပြီး ပုံမှန်လျှပ်စီးလက်တာဟာ ဘာမှမဖြစ်ပေမဲ့ ရာသီဥတုအလွန်ပူပြင်းတဲ့ဒေသမှာ သာမာန်ထက်ပိုသောအပူရှိန်ဖြင့်လျှပ်စီးလက်ခြင်းဟာ လူ၊ တိရိစ္ဆာန် သတ္တဝါများနှင့်အပင်များကိုထိ့မှန်ပါက အသက်သေဆုံးနိုင်ပြီး အပူရှိန်ကြောင့်မီးလောင်တာတွေလည်းဖြစ်နိုင်ပါတယ်။

မိုးကြိုးသွား’ဟု ထင်မြင်ယူဆထားသည့်အရာများဟာ ကောင်းကင်က ကျရောက်လာတဲ့အရာများမဟုတ်ပါ၊၊ဥပမာ မာကြောခက်ထန်တဲ့အရာပေါ်သို့ မိုးကြိုးလျှပ်စီးထိ့မှန်ပါက မှိုင်းကပ်၊မှိုင်းစွဲရုံကလွှဲပြီး မိုးကြိုးသွားဆိုတာကိုရှာမတွေ့နိုင်ပါ။

ဥပမာ ပင်လယ်ကမ်းခြေ၊ ဖန်ချက် ဆီလီကာ သဲသောင်ပြင်များပေါ်၌ မိုးကြိုးပစ်ချခံရပါက ထိုနေရာ၌ လျှပ်စီးအပူချိန်ကြောင့် ဖန်ချက် ဆီလီကာ သဲများဟာ အရည်ပျော်ပြီး ယခုပုံပါအတိုင်း ဖြစ်တည်လာပါတယ်။

အရောင်အားဖြင့်လည်းမတူညီပါ၊အသွင်သဏ္ဍန်အားဖြင့်လည်းမတူညီပါ။

ဒါ့ကြောင့် မိုးကြိုးသွားဆိုတာ မရှိဘူးမဟုတ်ဘူး…ရှိတယ်..

အချို့က ပုဆိန်ပုံသဏ္ဍန်ဖန်တီးပြီး မိုးကြိုးသွားဟုပြောဆို၍ ဆေးကုစားနေတဲ့ လူလိမ်တွေလည်းရှိနေပါတယ်။

#ဘဝခါးခါး

#နော်ဂဲလယ်ထူး(စာပေပရဟိတ)

#GoodLuck

Viatzk