News

“ကူးစက်မှု 70% ပိုမြန်တဲ့ ကိုဗစ်သန္ဓေကွဲပိုးအသစ်က UK နိုင်ငံမှတစ်ဆင့် နောက်ထပ် (၃) နိုင်ငံသို့ ထပ်ပြန့်”

စတင်တွေ့ရှိတာက ယူကေနိုင်ငံဆိုပေမယ့် အခုနိုင်ငံသုံးနိုင်ငံကိုထပ်ပြန့်သွားပါတယ်။

🇩🇰 ဒန်းမတ်၊ 🇳🇱 နယ်သာလန်နဲ့ 🇦🇺 ဩစတေးလျနိုင်ငံတွေဆီရောက်လာတာပါ။

ပြင်သစ်၊ ဂျာမနီ၊ အီတလီစတဲ့ ဥရောပနိုင်ငံအချို့က ယူကေနိုင်ငံက လေကြောင်းနဲ့ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။

ကနေဒါ၊ အီရန်၊ ဆော်ဒီ၊ အိန္ဒိယ၊ ဟောင်ကောင်တို့ကလည်း ယူကေနိုင်ငံက ခရီးသွားအဝင်ကိုလက်မခံပါဘူး။

#ဘာလို့နိုင်ငံတွေကထိတ်လန့်နေသလဲ⁉️

▪️အခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်က ၇၀ ရာနှုန်းအထိ #ပိုမိုကူးစက်ဖို့လွယ်ကူနိုင်တယ်လို့ဆိုပါတယ်။

၇၀ ရာနှုန်းပိုကူးနိုင်တယ်ဆိုတာက အရင်ကလူ ၁၀၀ ကိုကူးစက်ချိန်မှာ အခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်က လူ ၁၇၀ အထိကူးစက်နိုင်တယ်လို့ မြင်ပါတယ်။

သဘောကမြန်မာနိုင်ငံသာရောက်လာရင် အခုကူးစက်နှုန်းထက်လူများများကိုမြန်မြန်ပိုကူးစက်နိုင်တယ်။

တစ်ရက် ၁၀၀၀ တွေ့ရင် အဲ့ဒီဗိုင်းရပ်စ်သန္ဓေကွဲအသစ်ရောက်လာရင် တစ်နေ့ ၁၇၀၀ အထိတက်ကူးသွားနိုင်တယ်။

နောက်ရက်ကို အဆများစွာတက်လာပြီ။

🦠 ဗိုင်းရပ်စ်ကသစ္စာရှိစွာနဲ့ တစ်နေ့ငါဒီလောက်ပဲကူးပြီးရင် #ငါတာဝန်ကျေပြီလို့ မလုပ်မရှုပ်မပြုတ်လုပ်မယ့်အမျိုးမဟုတ်ဘူး။

အရင်ကလည်း #ဗိုင်းရပ်စ်သန္ဓေကွဲအသစ်တွေပေါ်ဖူးတယ်မလား⁉️

ပေါ်ဖူးပေမယ့် အခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်လောက်မြန်မြန်နဲ့များများမကူးစက်ဖူးဘူး။

မြန်မြန်ကူးရင် လူသေနှုန်းလည်းတက်လာနိုင်တယ်။

ဒါကြောင့်ကြောက်ကြတာ။

အခုတောင်မှ မြန်မာနိုင်ငံကအလူးအလဲခံနေရတယ်။

မနေ့ကတောင်ကျနော့်အသိထဲက မိသားစုလိုက် ခလေးသေးသေးလေးပါ positive ဖြစ်သွားတယ်။

ကိုဗစ်ကိုခပ်ပေါ့ပေါ့လို့ သဘောထားပြီး စားလိုက်သွားလိုက် Mask #အတုလေးပါးပါးလေးနဲ့ တာဝန်ကျေတပ်ပြီး လမ်းသလားပြီးတော့မှ အခုမှကြောက်နေလေရဲ့။

ကိုဗစ်နောက်ဆက်တွဲထီပေါက်ရင် မသက်သာပါ။ ကိုဗစ်က လူ့ကိုယ်ခန္ဓာကို ခပ်ကြမ်းကြမ်းဖျက်ဆီးတတ်ပါတယ်။

#လက်ရှိကာကွယ်ဆေးနဲ့တားဆီးနိုင်မလား⁉️

💉 လက်ရှိကာကွယ်ဆေးနဲ့ တားဆီးကာကွယ်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

အခုကိုဗစ်ဗိုင်းရပ်စ်သန္ဓေကွဲအသစ်စတွေ့တာက ယူကေနိုင်ငံမှာ – ကာကွယ်ဆေးကမ္ဘာမှာကျယ်ကျယ်ပြန့်ပြန့်စထိုးတာလည်း ယူကေနိုင်ငံမှာ။

အဲ့ဒီတော့ Pfizer ရဲ့ mRNA ကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ကို ကာကွယ်နိုင်မလားဆိုတာ #မကြာခင်သိရမှာပါ။

ဘာလို့လက်ရှိကာကွယ်ဆေးကအခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်ကို #ကာကွယ်နိုင်မယ်ထင်တာလဲ⁉️

