ဂုဏ်ပြုထိုက်တဲ့ ပန်းရောင်ဆရာမလေး
ပိုးကူးစက်ခံရသဖြင့် မိခင်ဖြစ်သူနှင့်အတူ ပဲခူး (ကလိ) ဆေးရုံကိုဗစ်ကုသဆောင်တွင်အတည်ပြုလူနာအဖြင့်ဆေးကုသမှုခံယူနေရာမှ Volunteer အဖြင့်ယင်းဆေးရုံတွင် အသက်ကြီးသူများအားပြုစုပေးနေသူ အိမိုးထွေး အား We Love Bago Founder ဦးတင်စိုးမှ ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကို ယနေ့ (၁၉.၁၂.၂၀၂၀) မှာ ဂုဏ်ပြုပေးအပ်သည်။
ဇိုင်းဂနိုင်ကြီးကျေးရွာနေ မအိမိုးထွေးသည် လွန်ခဲ့သည့်တစ်လအကြာက ပိုးကူးစက်ခံရပြီး မိခင်နှင့်ကလိဆေးရုံတွင်ဆေးကုသမှုခံယူနေရာမှ မိခင်ဖြစ်သူယင်းဆေးရုံတွင်ကိုဗစ်ရောဂါဖြစ်ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်းတွင် စိတ်ဓာတ်မကျ အိမ်မပြန်ပဲ ဆေးရုံတွင် ဘဝတူကိုဗစ်လူနာများအား Volunteer အနေဖြစ်ပြုစုပေးနေခြင်းဖြစ်သည်။
မိခင်ကွယ်လွန်သွားတော့ အိမိုးထွေးကဆေးရုံမှာ ဆက်လက်ကုသမှုခံယူပြီး သူကိုယ်တိုင်ကုသမှုခံယူရင်းဘဝတူကိုဗစ်လူနာများကိုကုသမှုစင်တာက ဆရာဆရာမများလမ်းညွှန်မှုအတိုင်း ဝိုင်းဝန်းပြုစုပေးနေတဲ့အတွက်လူနာများကြားမှာ ပန်းရောင်ဆရာမလေးဟုဂုဏ်သတင်းကျော်ဇောနေသူဖြစ်တယ်ဟု ကလိဆေးရုံတာဝန်ခံကပြောကြားသည်။
အိမိုးထွေးရဲ့အဓိက ဂုဏ်ယူစရာစွမ်းဆောင်ချက်ကတော့ ဈေးပိုင်း(၁၈) လမ်းမက အဖွားအရွယ် အဖွားသန်းအားပြုစုစောင့်ရှောက်ဘို့လိုအပ် နေတဲ့အချိန်မှာမိခင်ရင်းလို့ပြုစုစောင့်ရှောက်မှုပေးတဲ့အတွက်အဖွားသန်းကကိုဗစ်ရောဂါဆိုးကိုအနိုင်ယူနှိုင်ခဲ့တယ်ဟု ပဲခူးမြို့နယ်ကိုဗစ်ကာကွယ်ရေးကော်မတီမှ ဦးကိုနိုင်ကပြောကြားသည်။
ဒီနေ့တော့သူ့ရဲ့လှုမှုဝန်ထမ်းစိတ်ဓာတ်ကိုလေးစားလို့ We Love Bago Founder ဦးတင်စိုးက ကျပ်ဆယ်သိန်းတန်ဆွဲကြိုးတကုံးနှင့် We Love Bago charity organization ဂုဏ်ပြုလွှာတစ်စောင်ပေးအပ်ဂုဏ်ပြုချီးမြှင့်တာဟု ဦးကိုနိုင်ကပြောကြားသည်။
အိမိုးထွေးသည် ကလိဆေးရုံတွင် စေတနာဝန်ထမ်းဘဝဖြစ် ဘဝတူကိုဗစ်လူနာများအားဆက်လက်ပြုစုပေးလျှက်ရှိသည်။
Love Bago