ခုရက်ပိုင်းမှာ မြင့်မြတ်ရဲ့ ဖခင်ဖြစ်သူကို မီဒီယာတစ်ခုက အင်တာဗျုးလုပ်ခဲ့ပါတယ်…မြင့်မြတ်ရဲ့ ဖခင်ဟာ ခုချိန်မှာ တက်စီမောင်းပြီး ဝင်ငွေရှာနေရတာဖြစ်ပါတယ်…ပြီးတော့ အင်တာဗျုးမှာ မြင့်မြတ်ရဲ့ ဖခင်က စိတ်ကျရောဂါရှိတယ်လို့ ပြောသွားတဲ့ အပြင် သားဖြစ်သူ မြင့်မြတ်ကိုလည်း သူဖုန်းဆက်တဲ့ အချိန်လေးမှာတော့ ဖုန်းကိုင်စေချင်တယ်လို့ ပြောသွားပါတယ်
ဒီကိစ္စနဲ့ပတ်သတ်ပြီး ခုရက်ပိုင်းမှာ သရုတ်ဆောင် မြင့်မြတ်ဟာ တော်တော်ဝေဖန်ခံနေရပါတယ်….နောက်ကွယ်မှာ ဘယ်လိုအေကြာင်းအရာတွေ ရှိတယ်ဆိုတာ မသိရပေမယ့် မြင့်မြတ်တို့ မိသားစုအကြောင်းကို သိတဲ့ သရုပ်ဆောင် ဂျုးဂျုးပန်ထွာကတော့ ခုလိုရေးသားထားပါတယ်
” မင်းသားမဖြစ်ခင်ကတည်းက သူငယ်ချင်းတွေ ။ ကိုယ့်ထက်အသက်ကြီးပေမယ့် မောင်နှမအရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ ။ မြင့်မြတ်တို့ မြောက်ဒဂုံမှာ အိမ်ပိုင်နဲ့ နေနိုင်တာတောင်မကြာသေးဘူး။ အရမ်းကြိုးစားပြီး အရမ်းရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ။
ကိုယ်ဘာလို့သိလည်း သူတို့နဲ့ ၆ လလောက်တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ ။ အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့်ဖျက်ပြီး စတိုးဆိုင်ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမမှာနေတဲ့လူတိုင်းသိပါတယ်ဦးလေးက Taxi မောင်းတယ် ။
နောက်ပိုင်းမင်းသားဖြစ်လာတော့ မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေးတယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ် မမောင်းဖို့ ပြောပေမယ့်မရတော့ မိဘ စိတ်ချမ်းသာပါစေဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာကိုလည်း ကြိုသိပြီးသားပါ ။
တစ်ကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ။ မိသားစုဝင်လိုဖြစ်နေလို့ အားလုံးသိနေတာပါ။ Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ထင်သားပါ။
တစ်လ သိန်း ၃၀ ပေးပြီးတဲ့ အပြင်ဝယ်ပေးထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေ လည်းရှိပါတယ်။ မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ။
လိုအပ်မှ ဝင်ပြောပေးတော့မယ်ဟာ fighting သူငယ်ချင်းတို့ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီးကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင်ဘုရားသိပါတယ် Fighting နော် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Swelsone News