ကာကွယ်ဆေးက လူ့ကိုယ်ခန္ဓာကနေ antibodies ပဋိပစ္စည်းတွေထွက်စေပါတယ်။

အဲ့ဒီပဋိပစ္စည်းတွေက ကိုဗစ်ဗိုင်းရပ်စ်ရဲ့ spike protein ရဲ့နေရာများစွာကို ကာကွယ်တားဆီးပေးမှာပါ။

သန္ဓေကွဲဖြစ်စေတဲ့ နေရာလေးတစ်ခုက ပရိုတိန်းအပြောင်းလေး (single change) ဟာ နေရာများစွာကိုကာကွယ်ပေးနေမှုကို ပြဿနာမရှိနိုင်ဘူးလို့ ယူဆရပါတယ်။

#သိပ္ပံပညာရှင်တွေဘာလုပ်နေကြသလဲ⁉️

🧫🧬 ဓာတ်ခွဲခန်းထဲမှာ အခုဗိုင်းရပ်စ်မျိုးကွဲအသစ်ကိုမွေးကြည့်ပြီး သူ့ရဲ့တုန့်ပြန်မှုကိုလေ့လာနေတယ်။

antibodies response တူမလား❓

ကာကွယ်ဆေးကကာကွယ်မှုပေးနိုင်မလား❓ဆိုတာတွေစမ်းသပ်နေတယ်။

အခုလိုစမ်းသပ်မှု process ပြီးမြောက်ဖို့ #နှစ်ပတ်အထိကြာနိုင်တယ်။

တဖက်ကလည်း အခုလိုဗိုင်းရပ်စ်သန္ဓေကွဲခြင်းဟာ ကိုဗစ်ရောဂါကပ်ကြီးရဲ့ အခြေအနေကို စောင့်ကြည့်ရာမှာအသုံးဝင်တဲ့ အဆင့်အခြေအနေမှတ်ရာ barcode လိုမျိုးအသုံးဝင်လာနိုင်ပါတယ်။

#ကျနော်တို့ဘာလုပ်ရမလဲ⁉️

ကိုယ့်နိုင်ငံထဲမရောက်လာဖို့ အားလုံးလေဆိပ်ကသန့်ရှင်းရေးဝန်ထမ်းလေးကအစ #တာဝန်သိစွာနဲ့ဝိုင်းဝန်းကာကွယ်တားဆီးကြပေါ့။

အိန္ဒိယမှာရောဂါအကြီးအကျယ်ဖြစ်နေမှန်းသိသိနဲ့ NGO ကလို့ဆိုလိုက်တာနဲ့ Q #လုံးဝမဝင်ခိုင်းပဲလွှတ်ပေးခဲ့တဲ့ ဖြစ်ရပ်မျိုးထပ်မဖြစ်စေနဲ့ပေါ့။

​အရေးအကြီးဆုံးက ကိုဗစ်နဲ့ပတ်သက်လာရင် လက်မြန်ခြေမြန်နဲ့ လက်ဦးမှုယူပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချကိုချရပါမယ်။

ပြည်သူတွေဘက်ကဒီ့ထက်အများကြီး ပိုစည်းကမ်းရှိဖို့လိုနေပါပြီ။

လော်လီကားအပြည့် လူတင်ပြီး mask 😷 တပ်တဲ့သူက သုံး လေး ယောက်လောက်ပဲပါတာ မြင်ရတာအလွန်စိတ်ပျက်ပါတယ်။

ဓာတ်လှေခါးထဲမှာ mask လုံးဝမတပ်ပဲအတက်အဆင်းလုပ်နေသူတွေကို ယနေ့မနက်အထိတွေ့နေရပါတယ်။

ရန်မဖြစ်မိအောင်အတော်သတိထားနေရပါတယ်။

#လုံးဝစည်းပျက်ကမ်းပျက်နေနေကြသလိုအရေးယူတဲ့သူလည်းမရှိကြပါ။

အရေးယူမှုမရှိရင်ဘယ်သူမှစည်းကမ်းလိုက်နာမှာမဟုတ်ဘူး။

ပြန်ပြောပါမယ်။

#အရေးယူမှုမရှိရင်ဘယ်သူမှစည်းကမ်းလိုက်နာမှာမဟုတ်ဘူး။

ဒီကြားထဲမှာ ကိုဗစ်အတွက်အရေးတကြီးလိုနေတဲ့ပစ္စည်းလှူရာမှာ အလှူလက်ခံရရှိရေးတာဝန်ရှိသူတွေက မလုပ်မရှုပ်မပြုတ်နဲ့ ဘော်လီဘောပုတ်နေတာကို ကျနော်အတော့်ကို သည်းခံနေရပါတယ်။

အဲ့ဒီတော့ – ဒီလိုနိုင်ငံကို ၇၀ ရာနှုန်းအထိပိုကူးနိုင်တဲ့ ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ရောက်လာရင်မလွယ်ပါ။

ကျနော်ပါးစပ်ပိတ်ထားတာအများကြီးပါ။

Richard Myo Thant

21-December-2020